- မြို့ထဲကို ၀င်လိုက်တာနဲ့
- ကာမဂုဏ်ကို အရက်နဲ့ မြည်းနေတဲ့ အနံ့ကထောင်းခနဲ
- ခေတ်အဆက်ဆက် စီးဆင်းလာတဲ့ မြို့တော်ဟာ
- ခင်ဗျားလက်ထက်ကျမှ မီးတင်ရှို့ခံရတဲ့ အဖြစ်
- ဒီမယ် နီရိုး
- ဘ၀ဆိုတာ လွင့်နေတဲ့ စိတ်နဲ့
- ပြည့်တန်ဆာ တန်းမှာ လမ်းသလားမှုလား
- တစ်ခွက်ပြီးတစ်ခွက်
- မမူးမချင်း မျက်ရည်စက်တွေ သောက်နေရတဲ့ အဖြစ်လား
- အကျဉ်းသားတွေကို ၀ိညာဉ်ချင်း ကစားစေတဲ့ ကစားကွင်းလား
- ဘဏ္ဍာတိုက်ကိုလက်တဆုံး နှိုက်ခြင်း
- ဟောဒီ အရပ်မှာနယ်ကျွံလာတဲ့ သားကောင်ဆိုတာ
- စက်ကွင်းမျိုးစုံကို ကျော်နိုင်ခဲ့ရင်တောင်
- အသိုက်ဆီ ပြန်ခွင့်ရတဲ့ အတောင်ကျိုး ခွာပြတ်ဘ၀။
- နီရိုး....
- အနုပညာသမားဆိုတာ
- ကိုယ့်အနာကို သူတစ်ပါးမျက်ရည်နဲ့ ဘယ်တော့မှ မဆေးဘူး..
- အခုကြည့်
- စက်တော်ခေါ်နေတဲ့ ခင်ဗျားအပါး
- အစောင့်တွေ ဘယ်ဆီမှာ
- ကိုယ်ပျိုးတဲ့ပန်း ကိုယ်ပန်ရတဲ့ အဖြစ်မှာ..
- အကြောက်တရားက ကိုယ့်လည်မျိုကို ဓားနဲ့ထိုးလို့
- တောစီးသွားတဲ့ တောကြီးထဲ။ ။
ဇော်မိုးသစ်
1 comment:
သိပ်ကြိုက်တယ်။
Post a Comment