Friday 12 August 2011

လူမှုရေးအသိစိတ်ရှိသူများ

 POSTED BY လင်းယုန် မဂ္ဂဇင်း ⋅ JUNE 22, 2011 ⋅ LEAVE A COMMENT လူအမျိုးမျိုးရှိကြရာမှာ အတ္တစိတ် အားကြီးသူတွေနှင့် ကိုယ့်အရေးထက် သူများ တကာအတွက် ပိုအလေးထားသူတွေရယ်လို့ ရှိကြပါတယ်။ လူမှုရး အသိစိတ်ရှိ သူတွေဟာ သူများတကာရဲ့ ကောင်းကျိုးကို အလေးထားသူ တွေလို့ဆိုရမှာပါ။ သူတို့တွေဟာ ကိုယ်ကျိုးကိုမငဲ့ဘဲ တစ်ပါးသူစိတ်ချမ်းသာဖို့ သာ အဓိကရည်ရွယ် တာကြောင့်ပါပဲ။ ဒီတော့
ကိုယ့်အတွက် စိုးရိမ်သောက ဖြစ်တာတွေ လျော့ပါးပြီး စိတ်အေးချမ်း ကြည်လင်မှုကို ရရှိခံစား တတ်ကြပါ တယ်။ လူမှုရေးအသိစိတ် ရှိဟူဟာ အများသူငှာနှင့် ပေါင်းသင်းဆက်ဆံရာမှာ အဆင်ပြေတယ်။ အကျိုးသင့် အကြောင်းသင့်နှင့် စဉ်စဉ်းစားစား ဆောင်ရွက် တတ်တယ်။ လူမှုရေး အသိစိတ်ရှိ သူတစ်ဦးဖြစ်လာဖို့ လိုက်နာကျင့်ကြံ သင့်တယ့် အချက်အလက်တွေအများအပြား ရှိပါတယ်လို့ ပညာရှင်တွေက အကြံပြုထားပါတယ်။ တစ်စုံတစ်ယောက်ကို မနှစ်မြို့တာ မလိုမုန်းထားတာထက် ကျေနပ် လက်ခံနိုင်တဲ့ စိတ်ဓာတ်မျိုး မွေးမြူရပါလိမ့်မယ်။ ဒါ့အပြင် လူအများစု ကလည်း ကိုယ်ကို ကျေနပ် လက်ခံနိုင်ဖို့ လိုတယ်။ လူအများစုနှင့် ပတ်ဝန်းကျင်ရဲ့ အတင်းစကားဆိုမှုတွေကို အရေးတယူမလုပ်သင့်သလို သူတို့တွေရဲ့ ကိုယ့် အပေါ်သဘောထား အမြင် တွေကိုလည်း အလေးထားဖို့ မလိုအပ်ပါဘူး။ လူအများရှေ့မှာ ကိုယ့်ကို ကိုယ်မ ထိမ်း နိုင်ဘဲ ဒေါသတကြီးဖြစ်မိတဲ့အခါ ကိုယ် တိုင်နောင်တရပြီး စိတ်ပျက် လက် ပျက် ဖြစ်တတ်တယ်။ အရွယ်မရွေး လူတန်း စားမရွေးဘဲ ပေါင်းသင်းဆက်ဆံတတ်တာဟာ လူမှုရေးအသိစိတ်ရှိသူ တစ်ဦးရဲ့ အရည်အချင်းကောင်းတစ်ခုပဲပေါ့။ ကိုယ့်စိတ်နဲ့ သိပ်ပြီးအဆင်မပြေတဲ့ လူနှင့်ပြောဆိုတဲ့အခါ အတတ်နိုင်ဆုံး ချေချေငံငံ ပြောဆိုတတ်ဖို့လည်း လိုပြန်တယ်။ ဒါ့အပြင် ကိုယ့်ဘက်က ပေးသင့်ပေးထိုက်တဲ့ အကူအညီကို ပေးရမှာလည်း ၀န်မလေးဘူး။ သူများစိတ်ဆင်းရဲအောင် ဆက်ဆံတာ၊ ပြုမူတာကိုတော့ လူမှုရေးစိတ် ရှိသူဟာ အမုန်းဆုံးပါပဲလို့ ဆိုရမယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်စုံတစ်ခု ပြောမယ် လုပ်မယ် ဆိုတိုင်း တစ်ဖက်သားရဲ့ဘက်က ခံစားနားလည်ပေးလို့ ပဲပေါ့။ တစ်စုံတစ် ယောက် ရဲ့ စိတ်သဘောထား ကွဲပြားသည့်တိုင် အခင်မပြတ် ပြောဆိုတတ်တယ်။ တစ်ခါတစ် ရံ မှာပေါ့ ကိုယ့်ဘက်က မှားသွားမယ်ဆိုရင် တုံ့ဆိုင်းမနေပဲ ချက်ခြင်းဆို သလို တောင်းပန်တတ်တဲ့ အကျင့်ကောင်းလေး ရှိတယ်။ ရယ်မော ဖွယ် ရာ ဟာသတစ်ခုခုကို စိတ်အနှောက်အယှက်နှင့် ရှက်ရွံ့ခြင်းမရှိဘဲ ပျော်ရွှင်ခံစားတတ်ပါတယ်။ စကားပြောဆို ဆက်ဆံတဲ့အခါမှာ ကိုယ်သိပ်ပြီးစိတ်ဝင်စားမှု မရှိတဲ့အ ကြောင်းအရာမျိုး ကြုံတတ်ပါတယ်။ ဒါပေမဲ့ လိုက်လျှောညီထွေ တုံ့ပြန်ဆွေးနွေးနိုင်တဲ့ အရည်အသွေးမျိုးရှိပါတယ်။ စိတ်ပါဝင်စားမှု မရှိတဲ့အကြေားအရာတစ်ခုခုအတွက် မျက်နှာအမူအရာ ပျက်နေတာမျိုး ဘယ်တော့မှမဖြစ်တတ်ပါဘူး။ နောက် တစ်ခုရှိ တာက ကိုယ်တိုင် စကားပြောတဲ့အချိန်ထက် သူများ ပြောတာကို နားထောင်ချိန်ပိုပြီး ပေးတတ် ပါတယ်။ တစ်ခါတစ်ရံမှာ အပေါင်းအသင်တွေနှင့် ၀ိုင်းဖွဲ့ပြောတဲ့အခါ တစ်ခြား တစ်ဦး က စကားဝိုင်းကို ဦးဆောင်ပြောဆိုမယ်ဆိုရင် သူရဲ့ထင် ပေါ် ကျော်ကြား မှုနှင့် ဦးဆောင်နိုင်မှုကို ကျေကျေနပ်နပ်ကြီး ၀မ်းသာပေးနိုင်တာပါပဲ။ ကတိ တစ်ခုကို လွယ်လွယ် မပေးတတ်သလို ပေးထားတဲ့ ကတိကိုတော့ ပျက်ကွက် လေ့မ ရှိဘူး။ ကတိ တည်နိုင်အောင် ကြိုးစားတယ်။ သူများတကာတွေအပေါ် သနားကြင် နာစိတ် ဖြစ်ပေါ်သလောက် ကိုယ်ရောစိတ်ပါ ပူးပေါင်းကူ ညီလေ့ရှိ တယ်။ ကိစ္စ တစ်ခုခုကို ဆောင်ရွက်မယ်စိတ်ကူးရင် ကိုယ်တိုင်တစ်ဦးတည်း ဆောင်ရွက် ဖို့ထက် စုပေါင်းဆောင်ရွက်ဖို့ ပိုပြီးအားသန်တယ်။ အပေါင်းအသင်း မိတ်ဆွေတွေနဲ့ ခင်မင်ရင်းနှီးရတာ ၀မ်းသာအားရဖြစ်လေ့ရှိတယ်။ ဖော်ပြပါ အရည်အသွေးတွေကို အနည်းနှင့်အများ ပိုင်ဆိုင်တဲ့လူမှုရေး စိတ်ရှိသူတစ်ဦးဟာ လူချစ်လူခင်ပေါပြီး အများရဲ့ အားကိုးအားထားပြုခြင်းကို ခံရတတ်တယ်။ ဒီတော့ဘ၀မှာ အောင်မြင်သူ တစ်ဦးပါပဲဆိုတဲ့အကြောင်း Htet Aung

No comments: