Wednesday 27 July 2011

ယူအက်စ် အွန်လိုင်း အသုံးပြုသူများ စိတ်ကျေနပ်မှု လျော့ကျလာသည့် ဖေ့စ်ဘုတ်ခ်

by Melven Than on Wednesday, July 27, 2011 at 9:32pm

 ဆန်ဖရန်ဆစ်စကို ။ ။ လွန်ခဲ့သည့် အင်္ဂါနေ့က ထုတ်ပြန်လိုက်သည့် သုတေသန ရလာဒ်များအရ အမေရိကန် ပြည်ထောင်စု ရှိ အွန်လိုင်းအသုံးပြုသူများ ၏စိတ်ကျေနပ်မှု ကိုတိုင်းတာရာတွင်Facebook မှာ ကျေနပ်မှု အနည်းဆုံး ရရှိခဲ့သည့် ဝက်ဆိုဒ် တစ်ခု ဖြစ်ကြောင်း တွေ့ရှိခဲ့ ရပြီး အဆိုပါသတင်းမှာ အမေရိကန် ရှိ ကုမ္ပဏီပေါင်း ၂၀၀ကို စစ်တမ်း ပြုစုရာမှရရှိလာခြင်းဖြစ်သည်။


၂၀၁၁ ခုနှစ်၏ အမေရိကန်စားသုံးသူ စိတ်ကျေနပ်မှုတိုင်တာရေး အညွန်းကိန်း အရ E- Business Report မှပြောရာ ၌ Facebook မှာ ကုမဏီပေါင်း ၁၀၀ တွင် ၆၆ ခုနေရာတွင်သာရှိပြီး လူမှုရေး ကွန်ယက်ဝက်ဆိုဒ် များသာမက အခြား အမျိုးအစားများတွင်လည်းသုံးစွဲသူ များ၏ကျေနပ်မှု ကို မဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။

ယခုလို စစ်တမ်းမှတစ်ဆင့် Facebook အနေဖြင့် Google + နှင့် ယှဉ်ပြိုင်မှု တွင်နောက်ကျကျန်ရမည့် အရေးကိုစိုးရိမ်နေရပြီဖြစ်သည်။ ခုလိုစစ်တမ်း အရ အွန်လိုင်း စွယ်စုံကျမ်း ဖြစ်သည့် wikipedia မှာ ၇၈ မှတ်ဖြင့် ထိပ် ဆုံးတွင် ရှိပြီး You Tube မှာ၇၄ မှတ်ရရှိခဲ့သည်။


source : xinhuanews/mrtv-4

No comments: