Sunday, 9 October 2011

ဒီနေ့ဖတ်စရာ သတင်းများ ( အောက်တိုဘာလ 9 ရက် 2011 ခုနှစ် )

by Burma Thwe on Sunday, October 9, 2011 at 11:14am

နိုင်ငံရေးအကျဉ်းသား ရက်ပိုင်းအတွင်းလွတ်နိုင်ဟု ဦးရွှေမန်းပြော
By ဗွီအိုအေ (မြန်မာဌာန) စနေ, 08 အောက်တိုဘာ 2011



မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ကိစ္စ မကြာခင် ရက်ပိုင်းအတွင်း အကောင်အထည် ပေါ်ပါလိမ့်မယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ နော်ဝေ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Espen Barth Eide နဲ့ အောက်တိုဘာလ ၇ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံစဉ်မှာ သူရဦးရွှေမန်းက အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။
“မကြာခင်ရက်ပိုင်းအတွင်းမှာ အကောင်အထည်ဖော်ပါမယ်။ မကြာခင် ရက်ပိုင်းအတွင်းပေါ့။”

မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား မရှိဘူးလို့ အစိုးရကပြောဆိုပေမဲ့ နိုင်ငံရေးအကျဉ်းသား နှစ်ထောင်ကျော် အကျဉ်းထောင်တွေထဲမှာ ရှိနေပြီး သူတို့ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေနဲ့ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်း       က တောင်းဆိုနေကြတာဖြစ်ပါတယ်။

နော်ဝေနိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Espen Barth Eide နဲ့အဖွဲ့ဟာ အောက်တိုဘာလ ၆ ရက်ကနေ ၉ ရက်နေ့အထိ မြန်မာနိုင်ငံမှာ ရှိနေပြီး မနေ့က စနေနေ့ကတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၂ နာရီခန့်ကြာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အဲဒီမတိုင်ခင်ကတော့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။



ထူးခြားမှုမရှိရင် နှုတ်ထွက်မယ်လို့ ရခိုင်ဝန်ကြီး ပြောဆို
2011-10-08   RFA


ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှာ ပါဝင်တဲ့ ရခိုင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က သူ့အနေနဲ့ အခုအချိန်အထိ လုပ်ပိုင်ခွင့် ဘာမှမရရှိဘဲ တကယ်လို့ နောက်ထပ် ၆ လ စောင့်ကြည့်လို့မှ ထူးခြားမှု မရှိရင် ဝန်ကြီးအဖြစ်က နှုတ်ထွက်မယ်လို့ ဒီကနေ့ ပြောလိုက်ပါတယ်။


ဒီအခြေအနေတွေကြောင့် သူ့အနေနဲ့ တိုင်းဒေသကြီးအစိုးရ ဝန်ကြီးရာထူးကနေ နှုတ်ထွက်မှာဖြစ်ပေမယ့် လွှတ်တော်အမတ်တဦး အနေနဲ့တော့ ဆက်လက် ရပ်တည်မယ်လို့ ဦးဇော်အေးမောင်က ပြောပါတယ်။

“ကျနော် အခု ၆ လရှိပြီ၊ ကျနော် ခံစားရတာ မခံစားနိုင်တော့ဘူး။ နောက် ၆ လ မထူးရင် နှုတ်ထွက်တော့မယ်။ ဖွဲ့စည်းပုံကိုင်ပြီး ကျမ်းကျိန်ပြီး လုပ်တဲ့ အစိုးရအဖွဲ့က ဖွဲ့စည်းပုံကို မလိုက်နာတော့ ကျနော်က နစ်နာနေရတယ်။ အဲဒီတော့ ကျနော်လည်း ကြာကြာမခံနိုင်ဘူးလေ။ ဖွဲ့စည်းပုံ အခြေခံဥပဒေကြီးကို လေးစား လိုက်နာသင့်တယ်လို့ ထင်ပါတယ်။ မလေးစား မလိုက်နာရင်တော့ ကျနော်လည်း မလုပ်ချင်တော့ဘူး”

ဦးဇော်အေးမောင်ဟာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ကနေ ရန်ကုန်တိုင်းဒေသကြီးမှာ ရွေးချယ်ခံခဲ့ရပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှာ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်နေပါတယ်။



စာနယ်ဇင်းလွတ်လပ်ခွင့် ပိုမိုတိုးတက်လာမည် ဟု စာပေစိစစ်ရေး ညွှန်မှူးပြော
2011-10-08   RFA



မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ သတင်း၊ ဆောင်းပါးနဲ့ ဓာတ်ပုံတွေကို အရင်ကလို တင်းကြပ်တဲ့ ကန့်သတ်ချက်တွေ မထားတော့ဘဲ ပြည်တွင်းထုတ် သတင်းစာစောင်တွေမှာ လွတ်လပ်စွာ ဖော်ပြခွင့်ပြုနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ စာပေစိစစ်ရေးနဲ့ မှတ်ပုံတင်ဌာန အကြီးအကဲက ပြောကြားလိုက်ပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာန စာပေစိစစ်ရေးနဲ့ မှတ်ပုံတင်ဌာန ညွှန်ကြားရေးမှူး ဗိုလ်မှူးဟောင်း ဦးတင့်ဆွေကို RFA လွတ်လပ်တဲ့အာရှအသံက သီးသန့် ဆက်သွယ်မေးမြန်းရာမှာ အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

စာပေစိစစ်ရေးဌာန အနေနဲ့ လောလောဆယ်မှာ ၁၉၆၂ ခုနှစ် စာနယ်ဇင်းဥပဒေကို အခြေခံထားတဲ့ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း ၁၂ ချက်နဲ့ တိုက်ဆိုင်စစ်ဆေးပြီး ဆင်ဆာ ဖြတ်တောက်နေတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံဟာ ဒီမိုကရေစီစနစ်ကို ကူးပြောင်းနေပြီ ဖြစ်တဲ့အတွက် ခေတ်နဲ့လျော်ညီအောင် စာပေစိစစ်ရေးဌာနကို မထားရှိသင့်ဘူးလို့ ထင်မြင်ယူဆကြောင်းလည်း ဦးတင့်ဆွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အပတ်စဉ်ထုတ် ဂျာနယ်နဲ့ လစဉ်ထုတ် မဂ္ဂဇင်း စုစုပေါင်း ၄ ရာနီးပါး ရှိပြီး ဖျော်ဖြေရေး၊ ကျန်းမာရေး၊ နည်းပညာ၊ အားကစား စတဲ့ အကြောင်းအရာတွေ ဦစားပေး ထုတ်ဝေတဲ့ ဂျာနယ်၈၂ စောင်နဲ့ မဂ္ဂဇင်း ၉၆ စောင်ကို စာမူ ကြိုတင် ပြစရာမလိုတော့တဲ့ ပထမအုပ်စုအဖြစ် ပြီးခဲ့တဲ့ ဇွန်လက စတင် ခွင့်ပြုခဲ့ပါတယ်။ သတင်းနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး၊ မှုခင်း စတဲ့ ကျန် ဒုတိယအုပ်စုဝင် ဂျာနယ် ၉၄ စောင်နဲ့ မဂ္ဂဇင်း ၈၆ စောင်ကိုလည်း များမကြာမီမှာ စာမူတင်ပြစရာ မလိုဘဲ ထုတ်ဝေခွင့်ပေးဖို့ အစီအစဉ် ရှိကြောင်းလည်း ဦးတင့်ဆွေက ပြောသွားပါတယ်။




ဟိုပင်ဘူတာအနီး ဗုံးကွဲ၊ သံလမ်းပျက်စီး
2011-10-08  RFA

Friday, 7 October 2011

ူံHipHot ကြိုက်သူများအတွက် နားထောင်လို့ကောင်းတဲ့ သီချင်းတစ်ပုဒ်


တချိန်တုန်းက မမကြီး မသီတာ ရဲ့ vdo ဖိုင်လေးပါ။မမေ့သင့်တဲ့ အရာဆိုတော့ ပြန်လည် တင်ပြပေးလိုက်တာပါ။

Steve Jobs ပြောကြားခဲ့သည့် မိန့်ခွန်း


 


Steve Jobs
(1955-2011)
တကိုယ်ရည်သုံးကွန်ပျူတာ နဲ့ အက်ပဲဖန်တီးရှင် တီထွင်သူ စတိဗ့်ဂျော့ ကွယ်လွန်ခြင်းအမှတ်တရ . . .
အောက်တိုဘာ ၅၊ ၂၀၁၁




(ချစ်လှစွာသော သူငယ်ချင်းတယောက်ထံမှ Forward Mail ပါ။ လူတယောက်ရဲ့ ဘဝတက်လမ်းအတွက် အတုယူစရာ မှတ်သားစရာ ဖြစ်တဲ့အတွက် ပြန်လည်ဝေမျှလိုက်ပါတယ်။ ကျွန်မလည်း ဘဝအတွက်အများကြီး ကြိုးစားနေဆဲဖြစ်တဲ့ အတွက် ဒီလိုမှတ်သားစရာတွေ ပညာယူစရာတွေ လိုအပ်ပါတယ်။ လှေကားထစ်တွေအတွက် အားဆေးတခွက်လို့ လည်း ပြောလို့ရပါတယ်။)


" ၂၀၀၅ ခုနှစ် ဇွန်လ ၁၂ရက် နေ့တွင် ကျင်းပခဲ့သော Stanford တက္ကသိုလ် ဘွဲ့နှင်းသဘင် အခမ်းအနားတွင် Apple Computer နှင့် Pixar Animation Studio တို့ကို စတင်တည်ထောင်ခဲ့သူ Steve Jobs ပြောကြားခဲ့ သည့် မိန့်ခွန်း . . . "


         ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်ကြီးတခုရဲ့ ဘွဲ့ရ မောင်မယ်များကို တွေ့ဆုံစကားပြောခွင့်ရတဲ့အတွက်ကြောင့် အင်မတန် ဂုဏ်ယူမိကြောင်း ပြောပါရစေ။ ကျနော်ဟာ တက္ကသိုလ်ဘွဲ့ရ တယောက်မဟုတ်ပါ။ အမှန်အတိုင်း ပြောရရင် ဘွဲ့နှင်းသ ဘင် အခမ်းအနားဆိုတာ ဒီနေ့မှ တက်ဖူးတာပါ။ ဒီ ဘွဲ့နှင်းသဘင် အခမ်းအနားမှာ ကျနော့်ဘဝ ဇာတ်လမ်းလေး သုံးပုဒ် ပြောပါရစေ။ မိန့်ခွန်းအရှည်ကြီး မဟုတ်ပါ။ ကြီးကြီးကျယ်ကျယ် အကြောင်းအရာတွေ မဟုတ်ပါ။ ဇာတ်လမ်း သုံးပုဒ် ထဲ ပါ။

Thursday, 6 October 2011

နာရေးကူညီမှုအသင်း (ရန်ကုန်) အတွက် တေးသံရှင် ဆောင်းဦီးလှိုင် ကိုယ်တိုင် ရေး-ဆို-တီးခတ် သရုပ်ဆောင်ထားတဲ့ တေးသီချင်းပါ


                                                    ပျံသန်းသွား [HQ]

  "အမှန်တရားဘက်က ရပ်တည်နေမယ် xxx မလွယ်ကူနိုင်လည်း ဖြတ်သန်းရဲတယ် 
 xxx ရှင်သန်ချိန်ခဏ လူ့ဘ၀ရဲ့နေ့ရက်များ xxx စာနာစိတ်ထား အများအတွက်ကူမယ်
  xxx ------ငါ့လက်ကိုတွဲ ခွန်အားပေးမယ့် xxx လိုနေတာ ဂရုဏာများနဲ့ မေတ္တာတရားပဲ
  xxx လောကရဲ့အကျိုး တစ်ထောင့်တစ်နေရာကနေ
  သယ်ဆောင်ကာပျံသန်းသွားစို့ လက်တွေတွဲလို့"


 ကိုယ့်ဖို့ ကိုယ့်အတွက်ပဲ ကြည့်တတ်ကြတဲ့ ကမ္ဘာကြီးမှာ
  (အထူးသဖြင့်မြန်မာပြည်မှာ) မိမိအကျိုးထက် အများအကျိုး
 လုပ်ပေးနေကြသူတွေဟာ သိပ်လေးစားစရာကောင်းပါတယ်။
 မိမိရဲ့ပိုင်ဆိုင်တဲ့ အချိန်၊ တည်ရှိတဲ့ခန္ဓာကိုယ် နှင့် စိတ်ပိုင်းဆိုင်ရာတွေကို
  မြှုပ်နှံပြီးလုပ်ဖို့ဆိုတာမလွယ်ပါဘူး။ အနဲဆုံး တစ်ရက်လောက်ပါဝင်ဖို့
 ဒါမှမဟုတ် အလှူငွေ အနည်းငယ်ထည့်ဝင်ဖို့ရာတောင် ခက်ခဲကြပါတယ်။
 ဒီလိုတွေကြားထဲကမှ လုပ်ချင်စိတ်ရှိပြီး တစ်စိုက်မတ်မတ်
 လုပ်ကိုင်ပေးနေကြတဲ့ မေတ္တာရှင်၊ ဂရုဏာရှင်တွေကို လေးစားရပါတယ်။
 ဂုဏ်ယူမိပါတယ်။ ဝမ်းမြောက်ပီတိဖြစ်ရပါတယ်။
 ကူညီတတ်တဲ့ လက်တစ်စုံချင်းစီနှင့် ခန္ဓာစိတ်ခွန်အားတွေကို
 လေးစားမှတ်တမ်းတင်မိတာမို့ ဒီဗီဒီယိုလေးကို ဝေမျှလိုက်ရပါတယ်။
 ကူညီနိုင်ကြပါစေ။

    မုတ်သုံမိုးဦး

ဖျော်ဖြေရေး လုပ်ငန်းဖြင့် ဝင်ငွေ အများဆုံး ရသူ အဖြစ် အော်ပရာ ဝင်းဖရေး စံချိန်တင်

6 Oct, 2011
လော့စ်အိန်ဂျယ်လိ ။          ။ စံချိန်တင် လူကြိုက် များခဲ့သည့် ဆွေးနွေးခန်း အစီအစဉ်တွင် ပါဝင်ခြင်း မရှိတော့သော် လည်း အော်ပရာ ဝင်းဖရေးမှာ ဝင်ငွေများစွာ ရရှိနေဆဲ အမျိုးသမီး တစ်ဦးအဖြစ် ဆက်လက် ရှိနေဆဲပင် ဖြစ်ကြောင်း Forbes မဂ္ဂဇင်း၏ ထုတ်ပြန် ကြေငြာချက်အရ သိရှိ လိုက်ရပြီ ဖြစ်သည်။

Steve Jobs ကွယ်လွန်ပြီ

: 6 Oct, 2011

ကမ္ဘာပေါ်ရှိ နာမည်ကြီး ကွန်ပြူတာနှင့် လက်ကိုင်ဖုန်း ကုမ္ပဏီ Apple ကို စတင် ထူထောင်ခဲ့သူ Steve Jobs မှာ ၎င်းနေထိုင်သည့် ကမ္ဘာ လောကကြီးကို အပြီးအပိုင် နှုတ်ဆက် ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။ အမေရိကန် နိုင်ငံ အတွင်းတွင် အမြှော်အမြင် အကြီးမားဆုံး ပုဂ္ဂိုလ်ကြီး တစ်ဦးအဖြစ် မျိုး ဆက်သစ်တို့ကို လမ်းကြောင်း ဖော်ထုတ်ပေးနိုင်ခဲ့သူ Jobs မှာ ဗုဒ္ဓဟူးနေ့တွင် ၎င်း၏ အသက် ၅၆ နှစ် အရွယ်၌ ကွယ်လွန် သွားခဲ့ခြင်း ဖြစ်သည်။

Wednesday, 5 October 2011

တောင်အာဖရိက ရုန်းကန်မှု အတုယူကြဖို့ ဒေါ်စုပန်ကြား(Massage)


အင်္ဂါ, 04 အောက်တိုဘာ 2011 By ခင်မျိုးသက်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တောင်အာဖရိကနိုင်ငံ ဂျိုဟန်းနက်စဘတ် တက္ကသိုလ် (University of Johannesburg) က အင်္ဂါနေ့မှာ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ပေးအပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံသားတွေ လိုချင်ကြတဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးကို သတ္တိရှိရှိ ကြိုးပမ်းရင် ရနိုင်တယ်လို့ သင်ကြားပေးတဲ့ တောင်အာဖရိကနိုင်ငံရဲ့ တက္ကသိုလ်ကပေးအပ်တဲ့ ဘွဲ့ကိုရတာဟာ ရဲစွမ်းသတ္တိနဲ့ မျှော်လင့်ချက်တွေရှိတဲ့ အသိုက်အ၀န်းက လက်ခံမှုကို ရရှိလိုက်တာမျိုးလို့ ဒေါ်အောင်ဆန်းစုကြည်က အခမ်းအနားကို ဗွီဒီယို မိန့်ခွန်းပေးပို့ ပြောကြားခဲ့ပါတယ်။ အပြည့်စုံကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

မြန်မာပြည် စာရေးဆရာ၊ ဒါရိုက်တာ ချိုတူးဇော်ရဲ့ အမြင်

နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ဆိုတာ နေ့နေ့ညည အချိန်ဆွဲ နှောင့်နှေးဖို့ကောင်းတဲ့ ကိစ္စမျိုးမဟုတ်ပါဘူးဗျာ။ မိဘချင်းစာနာ၊ သားသမီးချင်းစာနာ၊ မိသားစုချင်းစာနာ၊ လူသားချင်းစာနာစိတ်ကလေးနဲ့ ကြည့်တတ်မယ် ဆိုရင်ဖြင့်ပေါ့ . . .၊ မြစ်ဆုံဆည်အရေးကို ပြည်သူလူထုနဲ့အတူ ပူပန်စိတ်ထားပြီး ဆုံးဖြတ်ပေးတဲ့ နိုင်ငံတော်သမ္မတကြီးဟာ ပြည်သူလူထုရဲ့ပူပင်သောက ကို စာနာစိတ်နဲ့ဆုံးဖြတ်ပေးနိုင်လိမ
့်မယ် လို့မျှော်လင့်မိပါတယ်။ မြစ်ဆုံဆည် အပေါ်ဆုံးဖြတ်ချက်ကို ပြည်သူလူထု ဟာ လှိုက်လှဲစွာနဲ့ထောက်ခံခဲ့ကြတယ်။ အစိုးရအပေါ်မှာ သံသယနဲ့ ဆန့်ကျင်ခဲ့ကြတဲ့သူတွေကိုယ်တိုင်က တရုတ်အစိုးရ က ဖိအားပေးလာတဲ့အခါမှာ.. လက်ရှိအစိုးရကို အာဃာတအငြှိုးအတေးတွေ ကင်းစင်စွာနဲ့ သူတို့ချွေးနည်းစာတွေနဲ့ လျော်မယ်ဆိုတဲ့အသံမျိုးတောင် ပြုလာကြပါတယ်။ ဒါ မြန်မာ ပါပဲ။ ဒီအချိန်ဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အကောင်းဆုံးအချိန်ပါ။ တိုင်းတပါးရဲ့ ဖိအားကို အတူ စည်းလုံးညီညွတ်စွာ ဆန့်ကျင်ကြရမယ့် အချိန်ပါ။ ဒီအချိန်မှာ ဒီနိုင်ငံရေးအကျဥ်းသားတွေကို သာ လွှတ်ပေးလိုက်ရင်တော့ အတိုင်းထက်အလွန် ဖြစ်သွားပါလိမ့်မယ်ဗျာ။ ကျန်းမာရေးထိခိုက်နေတဲ့ သူတွေလည်း ရှိနေတော့ အမြန်ဆုံးသာ လွှတ်ပေးစေ့ချင်ပါတယ်။ ပြန်ပြင်လို့မရတဲ့ အမှားမျိုးတွေ ကို အချိန်ဆွဲပြီး မကျူးလွန်စေချင်ပါဘူး။ အမြန်ဆုံးသာ ဆုံးဖြတ်ပေးဖို့ တိုက်တွန်းနှိုးဆော် မေတ္တာရပ်ခံပါတယ်။ ချိုတူးဇော်

ညီညွတ်ကြစေချင်

ထွက်ပေါ်နေတဲ့သတင်းများအရ တရုတ်ဟာ မြန်မာအပေါ်
ကျေနပ်ခြင်းမရှိဘူးဆိုတာ တွေ့ရပါတယ်။ နှစ်ပေါင်းများစွာ
အချိုသပ်ပေါင်းပြီး အနှစ်တွေစားလာခဲ့တုန်းက ပေါ်က်ဖော်ကြီးလုပ်ပြခဲ့ပါတယ်။
အခုတော့ အကျိုးစီးပွားတစ်ခုလေးနဲ့ ရန်စောင်ဟန်ပြလာပြန်တယ်။

ပြည်သူတွေဟာ လွှတ်တော်အစိုးရအပေါ် အကောင်းဘက်ကမြင်ဖို့
ရာနှုန်းများလာနေပါတယ်။ ရာနှုန်းပြည့်လာအောင် အစိုးရဘက်က
အဓိကလုပ်သင့်လုပ်ထိုက်တဲ့ ပြည်တွင်းစစ်ရပ်ပစ်ရေး၊
ယုံကြည်ချက်ကြောင့် အကျည်းကျနေသူတွေကို လွှတ်ပေးရေးတွေ
အမြန်လုပ်သင့်ပါတယ်။ တရုတ်ဖိအားပိုများမလာခင်
ပြည်တွင်းစည်းလုံးမှုရနေဖို့ လုံးဝလိုအပ်နေပါတယ်။

နိုင်ငံတော်အတွက် ကောင်းကျိုးတွေဖြစ်နိုင်မယ့် ပြုပြင်ပြောင်းလဲရေးတွေ
အလေးထားလုပ်ဖို့ရာ စတင်သင့်ပါပြီ။ လူထုနှင့်တသားတည်း
ရှိနေသမျှ ပြင်ပရန်ကို တွန်းလှန်ဖို့ မခက်ကြောင်းပါခင်ဗျာ။

Tuesday, 4 October 2011

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဘဝဇာတ်ကြောင်းအား ရိုက်ကူးထားတဲ့ The Lady Trailer(2) နဲ့ ဇာတ်ဝင်ခန်း ဓာတ်ပုံများ..




ရုပ်သံနမူနာ ဒေါင်းလုပ်လုပ်ရန်... http://www.mediafire.com/?cmafr3b70nv8fev
ဇာတ်ဝင်ခန်း ဓာတ်ပုံများ အောက်မှာ ဆက်လက်ကြည့်ရှုနိုင်ပါသည်.. 

ပါဝင်သည့် သရုပ်ဆောင်များ
Aung San Suu Kyi .... Michelle Yeoh
Michael Aris .... David Thewlis
Kim Aris .... Jonathan Raggett
Alexander Aris .... Jonathan Woodhouse
Lucinda Philips .... Susan Wooldridge
Karma Phuntsho .... Benedict Wong
rest listed in alphabetic order
Military officer .... Aung Kyaw
Aide of Aung San Suu Kyi .... Daw Myint
Nita May .... Dujdao Vadhanapakorn
Nyo Ohn Myint .... Flint Bangkok
Military officer .... Khin Maung Yin
Daw Khin Yi .... Marian Yu
Aide of Aung San Suu Kyi .... Mon Mon
Win Thein .... Nay Myo Thant
Leo Nichols .... Sahajak Boonthanakit
Soldier .... Teerawat Mulvilai
Than Shwe .... U Agga
Ma Then .... Victoria Sanvalli
James Baker .... William Hope

ပင်နယ်တီကို ဂိုးဝင်အောင် သွင်းရမယ့်အချိန် ( မောင်ဝံသ)

True News သစ္စာဂျာနယ် ယခုအပတ်ထုတ်မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါး ဖြစ်ပါတယ်။

မှန်တာပြောသစ္စာ
ပင်နယ်တီကို ဂိုးဝင်အောင် သွင်းရမယ့်အချိန် မောင်ဝံသ

ကျွန်တော့်ကို ဘောလုံးဝါသနာအိုးတစ်ယောက်မဟုတ်ဘူးလို့ သိထားသူတွေက ဆောင်းပါးခေါင်းစဉ်ကို ကြည့်ပြီး မောင်ဝံသ ဘယ်လို ကြောင်သွားပြီး ဘောလုံး အကြောင်းရေးမလို့လဲလို့ ထင်မိကြမလားမသိ။ ဒါပေမယ့် ကျွန်တော်က ဘောလုံးပွဲတွေကို တစ်ခါတလေတော့ ကြည့်ဖြစ်တယ်ဗျ။ ဘယ်လို ကြည့်ဖြစ်လဲဆိုတော့ ကျွန်တော် ကြည့်ချင်တဲ့ ချန်နယ်မှာ ကျွန်တော် ကြည့်ချင်တဲ့ အကြောင်းအရာ မလာသေးခင် တီဗီရှေ့ထိုင်စောင့်နေရခိုက် ကြုံကြိုက်သလို ကြည့်ဖြစ်တာပါ။ အခု ဒီဆောင်းပါးမှာတော့ တစ်လောက ကြည့်ဖြစ်ခဲ့တဲ့ ဘောလုံးပွဲတစ်ပွဲနဲ့ ဆက်စပ်ပြီး တွေးမိခဲ့တာလေးတွေ ပြောပြချင်ပါတယ်ဗျာ။

မြန်မာနဲ့ ထိုင်းပွဲ
    အဲဒီပွဲက ကျွန်တော်တို့နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ အာဆီယံအားလုံးအဖွဲ့ချုပ် အသက် ၁၉ နှစ်အောက် လူငယ် ပြိုင်ပွဲရဲ့ ပထမအကြိုဗိုလ်လုပွဲဖြစ်တဲ့ မြန်မာနဲ့ထိုင်းပွဲပါ။ အဲဒီပွဲကို ကြည့်ဖြစ်ခဲ့သူအားလုံးကို အဲဒီပွဲရဲ့ အထွတ်အထိပ်က ဘာလဲလို့မေးရင် အဖြေတစ်ခုတည်း

“သင်ရိုးမရှိတဲ့ကျောင်း”

ခေါင်းလောင်းသံမညံပေမယ့်
  • ဒေါင်ဒင်သံမှန်မှန်နဲ့စဖွင့်
  • ဒီကျောင်းတော်ကြီးဟာ
  • တခါးကို လှစ်ယုံသာလှစ်တယ်။

♥۩۞۩♥ သမ္မတအစိုးရ ရဲရဲရပ်ပါ ♥۩۞۩♥





ကိုယ့်တိုင်းပြည်ကပစ္စည်းကိုယ်လည်းမသုံးရ ကိုယ့်ပြည်သူလည်း ဘယ်တုံးကမှ အကျိုးအမြတ်မရ
ဖွတ်ကျောပြာစုနေတာက အနှစ်က ငါးဆယ်ပြည့်တော့မယ်။ တိုင်းရင်းသားတွေဘက်ကလည်း
ဗမာဆိုပြီးပုံချနေမဲ့အစား တိုင်းရင်းသားအားလုံး စည်းစည်းလုံးလုံးဖြစ်သင့်ပြီ။ ဗမာနဲ့  စစ်တပ်ခုတုံးပြုအာဏာရှင်တစုထင်ရာစိုင်းကောင်းစားရေး လုပ်ခဲ့တဲ့ Organized Mob ကို ပြက်ပြက်ထင်ထင်ခွဲပြီး

ရာဇသင်္ကြန်အမတ်ကြီး နှင့် ခေတ်သစ် တရုတ်-မြန်မာဆက်ဆံရေး

ဒီရက်ပိုင်းအတွင်းတက်လာတဲ့ မြန်မာနှင့်တရုတ် သတင်းတွေကိုကြည့်ပြီး ကျနော်တို့ငယ် ငယ်ကသင်ခဲ့ရတဲ့ ပုဂံ ရာဇ၀င်ထဲက ရာဇသင်္ကြန်အမတ်ကြီးရဲ့ သံတမန်ပရိယာယ် ကျွှမ်းကျင်ပုံ ကိုသတိရမိပါတယ်။ ကူဗလန်ခမ် ရဲ့တပ်တွေ ပုဂံကို ကျူးကျော်လာတော့ရာဇသင်္ကြန်အမတ် ကြီးဟာ ခမ်မင်းကြီးဆီကို သံတမန်တဦး အနေနှင့်(၁၂၈၆) သွားရောက် ခဲ့တယ် လို့သမိုင်း အထူး ပြုကျောက်စာမှာ သင်ခဲ့ရတယ်။ ကူဗလန်ခမ် နှင့်တွေ့တော့ “ အရှင်မင်းကြီး ရဲ့တိုင်း ပြည်က ကြီးမားလှပါတယ်၊ စစ်သည်အင်အားလည်း သိန်းနှင့်ချီ ရှိနေပါတယ်၊ ကျွှန်တော် မျိုးတို့၏ ပုဂံ မှာကား သဲကန္တရ ထဲမှာ တည်နေသော တိုင်းပြည်ငယ်ဖြစ်သည်၊ အရှင်မင်းကြီး၏ စစ်သည် တော်တို့ ပုဂံသို့ချီတက်မည် ဆိုပါက စားစရာမရှိ သော နယ်မြေ၊ ထန်းပင်အတိ သာရှိသော နယ်မြေ ကိုဖြတ်သန်းရမည်၊ ထန်းသီး ပေသီးများ ကိုစားသုံးရပါက ၀မ်းကိုက်ရော ဂါဖြစ်ပွား လျက် သေကြေပျက်စီးမှုအများကြီးဖြစ်ပေါ်လိမ့်မည်၊ အရှင်မင်းကြီး၏ အကျိုးကိုလို သော ငှာလျောက်တင်သောစကားဖြစ်ပါသည်” လို့လျောက်တင်လိုက်တော့ ခန်မင်းကြီးဟာ သူ့တပ် သား တွေကို ဆုတ်ခွာဖို့အမိန့်ပေးခဲ့တယ်လို့ သမိုင်းမှာလေ့လာခဲ့ဖူးပါတယ်။

ပြည်သူနှင့်ပူးပေါင်းပြီး တိုင်ပြည်အင်အားဖြစ်ဖို့ ပြင်ဆင်ပါ


မစ်ဆုံအရေးနဲ့ ပတ်သက်ပြီး ပြောင်းလဲလာတဲ့ နိုင်ငံရေးအပြောင်းအလဲကို
စစ်မှန်တဲ့ပြောင်းလဲမှု ဆီသွားနေပြီလို့ ယူဆသူတွေ များလာပါတယ်။
တရုတ်ရဲ့တုန့်ပြန်မှုနဲ့ ရန်လိုတဲ့သဘောများကိုပါ မျက်ဝါးထင်ထင် တွေ့မြင်ကြရတဲ့အခါ
အများစုဟာ အစိုးရဘက်ကို ရပ်တည်လာတာ တွေ့လာရပါတယ်။

အင်တာနက် လူမှုကွန်ယက်တွေထဲက ပြည်သူ့အသံတွေကို ကြည့်ရင်
ပိုသိသာလာပါတယ်။ အမြဲစကားနိုင်လုနေကြတဲ့ ဒီမိုကရေစီလိုလားသူတွေနှင့်
အစိုးရဘက်တော်သားတွေဟာ တိုက်ခိုက်မှုတွေရပ်ပြီး အပြုသဘောဆောင်လာကြပါတယ်။ အမြင်တစ်ချို့တူလာကြပါတယ်။ ဆွေးနွေးမှုတွေရှိလာကြတယ်၊ နှီးနှောဖလှယ်မှုတွေ
လုပ်လာကြပါတယ်။

အဲဒီလိုဖြစ်လာရတဲ့ အကြောင်းရင်းကလည်း ပြောင်းလဲမှုဆီသွားနေပြီဖြစ်တဲ့
နိုင်ငံတော်အပေါ် တရုတ်ပြည်ရဲ့ ရန်ဆောင်တဲ့တုန့်ပြန်မှုကြောင့်လို့ ဆိုရပါမယ်။ တရုတ်ပြည်အပေါ် အမြင်မကြည်ကြတဲ့ ပြည်သူပြည်သားတွေဟာ တကယ်လို့ 'တရုတ်က ရန်စလာခဲ့ရင်'ဆိုတဲ့
အတွေးနဲ့ အစိုးရသစ်ဘက်က ဝန်းရံဖို့ ပြင်ဆင်လာတာ တွေ့ရပါတယ်။
ဒါ သိပ်ကောင်းတဲ့စည်းလုံးမှုလို့ ပြောရပါမယ်။

လုပ်ဆောင်မှု ကောင်းတဲ့အတွက်ကြောင့် ပြည်သူတွေ အစိုးရကို ထောက်ခံအားပေး
လာတဲ့အခါ အစိုးရမှာ လုပ်ပြချင်စရာ ပိုများသွားပါလိမ့်မယ်။ ဒါ သဘာဝကျပါတယ်။

ဦးသိန်းစိန်အစိုးရအနေနဲ့ မြစ်ဆုံစီမံကိန်း ရပ်တန့်ထားတာကို ပြန်ပြီးသက်ဝင်လည်ပတ်စေမှာ
မဟုတ်ဘူးလို့ ယုံကြည်ပါတယ်။ ဒီ့အတွက် တရုတ်ဘက်က ပြင်းပြင်းထန်ထန်တုန့်ပြန်လာခဲ့ရင်
ဘယ်လိုလုပ်မလဲ။ အဆုံးစွန်တွေးကြည့်လို့ စစ်ရေးပါလာခဲ့ရင် တုန့်ပြန်ဖို့ရာလုံလောက်တဲ့
အင်အားရှိပါရဲ့လား။ မလုံလောက်နိုင်ပါ။ တရုတ်ကိုနိုင်နိုင်မယ့်အင်အား သို့မဟုတ် ပြည်တွင်း
ခုခံမယ့်အင်အား ရှိမနေသေးပါဘူး။

ဒါကြောင့် ပြည်တွင်းစစ်ထဲမှာ စစ်အင်အား (တိုင်းပြည်အင်အား)  ကို ပြည်တွင်းစစ်မှာ မဆုံရှုံးစေပဲ
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနဲ့ အနှေးနဲ့အမြန် ငြိမ်းချမ်းရေးလုပ်သင့်ပါတယ်။
 ဖြစ်နိုင်လျှင် ဒီမိုကရေစီနည်းအတိုင်း အမြန်ဆုံး တည်ဆောက်သင့်ပါတယ်။
 တိုင်းရင်းသားများနဲ့ တိုက်ခိုက်တာရပ်ပစ်ပြီး တိုင်းပြည်တိုးတက်ရေးကို ကူညီနိုင်မယ့်
နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ပြင်ဆင်ရပါမယ်။

ပြည်တွင်းအင်အားကို အရင်တည်ဆောက်ခဲ့ရင် ပြည်ပရန်ဆိုတာ ဖြေရှင်းရလွယ်သွားမှာဖြစ်ပါတယ်။
ဒီတော့ သမ္မတကြီးအနေနဲ့ ဒေါ်စုနဲ့ပူးပေါင်းပြီး အင်အားဖြည့်တင်းရေး လုပ်သင့်ပါတယ်။
ပြည်တွင်းစစ်ကို ရပ်ပစ်ပါ။ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေကို လွှတ်ပေးပါ။
ပြည်သူနဲ့ရဲရဲပူးပေါင်းပါ။ ဒါတွေဟာ လတ်တလောမှာ အရေးတကြီး လိုအပ်နေတာဖြစ်ပါတယ်။

တရုတ်အစိုးရနဲ့ မြန်မာနိုင်ငံ အခုအချိန်မှာ ပြတ်ပြတ်သားသား ဖြတ်တောက်လိုက်တာဟာ
အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ တစ်ခါပဲ မျက်နှာပျက်ရပါမယ်။ ဒီ 'တစ်ခါ'ဆိုတဲ့ အရာကပဲ
တိုင်းပြည်တိုးတက်ဖွံ့ဖြိုးမှုဆီကို အနှောင်အတင်းကင်းကင်းနဲ့ ဆွဲယူနိုင်မှာဖြစ်ပါတယ်။
အဲဒီအတွက် ပြည်တွင်းအင်အားစုတွေကို မဖြစ်မနေ စုစည်းတည်ဆောက်ပေးရမှာဖြစ်ပါတယ်။
တရုတ်နဲ့ငြိခဲ့သမျှ ဖြတ်ချလိုက်ပြီး ပြည်သူနဲ့ တစ်သားတည်းသာဖြစ်အောင် လုပ်ဖို့
အမြန်ဆုံးလိုအပ်နေပါတယ်။

မုတ်သုံမိုးဦး