Friday, 16 December 2011

မို့မို့မြင့်အောင်ရဲ့ဖော်ပြမှု၊ပေါက်သီချင်းနဲ့ ဆင်ဆာ & ငြိမ်းချမ်းရေးဆွေးနွေးသည့် KPCကိုအာဏာပိုင်များစောင့်ကြည့်နေ & လွမ်းစိမ့်

by စူ နာ မီ လှိုင်း on Friday, December 16, 2011 at 8:59pm

->  ဇာတ်ဝင်ခန်းထဲက ပေါက်သီချင်း
->  ရုပ်ရှင်ဆင်ဆာ စည်းကမ်းပြောင်းပြီ
->  မုံရွာအောင်ရှင် ပုလဲ မဲဆန္ဒနယ်မှာ ဝင်ရောက် ယှဉ်ပြိုင်ဖွယ်ရှိ
->  ပြည်ထွက်ခွင့် (Departure stamp) တံဆိပ် ခတ်နှိပ်ရန် တိုးမြှင့်တောင်းခံ

မို့မို့မြင့်အောင်ရဲ့ ဖော်ပြမှု၊ ပေါက်သီချင်း နဲ့ ရုပ်ရှင်ဆင်ဆာ
************************************

မို့မို့မြင့်အောင်ရဲ့ ဖော်ပြမှု
ပြီးခဲ့တဲ့ သီတင်းပတ်  Miss Moe Yan ၂၀၁၁ အလှမယ်ရွေးပွဲ တက်ရောက်အားပေးတဲ့ ၀ါရင့်သရုပ်ဆောင် မို့မို့မြင့်အောင်ရဲ့ ၀တ်စားဆင်ယင်မှုကအင်မတန် လုံခြုံ ပွင့်လင်းတာ တွေ့ရပါတယ်။


စင်ပေါ်က မို့မို့မြင့်အောင်

Thursday, 15 December 2011

အစိုးရ စစ်ရဟတ်ယာဉ်များ ရှေ့တန်း စခန်းများသို့ လက်နက်နှင့် ရိက္ခာပေးပို့ & မိမိနယ်မြေထဲ မြန်မာလက် နက်ကြီးကျသော်လည်း တရုတ် နှုတ်ဆိတ်

by စူ နာ မီ လှိုင်း on Thursday, December 15, 2011 at 11:45pm

->  NLD ရွေးကောက်ပွဲဝင်မည်ကို ကြံ့ဖွံ့စိုးရိမ်
->  အစိုးရ အကူအညီအပေါ် သံသယဖြင့်ကြိုဆို
->  ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် အဖွဲ့သစ်ထပ်ဖွဲ့
->  တပ်ချုပ်ရခိုင်ပြည်နယ်ကို ဘာကြောင့်သွားရတာလဲ?
->  သူရဦးရွှေမန်းကို ဖိအားပေးရန် အိန္ဒိယတွင် တိုက်တွန်း
->  ဒေသခံလူထု လူ့အခွင့်အရေး ဆက်လက် ချိုးဖောက်ခံနေရ

အစိုးရ စစ်ရဟတ်ယာဉ်များ ရှေ့တန်း စခန်းများသို့ လက်နက်နှင့် ရိက္ခာပေးပို့
***********************************************
ကြာသပတေးနေ့၊ ဒီဇင်ဘာလ 15 ရက် 2011 - သျှမ်းသံတော်ဆင့်သတင်း
အစိုးရလေတပ်မှ စစ်ရဟတ်ယာဉ်များ ကချင် ပြည်နယ် ဗန်းမော်ခရိုင် လွယ်ဂျယ်မြို့အနီး တပ်စွဲထားသော ရှေ့တန်း တပ် စခန်းများသို့ယမန် နေ့ ညနေ ၃ နာရီခန့်က လက်နက်ခဲယမ်းနှင့်ရိက္ခာ များ ပေးပို့ခဲ့ကြောင်း သိရသည်။


တရုတ်နယ်စပ် မိုင်ဂျာယန် အခြေစိုက် KIA တပ်မဟာ ၃ ထိန်းချုပ်နယ်မြေအနီးရှိ အစိုးရတပ်စခန်းများ ဖြစ်သော မုဘွန်နှင့် လွယ်ရင်းစခန်းများသို့ ရဟတ်ယာဉ် ၃ စီးခန့်ဖြင့် လက်နက်ခဲယမ်းနှင့် ရိက္ခာများပေးပို့ခဲ့ ကြောင်း KIO ပြော ရေးဆိုခွင့်ရှိသူ တွဲဘက်အထွေထွေ အတွင်းရေးမှူး ဦးလနန်က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

Wednesday, 14 December 2011

ကွပ်ပျစ်စကားဝိုင်း


Melven Than
ကွပ်ပျစ်စကားဝိုင်း 
ဟို့အရင်တုန်းက လူကြီးတွေ ဝိုင်းဖွဲ့ပြောဆိုကြတဲ့ ကွပ်ပျစ်စကားဝိုင်း ဆိုတာရှိခဲ့တယ်။
လူမှုရေး စီးပွားရေးအပါအဝင် ထွေရာလေးပါး ဗဟုသုတရဖွယ်တွေကို ရေနွေးကြမ်း၊
စားမြည်အမြီးလေးတွေ တည်ခင်းပြောဆိုကြတယ်။ နားထောင်ချင်သူ ပြောဆိုဆွေးနွေး ချင်သူတွေ အရွယ်စုံ တွေ့နိုင်တယ်။

ရန်ကုန်မြို့တို့လိုနေရာတွေမှာတော့ လဘက်ရည်ဆိုင်မှာ ဝိုင်းဖွဲ့လာတယ်၊ ဘီယာဆိုင်မှာ
ဝိုင်းဖွဲ့လာတယ်။ နိုင်ငံခြား ရောက်နေသူတွေကျတော့ ကွပ်ပျစ်စကားဝိုင်း လိုမျိုးတွေဟာ
အရက်ဝိုင်းကလွဲပြီး တစ်ခြားဝိုင်းမရှိကြတော့ဘူး။ ကွပ်ပျစ်စကားဝိုင်း အသွင်သဏ္ဍာန်ပြောင်း
သွားတယ်။

မနေ့တစ်နေ့က မြန်မာပြည်က ပြန်လာတဲ့သူပြောပုံအရဆိုရင် တောနယ်တွေမှာပါ စကားဝိုင်း ဆိုတာ အရက်ဝိုင်းပဲ ရှိတော့တယ်လို့ သိရတတယ်။ စိတ်မကောင်းစရာ ဆိုတာထက် ဆုံးရှုံးမှု တစ်ခုလို့ ဆိုလို့ရတယ်။ သေချာတာကတော့ ဘယ်အရက်ဆိုင် ဘီယာဆိုင်မှာမှ ဗဟုသုတ လိုလားကြတဲ့ လူငယ်လူရွယ် ၊ မိန်းကလေးတွေ လာနားထောင်ကြမှာ မဟုတ်ဘူး ဆိုတာပဲ။

ဒီ့အတွက် တစ်ခုခုစီပေးစွမ်းနိုင်တဲ့၊ ရယူနိုင်တဲ့ ကွပ်ပျစ်စကားဝိုင်းလေးတွေ ကို တမ်းတတယ်။
ရှိစေချင်သေးတယ်။

လွမ်းစိမ့်.

 စာရေးဆရာ ဒါရိုက်တာ ချိုတူးဇော် ရဲ့ ၈၈ နောက်ခံဇာတ်ကားသစ်ဖြစ်ပါတယ်။ ရုံတင်ပြသဖို့ရာမှာ မတားမြစ်ခဲ့သလို ဆင်ဆာလဲရခဲ့တယ်လို့ သိရပါတယ်။
 
 
 
လွမ်းစိမ့်. 
ဆိုတာ. နှစ်ပေါင်း ၅၀ ကျော် အာဏာရှင်စနစ်အောက်မှာ ပြားပြားဝပ်ဝပ် ဖိနှိပ်ခံထားရတဲ့ မြန်မာပြည်ရဲ့ စာပေ ဂီတ ရုပ်ရှင်တွေထဲကနေ.. ရုန်းကြွတော်လှန်လာတဲ့ အနုပညာ ပစ္စည်းတခုပဲဗျ..။
ဒါ ဗီဒီယို ကား သက်သက် မဟုတ်ဘူးသမိုင်း ပါ၊ ကျနော်တို့ရဲ့ တော်လှန်ရေး ပါ။
၈၈ မျိုးဆက်ရဲ့ သမိုင်းဝန် ထမ်းပိုးမှုပါ။

ချိုတူးဇော်

ရန်ကုန်မြေအောက်ရထား စီမံကိန်း



မြန်မာပြည် ရန်ကုန် ရဲ့ မြေအောက်ရထား စီမံကိန်းဖြစ်ပါတယ်။ တိုင်းပြည်တိုးတက်ပြီး အကောင်းဆုံးတွေ အမြန်ဆုံးဖြစ်လာပါစေလို့ပဲ ဆုတောင်းရပါတယ်။

အမှတ်ရစရာများ

စာမရေးဖြစ်တာကြာနေလို့ သတင်းနဲ့ မှတ်စရာလေးတွေပဲ တင်ပေးထားပါတယ်။

 

ခောတ်မမှီ လိုက်ရ မရှိရ လေအောင် အကျိုးမျှော်၍ နှိုးဆော်ပါသည်။
                   By: Freedom News Group(Burma)

Saturday, 10 December 2011

ပါးစပ် နဲ့  ကာမဂုဏ် ခံစား ရင် ကင်ဆာ ဖြစ်ဖို့ သေချာ


7538792.cms

ဟိန်းခိုင်ထွန်း၊                  ၊
လိင်ဆက်ဆံ မှု မှာ ပါးစပ် နဲ့  လုပ်တာ ကို ရှောင်ကျဉ် ဖို့  အိုဟိုင်းယို
ပြည်နယ် တက္ကသိုလ် ကင်ဆာနှင့် ကူး စက်ရောဂါ ပိုးမွှား များ လေ့လာမှု သုတေသန ဌာန က
သတိပေး ချက် ကို Wall Streetဂျာနယ် မှာ ဖော်ပြ ထား ပါတယ်။

Friday, 9 December 2011

ဆောင်းနှင်းကြားက မြေစာပင်များ

by Lin Young on Friday, December 9, 2011 at 4:01pmWritten by ဖြူနု၊ ဇေ၀င်းနောင် http://news-eleven.com/   Wednesday, 07 December 2011 14:21




တစ်ဆောင်းသစ်ခဲ့ပြန်လေပြီ။ အေးမြမှုနှင့်အတူ ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းလာမည့် ဆောင်းဟု မျှော်လင့်ရပါသော ကာလသို့ဝင်ခဲ့ ပြီဖြစ်ပါသည်။
ဒီဇင်ဘာတွင်တော့ မြန်မာနိုင်ငံတစ်ဝန်း ဆောင်း၏အငွေ့အသက်၊ ဆောင်း၏သရုပ်သကန်သည် တဖြည်းဖြည်း ပီပြင်လာသည်။ မြန်မာပြည်၏ အအေးမြဆုံး အရပ်တစ်ခုဖြစ်သော မြန်မာပြည်မြောက်ပိုင်းတွင်လည်း ခိုက်ခိုက်တုန်အောင်ချမ်းသော ကာလသို့ ရောက်ခဲ့ပြီဖြစ်သည်။အပြင်ပန်းရာသီဥတုက အေးမြလှပါသည်။ သို့ပေမယ့် ရာသီဥတုနှင့် ပြောင်းပြန်အချိုးကျနေသော ပူလောင်နေသော ရင်ခွင်အစုံအစုံတို့ အကြောင်းကိုတော့ မသိကျိုးကျွံ ဖြစ်နေမိခဲ့ကြပါသည်။

Sunday, 4 December 2011

လူထုကြားက နိုင်ငံရေး

by Htain Linn on Monday, December 5, 2011 at 12:08am
            နိုင်ငံရေးဆိုတာ နိုင်ငံတွေအတွင်းမှာ နေထိုင်သူတွေရဲ့ နိစ္စဓူဝ လုပ်ငန်းဆောင်တာတွေနဲ့ ဒီလူတွေနဲ့ ဆက်စပ်နေတဲ့အကြောင်းအရာတွေ ဖြစ်တယ်ဆိုရင် နိုင်ငံရေးဆိုတဲ့အရာက ပြည်သူတွေကြားမှာပဲ ရှိနေမှာ ဖြစ်ပါတယ်။ အထူးသဖြင့် တိုင်းပြည်တိုင်းရဲ့ ပကတိအခြေအနေတွေ၊ ဖြစ်ရပ်မှန်တွေက ပြည်သူလူထုရဲ့ ရပ်တည်ရှင်သန်နေရတဲ့ အခြေအနေတွေနဲ့ ထပ်တူဖြစ်နေပါတယ်။ ဒါကြောင့် ပြည်သူထဲက အကြောင်းအရာ အဖြစ်အပျက်တွေဟာ နိုင်ငံရေးအခြေအနေတွေပဲဖြစ်ပါတယ်။

အမေရိကန်၊ ဗီယက်နမ်နဲ့ ရင်းနှီးလာတဲ့ မြန်မာကြောင့် တရုတ်အပေါ်ဘာများဖြစ်စေမလဲ

by Melven Than on Sunday, December 4, 2011 at 4:45pm
By Ei Aye
(Christian Science Monitor မှ 29 Nov 2011 ရက်စွဲပါ What will happen to China as Burma gets closer with Vietnam, US? ကို ဘာသာ ပြန်ဆိုသည်)

ဆယ်စုနှစ်များစွာကာလအတွင်း မြန်မာနိုင်ငံ၌ ကာကွယ်ရေးဦးစီးချုပ်သစ်တစ်ဦးတက်လာတိုင်း နာရီသံပတ်များ အလုပ်လုပ်သကဲ့သို့ပင် ပထမဆုံး ခရီးစဉ်အဖြစ် သွားရောက်လေ့ရှိသည့်နိုင်ငံမှာ တရုတ်နိုင်ငံပင်ဖြစ်သည်။ တရုတ်သည် မြန်မာနိုင်ငံ၏ အခိုင်မာဆုံးသော သံတမန်ရေးရာမဟာမိတ်ဖြစ်ပြီး စီးပွားရေး အရလည်း အကာအကွယ်ပေးနေသည့်နိုင်ငံ ဖြစ်သည်။

WiFi အင်တာနက် သုံးစွဲသည့် အမျိုးသားများ သတိထားဖွယ်

အသက်(၂၆)နှစ်မှ (၄၅)နှစ်ကြား အမျိုးသား (၂၉)ဦး၏ သုက်သွေးကို စမ်းသပ်လေ့လာမှုအရ ယခုသုတေသန ရလဒ်ကို ပညာရှင်များက အတည်ပြုခဲ့ခြင်းဖြစ်
 WiFi အင်တာနက် သုံးစွဲခြင်းသည် အမျိုးသားများ၏ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်ကြောင်း သုတေသီများက သတိပေးလိုက်သည်။ ကွန်ပျူတာနှင့် Laptopများမှ ထွက်ပေါ်လာသည့် Wirelessဖမ်းယူမှု လှိုင်းများသည် သုက်ကောင်များကို ပျက်စီးစေတတ်ကြောင်း သိရသည်။ ထို့ကြောင့် အမျိုးသားများအနေနှင့် Laptopများကို ပေါင်ပေါ်တင်ကာ သုံးစွဲပါက သုက်ပိုးများကို ပျက်စီးစေနိုင်ကြောင်း သုတေသီများက ထောက်ပြခဲ့သည်။

 အသက်(၂၆)နှစ်မှ (၄၅)နှစ်ကြား အမျိုးသား (၂၉)ဦး၏ သုက်သွေးကို စမ်းသပ်လေ့လာမှုအရ ယခုသုတေသန ရလဒ်ကို ပညာရှင်များက အတည်ပြုခဲ့ခြင်းဖြစ်သည်။ Wi-Fiလှိုင်းများသည် DNAကို အနည်းဆုံး (၃)ရာခိုင်နှုန်းမျှ ပျက်စီးထိခိုက်စေပြီး (၄)နာရီမျှ ပေါင်ပေါ်တင်သုံးပါက သုက်ကောင်များ သေဆုံးမှု ဖြစ်ပေးစေရန် (၂၅)ရာခိုင်နှုန်းမျှထိ ဖြစ်လာနိုင်ကြောင်း Fertility and Sterility ဆေးပညာ စာတမ်းတွင် ဖော်ပြထားသည်။

 အဆိုပါ ဖြစ်စဉ်သည် အမျိုးသား တစ်ဦး၏ မျိုးဆက်ပျံ့ပွားရေး စွမ်းဆောင်မှုကို အကန့်အသတ် ဖြစ်စေမည်ဖြစ်သည်။ အမေရိကန်နှင် အာဂျင်တီးနားမှ ပူးပေါင်း သုတေသီ အဖွဲ့တစ်ခုသည် ပရော်ဖက်ဆာ ကွန်ရာဒို အဗန်ဒါနို ဦးဆောင်မှုဖြင့် WiFiစနစ်နှင့် သုက်ပိုးများ ထိခိုက်မှုကြား ဆက်နွယ်နေခြင်းကို အဖြေရှာခဲ့သည်။ “ကျွန်တော်တို့ တွေ့ရှိတဲ့ အချက်အလက်တွေအရ WiFiကို သုံးတဲ့အခါ ထိခိုက်မှုတွေ ရှိနိုင်ပါတယ်။ ဆင်ခြင်သင့်တာက ပေါင်ပေါ်တင်ပြီး အချိန်ကြာကြာ Laptopသုံးတာမျိုး မလုပ်ဖို့ပါ။ ဒါဟာ သုက်သွေး DNAတွေကို ပျက်စီးစေနိုင်ပါတယ်”ဟု အဗန်ဒါနိုက ရှင်းပြခဲ့သည်။
ယခင် သုတေသန ရလဒ်များအရ ပေါင်ပေါ်တင်သုံးသော Laptopများမှ ထွက်ပေါ်သော အပူသည် အမျိုးသားများ၏ သုက်ပိုးများကို ထိခိုက်ပျက်စီးစေနိုင်ကြောင်း ဖော်ထုတ်တွေ့ရှိထားပြီးဖြစ်သည်။
 Source: DailyMail

Saturday, 3 December 2011

အနုပညာရှင်များ ပါဝင်လာခြင်းသည် ခွန်အားတစ်ရပ်ဟု ဆိုမည်

by Melven Than on Sunday, December 4, 2011 at 12:20am

ဒီဇင်ဘာ ၃ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ထင်ရှားသည့် ရုပ်ရှင်အနုပညာရှင် များနှင့်တွေ့ဆုံခဲ့သည်။ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိအား ရုပ်ရှင်ရိုက် ရန်ဆွေးနွေးခြင်းဟု ဆိုသော်လည်း NLD ပါတီမဲဆွယ်ပွဲတွေအတွက် အနုပညာရှင်တွေ အားကိုပါ ပါဝင်စေလိုသည်ဟု ဆိုကြသည်။ NLD လည်း ထိုသို့လုပ်ဆောင်ရန် အဆင်သင့်ဖြစ်နေခဲ့သည်။



မြန်မာပြည်သူပြည်သားများ နိုင်ငံရေးနဲ့ မစိမ်းကြ။ အနားကပ်ခွင့်မရအောင် ပိတ်ဆို့ထားလွန်း၍သာ အနားမကပ်ရဲကြခြင်းဖြစ်သည်။

ပြည်သူတချို့သာမဟုတ် အနုပညာရှင်တစ်ချို့သည်ပင် နိုင်ငံရေးနဲ့မကင်း ။ စစ်အစိုးရခေတ်က စစ်အစိုးရအတွက် ဝါဒဖြန့် သီချင်းတွေ ဆိုဖူးကြသူတွေရှိသည်။ ဝါဒဖြန့်ရုပ်ရှင်ကားတွေ ရိုက်ဖူးခဲ့သူတွေရှိသည်။ ဝါဒဖြန့်စာတွေ ရေးခဲ့ကြသူတွေရှိခဲ့သည်။ ထို့ကြောင့် မစိမ်း ဟု ယျေဘူယျ ဆိုချင်သည်။




လက်ရှိ မြင်မိ၊ သုံးသပ်မိတာ တစ်ခုရှိသည်။ နှစ်ပေါင်း များစွာ တိတ်ဆိတ်ဆွံ့အနေကြသော ၊ ပုန်းကွယ်နေ ကြသောအနုပညာရှင်များ အခုမှ အမေစု အမေစု ဖြစ်နေသည်ကို တစ်ချို့ မျက်မုန်းကျိုးသည်ဟု ထင်ရသည်။ မနှစ်မြို့ဟု ထင်ရသည်။ သာမှပေါင်းချင်၍  ခေါင်းပြူ ထွက်လာကြသည်ဟု ပြောချင်ကြသည်။ ထိုသို့ ထင်ပိုင် ခွင့်ရှိသည်။ ဒါကအမြင်ပိုင်းဖြစ်သည်။




သို့သော် တိုင်းပြည်၏ ကဏ္ဍအသီသီး၌ လူ့အ သက်မွေးဝမ်းကျောင်းအဖြစ် ကဏ္ဍစုံအလိုက် အလုပ်ကိုယ်စီရှိကြသည်။ တာဝန်ဝတ္တရားအသီး သီး ထမ်းဆောင်နေကြသည်ချည်း။ အနုပညာရှင် များသည်လည်း သူ့သဘောအရ နိုင်ငံရေး စိတ်မ ဝင်စားပိုင်ခွင့်ရှိသည်။ မည်သည့်ကဏ္ဍမှ မဆို စိတ် မဝင်စားခွင့်ရှိသည်။



ဒါအပြစ်မဟုတ်။ နိုင်ငံရေးကိုယ်၌က အားလုံးစိတ် ဝင်စားရမည်ဟု မဟုတ်။ သို့သော် ဘောလုံး စိတ်မဝင်စားသော်လည်း မန်ချက်စတာ၌မွေး သူသည် မန်ချက်စတာအသင်းအား အားပေး ပါလိမ့်မည်။ ပြုပြင်ပြောင်းလဲရေး လိုလားသူများ သည် ပြုပြင်ပြောင်းလဲရေး လုပ်သည့်သူ သို့မဟုတ် အဖွဲ့အစည်းအား  အားပေးခြင်းက သဘာဝကျသည်။ ယခုပွင့်လင်းခွင့် ရလာ သော အခါ ပွင့်လင်းပြလာကြခြင်းသည် လွန်သည်မဟုတ်။ ကြိုဆိုရမည်ဟု ထင်သည်။



အနုပညာရှင်များအတွက်လည်း မိမိချစ်သည့် ပါတီအတွက် အသည်းကြားက မဲတစ်တစ်ပြားစီ အတွက် ပြည်သူကျေနပ်အောင် လှုံ့ဆော်ခွင့် ရသည့် အတွက် ဂုဏ်ယူစရာသာဖြစ်သည်။ ထိုအလုပ်သည်လည်း အနုပညာအလုပ်အဖြစ် အခကြေးငွေခံစားရမည်မို့ အားလုံးကောင်းရန် သာဖြစ်သည်ဟု ဆိုချင်သည်။




သို့သော် ယခင် စစ်အစိုးရ၏ ဝါဒဖြန့်ခြင်းနှင့် NLD  ၏ မဲဆွယ်ပွဲတို့ အပြတ်အသတ် ကွာပါသည်။ ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်မည်။ မဲဆွယ်ခြင်းနည်းသရည်းတို့အား  တစ်ချို့ အထူးအဆန်းသဖွယ် အံ့သြကောင်း အံ့သြနိုင်ကြ မည် ဖြစ်သော်လည်း အများစုကား အံ့သြမည် မဟုတ်။ ဒါမျိုးသည် ဒီမိုကရေစီစနစ်၏ လွဲဖယ်ရှောင်သွား၍မရသည့် လုပ်ရိုးလုပ် စဉ်ဖြစ်သည်။ အရေးလည်းပါသည်။ လုပ်ရန်လည်း လိုအပ်သည့်အရာဖြစ်သည်။




စစ်အစိုးရလက်ထက် ကလည်း လုပ်ခဲ့ကြသည်။ သို့သော် ပြိုင်ဘက်မရှိသည့် တစ်ခုတည်းသော အစိုးရအတွက် လုပ်ပေးရသည့် တစ်ဖက် သတ် အလုပ်မျိုးဖြစ်သည်။ လုပ်ပေးရခြင်းဖြစ်သည်။ အခု ထိုသို့မဟုတ်။ လက်ရှိအာဏာရ ကြံ့ခိုင်ရေအဖွဲ့ သို့မဟုတ်  ပါတီများထဲမှ ဝင်ပြိုင်မည့်ပါတီများနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ လွတ်လပ်မည်။ ပွင့်လင်းမည်။




အထူးသဖြင့် စစ်အစိုးရ အရေခွံလှဲထားသည့် ကြံ့ခိုင်ရေးပါတီနှင့် အကြိတ်အနယ်ပြိုင်ခြင်းဖြစ်မည်။ သည့်အတွက် လုပ်ပေးရသည့် အနုပညာရှင်များမှာ တစ်စုံတစ်ရာ အပြစ်ရဖွယ်မရှိပါ။ လူထုမုန်း ခံရဖွယ်လည်း မမြင်ပါ။ လူထုသည် ဒေါ်စုနှင့်တစ်သားတည်းကျသလို အနုပညာရှင်များအားလည်း လုထုကိုသို့ပင် မြင်ပါ လိမ့်မည်။ ဒါသေ ချာသည်။




သည်သို့ မဲဆွယ်မှုမျိုးအား အိုဘားမား လုပ်ခဲ့သည်။ ဘုရှ် လုပ်ခဲ့သည်။ ကလင်တန်ဇနီးမောင်နှံ လုပ်ခဲ့သည်။ တိုနီဘလဲ လုပ်ခဲ့သည်။   ဒေးဗစ်ကင်မရွန်း လုပ်ခဲ့ သည်။ မဟာသီယာ လုပ်ခဲ့သည်။ ဂျိုးဆက်အက်ဆရာဒါ လုပ်ခဲ့သည်။ နီကိုလာ့ ဆာကိုဇီ လုပ်ခဲ့သည်။ ဘာလူစကိုနီ လုပ်ခဲ့သည်။ အားလုံးလုပ်ခဲ့ကြသည်။ ထပ်မံလုပ်ကြပေဦးမည်။ လွတ်လပ်သည့် ဒီမိုကရေစီနိုင်ငံဆိုလျှင် ဒေါ်အောင်ဆန်းစုကြည် လုပ်သည်၌ ဘာမှားသနည်း။ မမှားပါ။ လုပ်သင့်လုပ်ထိုက်သကဲ့သို့ လုပ်ရန်လည်းဝန်မလေးသင့် ဟုထင်သည်။




တစ်ခုသတိချပ်ကြစေလိုသည်မှာ ဇာနယ်ဇင်းသမား များနှင့်ဖြစ်စေ ၊ ရုပ်ရှင်နှင့်အနုပညာသမားတွေ နှင့်ဖြစ်စေ NLD အနေဖြင့်ဆက်စပ်လုပ် ကိုင်ခြင်းအား အပြစ်တင် မစောရန်ဖြစ်သည်။ ယခုအခင်းအကျင်းသည် လူထုနှင့်တသားတည်းကျ ရန် အလွန်ကောင်းသည့် သမယဖြစ်သည်။



အမြင်မျိုးစုံ ဖြစ်နိုင်သည်။ သို့သော် ဦးတည်ချက် တစ်ခုသာ အာရုံထားသင့်သည်။ ဘေးထွက် ဆိုးကျိုးအား ပြောဆိုပုတ်ခတ်ခြင်းထက် ထိုဆိုးကျိုးအား ဖာထေးပြုပြင်ရန်ပို၍လိုအပ်ပါမည်။

အနုပညာရှင်များသာမက အသိပညာရှင်၊ အတတ် ပညာရှင်များ နှင့် ကျွမ်းကျင်ရာဆိုင်ရာပညာရှင်များ ပါပါဝင်နိုင်ခဲ့လျှင် လူထုကိုယ်စားပြု မည့် တိုင်းပြုပြည်ပြု လုပ်ဆောင်ချက်များ ပို၍မြန်ဆန် လာမည်။ ပွင့်လင်းခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း တို့ ပေါင်းစုလျှက် လှပသည့်အနာဂတ်အား အုတ်တစ်ချပ်သဲတစ်ပွင့်စီဖြင့် တည်ဆောက်ကြရ မည်ဖြစ်သည်။ အတွေးရှင်းလျှင် အလုပ်ရှင်းမည်ဖြစ်သည်။







ဓာတ်ပုံ ဒီမိုဝေယံ။ ဒီမိုဖက်တီး။မြစ်မခ။ voice weekly

Friday, 2 December 2011

ဟီလာရီရဲ့ ဂျက်လေယာဉ် ဘယ်လို အစွမ်းထက်သလဲ

by ခင် ရတနာ on Friday, December 2, 2011 at 2:35am

  • ဟီလာရီရဲ့ ဂျက်လေယာဉ် ဘယ်လို အစွမ်းထက်သလဲ
(စိုင်းနေမင်း ပေးပို့သည်)

ဟီလာရီ စီးလေ့ရှိသည့် C-40B အထူးဂျက်လေယာဉ်


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် အသုံးပြုတဲ့ လေယာဉ်တွေအနက် C-40B အမျိုးအစား ဘိုးရင်းဂျက်လေယာဉ်လဲ အပါအ၀င် ဖြစ်ပါတယ်။

C-40B အထူး ဂျက်လေယာဉ်ထဲမှာ အလုပ်လုပ်နေတဲ့ ဟီလာရီ

လက်ရှိအမြင်



  • ပြောင်းလဲဖို့ အစပြုနေတဲ့ကာလမှာ ဟီလာရီရဲ့ လည်ပတ်မှု ခရီး စဉ်ဟာ အကြီးကျယ်ဆုံးဖြစ် ထွန်းမှုဆီ သယ်သွားနိုင်တယ်လို့ လက်ခံရပါတယ်။ အခုလိုဖြစ်လာတဲ့အတွက် မြန်မာပြည်အ တွက် ဂုဏ်ယူပါတယ်။ တကယ်ပြောင်းလဲတော့မယ်လို့ ယူဆပါတယ်။ အတွေးသစ်အမြင်သစ်အလုပ်သစ်တွေနဲ့ ချီတက်နိုင်ခဲ့ရင်  လှပတဲ့ အနာဂတ်နိုင်ငံတော်ကို တည်ဆောက်နိုင်မှာ မလွဲပါဘူး။
  • ပြောင်းလဲမှု အသေးအမွှားလေးတွေကိုတောင် ပြည်သူတွေ လှိုက် လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြတယ်။ လူထုအနေနဲ့ ဘယ်လောက်ထိ  အပြောင်းအလဲကို ငတ်မွတ်တောင့်တနေကြသလဲဆိုတာ သိကြ ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဟာ သမ္မတဖြစ်စေချင်လို့ ၊ဝန်ကြီးချုပ်ဖြစ်စေချင်လို့ တိုင်းပြည်ကို ပြောင်းလဲစေ ချင်တာမဟုတ်ဘူး ဆိုတာလည်း မြင်သာနိုင်ကြပြီ။
  • ဘယ်သူပဲလုပ်လုပ် စစ်မှန်တဲ့ တိုးတက်မှု ဆီသယ်သွားနိုင်တာကိုပဲ လူထုအလိုချင် ဆုံးဖြစ် ပါတယ်။ အမျှော်လင့်ဆုံး ဖြစ်ပါတယ်။
  • ဒီတော့ ဟီလာရီကလင်တန်ရဲ့ ခရီးစဉ်အပေါ်အကောင်မြင်မြင်  ထောက်ခံချင်ကြတယ်။ အပြု သဘောရော လက်တွေကျကျပါ သုံးသပ်ရှုမြင်ရာမှာ အပေါင်းလက္ခ ဏာဆောင်ကြပါတယ်။ဆက်လုပ်ရမှာက ဦးသိန်းစိန် အစိုးရရဲ့ တာဝန်တစ်ရပ်ဖြစ်တယ်။
  • ပြောထားတဲ့အတိုင်း လုပ်ပြဖို့ပဲ လိုအပ်တော့တယ်ဆိုတာ ရှင်းရှင်းလင်းလင်းဖြစ်လာတယ်။ ဒီလိုမှ မပြောင်း ချင်သေး ဘူးဆိုရင်တော့ ပြည်သူလူထုရဲ့ မျှော်လင့်ချက်နဲ့ အနာဂတ်ကို ရက်ရက် စက်စက် ရိုက်ချိုးလိုက်တာနဲ့ တူမယ်။ သေနတ်နဲ့ပစ် သတ်လို့သေရတာထက် ပိုကြေကွဲကြမယ်.နာကျည်းကြမယ်ဆို တာ အစိုးရသတိချပ်ရပါမယ်။
  • ဘာပဲဖြစ်ဖြစ် မြန်မာပြည်ရဲ့ အနာဂတ်သစ်ကို စတင်တွေ့ရှိလိုက် ရပါတယ် ဆိုတာယုံကြည် ပါတယ်။

သည်သို့ဆိုလျှင် လှပသည့် အနာဂတ်နိုင်ငံတော်သည် ဝေးမည်မဟုတ်

by Melven Than on Saturday, December 3, 2011 at 12:25am

လူထုအမျှော်လင့်ဆုံးသည် လက်ရှိအခင်းအကျင်းနှင့် လုံးဝကွဲပြားခြားနားသည့် စစ်မှန်သော ပြောင်းလဲမှုဖြစ်သည်။ အတုအယောင်မဟုတ်။ ရွှေရည်စိမ်မဟုတ်။ ချွေးသိပ်ခြင်းမျိုးမဟုတ်။ ပွင့်လင်းထင်သာသော တိုးတက်ပြောင်းလဲမှုဖြစ်သည်။

အကြီးမားဆုံး ငတ်မွတ်တောင့်တမှု

ယနေ့ တိုင်းပြည်သည် အစစအရာရာ အငတ်ဘေးနှင့်ရင်ဆိုင်နေရသည်။ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး နှင့် ဘက်စုံ အငတ်ဘေးအား ကြံ့ကြံ့ခံနေရသည်။ အကြီးမားဆုံးအငတ်ဘေးမှာ စစ်မှန်သောပြောင်းလဲမှုအား ငတ်မွတ်သည့် အငတ်ဘေးဖြစ်သည်။ တိုးတက်ဖွံ့ဖြိုးခြင်းကို ငတ်မွတ်သည့် အငတ်ဘေးဖြစ်သည်။ ဆာလောင်ငတ်မွတ်လွန်း၍ တစာစာအော်နေကြသည်။ မျှော်မှန်းတမ်းတနေကြသည်။



သည်ငတ်မွတ်မှုကြောင့် တစ်ချို့က ထောင်ကျနေသည်။ တစ်ချို့ကား တားမြစ်ခံနေရသည်။ တစ်ချို့ကား ရက်ရက်စက်စက်အသတ်ခံခဲ့ရသည်။ သည်ငတ်မွတ်မှု ပျောက်မသွား။ ပို၍ပင်ငတ်မွတ်လာကြသည်။ သည်ငတ်မွတ်မှုအား
အစိုးရသာ စစ်မှန်သောပြောင်းလဲခြင်းဖြင့် ရပ်တန့်ပစ်နိုင်မည်ဖြစ်သည်။ လူထုအငတ်ဘေးသည် အစိုးရ၏ အငတ်ဘေးအဖြစ် မခြွင်းမချန် ယူဆထားစေချင်သည်။

ဖိနပ်စုံစီး၊ ထီးအမိုးမချန်





ရေနစ်သောအခါ ကောက်ရိုးတစ်မျှင်သည်ပင် အားကိုးရာအဖြစ် အဖိုးတန်နိုင်သည်။ ဆူးထဲနင်းဖြတ်ကြသောအခါ တစ်ဖက်တည်းသောဖိနပ်စုတ်လေးပင် အရေးထားစရာဖြစ်သည်ဟု မထင်ရဲသော အမြင်အသိတို့ဖြင့် ရတတ်သမျှသာ ကျေနပ်ရန် ဖန်ခဲ့ကြသည်။ ယခု ဤသို့ အသေးအမွှားတို့ဖြင့် ကျေနပ်နှစ်သိမ့်ရသောအဖြစ်အား စွန့်ပစ်မည်။

ကောက်ရိုးတစ်မျှင်အဆင့်အား ထားပစ်ခဲ့တော့မည်။ ဖိနပ်တစ်ဖက်သာ ရနိုင်ခြင်းအားလည်း ချန်လှပ်ပစ်တော့မည်။ အလိုချင်ဆုံး နှင့်အဖြစ်ချင်ဆုံးသည် ဖိနပ်နှစ်ဘက်လုံးရှိချင်သည်။ ရေနစ်သူကို ဆယ်စေချင်သည်။ တိုင်းပြည်နွံထဲကျနေသည်ကို ဆန္ဒရှိရှိ  ဆွဲတင်စေချင်သည်။ ပြည့်ပြည့်ဝဝဖြင့် ချိန်ခွင်လျှာညီညီ သွားချင်သည်။


ပြည်သူလူထုသည် အလွန်တရာမှ သနားစရာကောင်းသည်။ ကျလာမည့် ထမင်းချမ်းခဲလေးအား လက်ဝါးတဖြန့်ဖြန့်ရှိခဲ့သည်။  ကျီးလန့်စာစားရင်း မျက်ရည်ဖြင့် အံကြိတ်ခံစားခဲ့ရသည်။ မျှော်လင့်ချက်တစ်သီတစ်တန်းဖြင့် နွမ်းနွမ်းကြေကြေဖြစ်ခဲ့သည်။
တိုင်းပြည်ကောင်းစားစေချင်သည့် စိတ်တို့ဖြင့် အရာရာအား ငတ်မွတ်မြင်မက်ခဲ့ရသည်။

သို့သော် လက်ရှိ ငတ်မွတ်မှုသည် ထမင်းချမ်းခဲမဟုတ်တော့။ ပြည့်စုံသောထမင်းဝိုင်း။ ဖွဲ့စည်းမှုပြည့်သော အိမ်တစ်အိမ်။ စစ်မှန်သောလွှတ်တော်နှင့် ဖြစ်ထွန်းမှုပြီးသော တိုးတက်သည့်နိုင်ငံတစ်နိုင်ငံဖြစ်သည်။ သည်သို့သာ လိုအပ်ကြတော့မည်။ သည်ထက်လျော့၍မရ။ ပိုသာ ပိုစေမည်ဖြစ်သည်။

လူထုသည် အစိုးရကို မလိမ်ဖူး။ မကောက်ကျစ်ဖူး။ အနိုင်မကျင့်ဖူးခဲ့။ ထိုနည်းတူ အစိုးသည်လည်း လိမ်ရန်၊ ကောက်ရန်၊ အနိုင်ကျင့်ရန် ထပ်မံမကြိုးစားသင့်။ ကြိုးစားရန်လည်း မလိုအပ်တော့ကြောင်း နှစ်ဦးနှစ်ဖက်သိကြသည်။

ကတိတည်တည် ရှေ့အနာဂတ်ဆီ


ယနေ့ လုပ်ပေးနိုင်သည့်အနေအထားတွင်ရှိနေ၍ လုပ်ပေးမည်ဟုလည်း ကတိပေးထားပြီးဖြစ်သည်။ လုပ်ပေးရန်သာလိုတော့သည်။ ထိုကတိအတိုင်း မှန်မှန်ကန်ကန် လုပ်စေချင်သည်။

မိမိအာဏာတည်မြဲရေးထက် တိုင်းပြည်တိုးတက်ဖွံ့ဖြိုးရေးကိုသာ စေတနာရှိရှိ လုပ်ဆောင်ရန်လိုမည်။ လုပ်ဖို့ရာအသည်းအသန် လိုအပ်နေပြီ။ လူထုတောင့်တမှု အထွဋ်အထိပ်ဆီသို့ ရောက်နေပြီ ဖြစ်သည်။ အစိုးရအနေနဲ့ သတိချပ်ရမည်။
ရင်ဝယ်သားကဲ့သို့ ပြုမူရမည်ဖြစ်သည်။ ဤလိုလိုကျွဲလိုလိုလုပ်ရန် မသင့်သကဲ့သို့ ရှေ့တိုးနောက်ဆုတ်လုပ်ရန်လည်း မသင့်။ ရှေ့သိုသာ ဦးတည်မှန်ရမည်။

ဆယ်စုနှစ်အဆက်ဆက် သွေးမြေကျ နာကျင်ခဲ့ရသည်ထက် ယခုလိုသမယမှာ ထပ်မံအလိမ်ခံရလျှင် လူထုခံစားမှုသည် သေနတ်နှင့် တန်းစီပစ်သတ်သည်ထက် ဆိုးဝါးမည်။ အရှင်လတ်လတ်မြှုပ်ပစ်သည်ထက် နာကျည်းစက်ဆုပ်ရပါလိမ့်မည်။

ထို့ကြောင့် ''သွားပါ၊ ရှေ့အနာဂတ်သစ်ဆီ သွားလိုက်စမ်းပါ''။ အုပ်ချုပ်မှုယန္တယားကြီးအား ပြည်သူနှင့်တစ်သားတည်းလည်ပတ်ပြီး ''မောင်းနှင်ပစ်လိုက်စမ်းပါ''ဟု ဆိုချင်သည်။ အားပေးချင်သည်။ အားကိုးချင်သည်။ ဝိုင်းဝန်းတွန်းပေးချင်သည်။ သည်သို့ဆိုလျှင် လှပသည့် အနာဂတ်နိုင်ငံတော်သည် ဝေးမည်မဟုတ်။





(ဒေါ်အောင်ဆန်းစုကြည်၏ လတ်တလောရပ်တည်လုပ်ကိုင်နေမှုအား ထောက်ခံသည်။ ဟီလာရီကလင်တန် ၏ ခရီးစဉ်အား အကောင်းဘက်ကမြင်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတဖြစ်ရန်၊ ဝန်ကြီးဖြစ်ရန်ကြိုးစားနေခြင်း မဟုတ်။ လူထုအကျိုး၊ တိုင်းပြည်အကျိုးအတွက်သာ အသက်၊သွေး၊ချွေး၊ ဂုဏ်သိက္ခာတို့အား ရင်းးနှီးလုပ်ဆောင်နေခြင်းဟု မြင်သာကြပြီဖြစ်သည်။ ဦးသိန်းစိန်အစိုးရလည်း ထိုသို့ရပ်တည်ရန် လိုသည်။
 လမ်းပွင့်နေပြီးဖြစ်သည်။ ထိုလမ်းအား ဦးတည်ချက်မှန်မှန်ဖြင့် လျှောက်သွားရန်သာ လိုတော့သည်)