Sunday 9 February 2014

ကျိန်စာ

"ဘ၀ဆိုတာ
အနာ၊ ဒဏ်ရာနှင့် ဝေဒနာတွေ
စုထွေရစ်လျှားနေတဲ့
ကျိန်စာသင့်ခြင်းတစ်ခုလား"
......
ထိုကျိန်စာဖြင့် ဆင့်ပတ်ရစ်တင်၍
တမြေ့မြေ့ကျွမ်းလောင်နေရခြင်း၌
အမြိုက်ခံ ရွေ့ယှဉ်နေရခြင်းသည်ပင်
လူ့ရှင်သန်ခြင်း သဏ္ဍန်များလား။ 

ထိုထက်မက
ပြောကြလှသည့် အချစ်ဟူသည်ပင်
တစ်နွယ်ငင် တစ်စင်ပါလျှက်
အနှီရက်စက်ခြင်းတို့နှင့်မကွဲမကွာ
အဖန်ခါခါ ကျိန်စာသင့်ရခြင်းသည်လည်း
ကျိန်စာတစ်ခုလေလား။
......
ကျိန်စာများ ဝေးစေသတည်း။


No comments: