Tuesday 20 December 2011

Ƹ̵̡Ӝ̵̨̄Ʒ ငြိမ်းချမ်းခြင်းကဗျာ Ƹ̵̡Ӝ̵̨̄Ʒ



Ƹ̵̡Ӝ̵̨̄Ʒ ငြိမ်းချမ်းခြင်းကဗျာ Ƹ̵̡Ӝ̵̨̄Ʒ

သင့်တောင်ပံအောက်က လေမှာ
ငြိမ်းချမ်းရေးရနံ့ ဆိုတာရှိလေရဲ့

သင်ပျံသန်းနေတဲ့ကောင်းကင်ဟာ
ငြိမ်းချမ်းရေးမိုးပြာရောင်
ရှိလေရဲ့

သင့်တောင်ပံတွေ ခတ်တိုင်းမှာ
"ငြိမ်းချမ်းရေး"ထစ်ချုံးသံသာ ပဲ့တင်ထပ်နေခဲ့

သင်ဟာ ငြိမ်းချမ်းခြင်းသစ္စာ
သင်ဟာ ငြိမ်းချမ်းခြင်းမေတ္တာ
သင်ဟာ ငြိမ်းချမ်းခြင်းကဗျာ
သင့်ဝိဥာဏ်ဟာ ပကတိငြိမ်းချမ်းခြင်းကဗျာ ။......။

လှိုင်ဘွား / ၈၈ - ၂၀၁၁

Ƹ̵̡Ӝ̵̨̄Ʒ ဒီမိုကရေစီနှင့်လူ့ အခွင့်အရေးတိုက်ပွဲတွင် ကျောင်းထဲ မြောင်းထဲ
ထောင်ထဲ တောထဲတွင် အသက်စွန့် ခဲံရသော (၈၈) ညီအစ်ကိုမောင်နှမ
အားလုံးအတွက် -

No comments: