- 08 February 2014 |
- By Health Digest
လက်ဖက်ခြောက်မှာ ရှိတဲ့ ဓာတ် ပစ္စည်းတွေက ကိုလက်စထရောလ် ဓာတ်တိုးခြင်း ခံရမှုကို ကာကွယ်ပေး တယ်။ ကိုလက်စထရောလ်က ဖရီး ရယ်ဒီကယ်များ (free Radicals) နှင့် ထိတွေ့တဲ့ အခါ ဓာတ်တိုးခြင်း ဖြစ်လာတယ်။ယင်းဖြစ်စဉ်က ကိုလက် စထရောလ်ကို သွေးလွှတ်ကြောနံရံ များမှာ ပိုပြီးကပ်ငြိစေတယ်။ ဒါက နှလုံးရောဂါဖြစ်ဖို့ လမ်းကြောင်းပေါ်က ခြေတစ်လှမ်းပဲ။ ဒတ်ခ်ျသုတေသီတွေ အစီရင်ခံထား တာကတော့ Flavonoidas အများဆုံး စားသုံးတဲ့ အမျိုးသားတွေက ယင်းဓာတ်ပစ္စည်း အနည်းဆုံးရရှိတဲ့ အမျိုးသားတွေထက် နှလုံးရောဂါကြောင့် သေဆုံးမှု ၅၈ ရာခိုင်နှုန်း ပိုနည်းကြောင်း ဖြစ်တယ်။ Flavonoidas ဆိုတာက လက်ဖက် ခြောက်မှာပါတဲ့ ပေါ်လီဖီနောလ်များ (Polyphenols) ပါဝင်တဲ့ ဓာတ်ပစ္စည်း မိသားစုတစ်စု ပဲဖြစ်တယ်။
လေ့လာမှု မှာ အကျန်းမာဆုံးဆိုတဲ့ အမျိုးသား တွေက လက်ဖက်ရည်ကြမ်း တစ်နေ့ ၄ ခွက်လောက် သောက်ကြောင်း တွေ့ရတယ်။
No comments:
Post a Comment