by Htain Linn on Thursday, January 12, 2012 at 12:13pm
လူသည် သက်ရှိသတ္တဝါဖြစ်၏။ လူသည် အမှားအမှန် အကောင်းအဆိုးကို ဆင်ခြင်ဝေဖန်နိုင်စွမ်းရှိ၏။ ထိုထက်ပို၍ လူသည် ရည်မှန်းချက်ရှိသည့်အတိုင်း လုပ်ဆောင်နိုင်၏။
အထက်ပါအဆိုကို ကမ္ဘာပေါ်က လူများစုကြီးက လက်ခံပါလိမ့်မယ်။ ကမ္ဘာတဝန်းလုံးက တညီတညွတ်တည်း ဆုံးဖြတ်လက်ခံထားတဲ့ လူမှုအခွင့်အရေးဆိုင်ရာ ကမ္ဘာ့အဓိဋ္ဌာန်ပြု ကြေညာစာတမ်းမှာတောင် “လူတိုင်း၌ လူ့ဘဝ အခွင့်အရေး၊ လွတ်လပ်မှု အခွင့်အရေးနှင့် လုံòခံစိတ်ချရမှု အခွင့်အရေးများရှိသည်”လို့ ဖော်ပြထားသေးတယ်မဟုတ်လား။ ဒါပေမယ့် လူ့အခွင့်အရေးဆိုင်ရာ သဘောတူညီိချက်တွေကို အတည်ပြုခဲ့တဲ့ တချိန်တည်းမှာပဲ လွတ်လပ်တဲ့ နိုင်ငံဖြစ်လာတဲ့ နိုင်ငံတစ်ခုဟာ လူ့အခွင့်အရေးတွေကို ယနေ့အချိန်ထိ နှစ်ပေါင်းများစွာ ကျူးလွန်ဖောက်ဖျက် နေပေမယ့် ကမ္ဘာကြီးက လတ်တလော ဖြေရှင်းစရာ အရေးတကြီး ကိစ္စတစ်ခုလို့ သဘော မထားကြတာကတော့ တကယ့်ကို ရင်နာစရာ ကောင်းလှပါတယ်။ အဲဒီနိုင်ငံကတော့ ဗီယက်နမ်စစ်ပွဲကို အဆုံးသတ်ပေးခဲ့တဲ့ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် တစ်ယောက် ပေါ်ထွက်ရာ၊ လက်ရှိအချိန်မှာ အကျယ်ချုပ် အထိန်းသိမ်းခံထားရဆဲ ဖြစ်တဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင် တစ်ဦးတို့ မွေးဖွားရာ မြန်မာနိုင်ငံပဲဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတစ်ခု ဖြစ်ပေမယ့် အဖွဲ့ဝင် နိုင်ငံများ လိုက်နာကျင့်သုံးရမယ့် စည်းမျဉ်းစည်းကမ်းများ ကို မလိုက်နာတဲ့အပြင် နိုင်ငံသားများအပေါ် တကယ်တမ်းခွင့်ðပရမယ့် အခြေခံ အခွင့်အရေး များကိုလည်း ပိတ်ပင်တားမြစ်ထားပါတယ်။ နိုင်ငံနေရာ အနှံ့အပြားမှာလည်း အဓမ္မ အနိုင်ကျင့်မှုတွေ ပြည့်နှက်လျက်ရှိပါတယ်။ အဆိုးဆုံးကတော့ ယုံကြည်ချက်ကြောင့် နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်ရင်း စစ်အုပ်စုကို ဆန့်ကျင်သူများအပေါ် ဖိနှိပ်မှုများပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက အကျဉ်းထောင် ၂ဝ ကျော်မှာ နိုင်ငံရေးအကျဉ်းသားများကို ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်ပြီး အဲဒီလို ထိန်းသိမ်းထားသူတွေထဲမှာ အသက်အရွယ်မျိုးစုံနဲ့ ပညာရှင်များစွာ ပါဝင်ပြီး သေဒဏ် အစရှိတဲ့ ပြစ်ဒဏ်မျိုးစုံ ချမှတ်ထားခြင်း ခံနေကြရပါတယ်။ နိုင်ငံတကာက ယဉ်ကျေးတဲ့ လူ့အသိုင်းအဝိုင်းနဲ့ မတူဘဲ ထူးခြားတယ်လို့ ပြောနိုင်တဲ့ အချက် ကတော့ သူတို့ အားလုံးလိုလိုဟာ ကမ္ဘာ့လူ့အခွင့်အရေးဆိုင်ရာ ကြေညာစာတမ်း အပိုဒ် (၁ဝ)ပါ “အခွင့်အရေးများနှင့် တာဝန်ဝတ္တရားများကို အဆုံးအဖြတ်ခံရာတွင်၎င်း၊ ရာဇဝတ်ကြောင်း တရားစွဲဆိုခြင်း၌ အဆုံးအဖြတ်ခံရာတွင်၎င်း လူတိုင်းသည် လွတ်လပ်၍ ဂတိမလိုက်သော တရားရုံးတော်၏ လူအများရှေ့မှောက်တွင် မျှတစွာ ကြားနာစစ်ဆေးခြင်းကို တူညီစွာ ခံစားပိုင်ခွင့်ရှိသည်”ဆိုတဲ့ အချက်နဲ့ လုံးဝ မကိုက်ညီတဲ့ တရားရုံးတွေက ထင်သလို ပြစ်ဒဏ်ချမှတ်ခြင်း ခံထားရသူများ ဖြစ်ပါတယ်။ တချို့ဆိုရင် သူတို့ရဲ့ မျက်ကွယ်မှာ ပြစ်ဒဏ်စီရင်ခြင်း ခံထားရသူများ ဖြစ်ပါတယ်။