by Melven Than on Saturday, September 3, 2011 at 1:40pm
ကောင်မလေးတွေ ငိုကြတယ်။
ကောင်လေးတွေပါ ထပ်ငိုကြတယ်။
လူကြီးတွေက ထိုင်ကြည့်ရင်း မျက်ရည်တစမ်းစမ်း။
အလယ်အလတ် အသက်အရွယ် တစ်ချို့ကား
ထိုင်လျက်တစ်ချို့ ထလျက်တဖုံ ဝမ်းနည်းခြင်းကို
ကြိတ်မှိတ် မြိုသိပ်နေကြလေရဲ့။
အခန်းတစ်ခုလုံးဟာ ဧရာဝတီ အကြောင်း လုယက်ပြောဆိုကြပြီး သကာလ
တိတ်ဆိတ်ဆွံ့အ သွားကြတယ်။ အခန်းနံရံဝန်းကျင်မှာတော့ သူတို့ချစ်ရတဲ့
ဧရာဝတီ့ ပုံတွေပြည့်နှက်နေခဲ့တယ်။ တိတ်ဆိတ်နေတဲ့ အခန်းလေးထဲ
မိန်းကလေး တစ်ယောက်ရဲ့ 'အင့်' ခနဲ့ ရှိုက်သံတစ်ခု ထွက်လာတယ်။
နဂိုကမှငိုချင်ရက်ကို ထပ်မံလက်တို့လိုက်သလို ဖြစ်သွားတော့တယ်။
ယောက်ျားရင့်မာကြီးတွေ မျက်ရည်အစီစီ ကျကြလေပြီကော။
ပူဆွေးခြင်း ၊ စိတ်မကောင်းခြင်း နှင့် နှမြှောဝမ်းနည်းခြင်းတို့ရဲ့ ထိခိုက်ခံစားရမှုတွေက
အခန်းလေးကို မျက်ရည်တွေလွှမ်းနေစေခဲ့တယ်။
ဧရာဝတီ ဧရာဝတီရယ်။ သိပ်သနားတယ် တဲ့။
ညဉ်းသံရှိုက်သံတွေ ကျဆင်းထိခတ်နေကြခိုက်မှာပဲ
ကျွန်တော်ဟာ မျက်ရည်မထိန်းတော့ပဲ ချုံးပွဲချ ငိုလိုက်မိပါတော့တယ်။
ဧရာဝတီရယ် မျက်ရည်တွေနဲ့ သင့်ကိုကယ်တင်နိုင်မယ် ဆိုရင်
တစ်နေ့လုံး မျက်ရည်ကျပေးပါရစေ။ အသက်ပေးမှ ရမယ်ဆိုလည်း
အသက်ကိုပေးပါရစေတော့။
သင့်ကို မသေဆုံးစေချင်ပါ ဧရာဝတီရယ်... မသေဆုံးစေချင်ပါလေ။
လေးစားစွာဖြင့်
မုတ်သုံမိုးဦး
1:27 PM 9/3/2011
1 comment:
ဧရာဝတီကို အားလုံးကယ်မှ ဖြစ်မှာပါ။
ကျွန်တော်တို့ရဲ့ အမျိုးသားရေး တာဝန်တစ်ရပ်ပါပဲ။
ကျေးဇူး။
Post a Comment