သခင့်သို့ တမ်းချင်း
အဖြူစင်ဆုံးသော မေတ္တာဖြင့် သံယောဇဉ်ချဉ်ခဲ့သည်။ စက္ကန့်တိုင်း တမ်းမက်ရသော စိတ်အစဉ်ဖြင့် ဝိညာဉ်လွှမ်းခဲ့သည်။ ထိုစိတ်စေတသိဿ်တို့ ခြံရံလျှက် အမြတ်နိုးဆုံး၊အတွယ်တာဆုံးအဖြစ် သခင့်အား ချစ်မိခဲ့သည်။ လက်ရှိ အားနည်းချိန်နရီရောတို့၌ ဖြည့်စေတတ်သော နုညံ့လက်ဖုဝါးတစ်စုံအား လွမ်းများလွမ်းမိသည်။ သခင့် ၏ စွမ်းအားဖြည့်အနမ်းတစ်ပွင့်ကား အဘယ်တော့များ၌ ထိပိုင်ရအံ့နည်း။
အောက်မေ့ပေါ့ သခင်။
အဖြူစင်ဆုံးသော မေတ္တာဖြင့် သံယောဇဉ်ချဉ်ခဲ့သည်။ စက္ကန့်တိုင်း တမ်းမက်ရသော စိတ်အစဉ်ဖြင့် ဝိညာဉ်လွှမ်းခဲ့သည်။ ထိုစိတ်စေတသိဿ်တို့ ခြံရံလျှက် အမြတ်နိုးဆုံး၊အတွယ်တာဆုံးအဖြစ်
အောက်မေ့ပေါ့ သခင်။
1 comment:
တွေးလေတွေးလေ
စိတ်ဖြေရပ်နား မသွားတတ်နိုင်သရွေ့ ..
ရွေ့လေဦးတော့ ရာသီရယ်..
ပုံမှန်နေ့အိပ်မက် ရေးတစ်ဝက်၌
ရိပ်ထင်လှိုက်မော သခင့်ဇောနှင့်
မတင့်လှသည့်နေ့တွေချည်း...
Post a Comment