![](https://fbcdn-sphotos-b-a.akamaihd.net/hphotos-ak-xfa1/v/t1.0-9/551970_371906399547937_221132478_n.jpg?oh=96cfe06adabb7a68917dce39a49bb633&oe=55A250CC&__gda__=1437478002_9833cab9e935c3d1d4aa61da8159a2c3)
ရေးသူ (Spring Flowers)
- အမေရိကန်အစိုးက ယခင် ထိမ်ချန်လျို့ဝှက်ထားတဲ့သတင်းအချက်အလက်တွေကို ထုတ်ပေးရတဲ့ သတင်းလွတ်လပ်ခွင့် ဥပဒေ Freedom of Information Act ဆိုတာ ၁၉၉၇ မှာ ပေါ်လာပါတယ် ။ ဒါကြောင့် FBI က ဟိုးအရင်က လျို့ဝှက် အမှုတွဲတွေကို ၂၀၀၆ မှာ ထုတ်ပေးခဲ့ရာမှာ မာရီလင်မွန်ရိုးနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေလည်း ပါခဲ့တယ် ။ အဲဒီစာတွေမှာ သမ္မတရဲ့ ညီ Robert Kennedy နဲ့ မွန်ရိုးတို့ ဆက်ဆံရေးကို အသေးစိတ်ဖော်ပြထားတယ် ။ အဓိက လိုရင်းကို ပြောရရင် ရောဘတ်က သူ့မိန်းမကို ကွာရှင်းပြီး မွန်ရိုးကို ယူပါမယ်လို့ ကတိပေးခဲ့ဖူးသတဲ့ ။
CIA =Central Intelligence Agency အမေရိကန် '' နိုင်ငံအပြင်ဘက် '' ထောက်လှမ်းရေး
![Robert Kennedy မင်္ဂလာပွဲ Robert Kennedy မင်္ဂလာပွဲ](https://scontent-atl.xx.fbcdn.net/hphotos-xaf1/t31.0-8/s720x720/614916_371909746214269_1748809728_o.jpg)
![ရောဘတ်နဲ့ သူ့မိန်းမ Ethel Kennedy ရောဘတ်နဲ့ သူ့မိန်းမ Ethel Kennedy](https://scontent-atl.xx.fbcdn.net/hphotos-xfa1/v/t1.0-9/306800_371909552880955_1322790013_n.jpg?oh=fb3ad83f62cdd11c90e334e1be94536c&oe=55AF6C6B)
- ဒါပေမယ့် အဲဒီကတိကို ရောဘတ်တစ်ယောက် ဘယ်တော့မှ အကောင်အထည်ဖော်မှာ မဟုတ်ဆိုတာ သဘောပေါက်သွားတဲ့ မွန်ရိုးဟာ သူတို့ရဲ့ တိတ်တိတ်ပုန်းဇာတ်လမ်းကို မီဒီယာမှာ ထုတ်ပြောပစ်လိုက်မယ်လို့ ချိန်းခြောက်သတဲ့ ။ ဒီတော့ ဆီးနိတ်လွှတ်တော်အမတ်လည်း ဖြစ် ၊ အသားအရောင် မခွဲခြားရေး တက်ကြွစွာဆောင်ရွက်သူ civil rights activist လည်း ဖြစ်တဲ့ ရောဘတ်အတွက် မွန်ရိုးဟာ အနှောက်အယှက် ဖြစ်လာတယ်လို့ ဆိုတယ် ။ လုပ်ကြံသူများရဲ့ အကြံက '' မွန်ရိုးဟာ ခဏခဏ ဟန်ဆောင် သေကြောင်းကြံရင်း နာမည်ကြီးအောင် လုပ်တတ်တယ် ၊ ဒီတော့ ဒီတခါ အဲလို သေကြောင်းကြံအောင် အားပေးအားမြှောက် ပြုမယ် ၊ ဒါပေမယ့် အရင်ကလို ပြန်သတိရလာတာမျိုး ၊ အချိန်မီ ဆေးရုံရောက်တာမျိုး မရှိစေရ '' ။
- အဲဒီ FBI စာရွက်စာတမ်း ( အစီရင်ခံစာတွေ ) အရ မွန်ရိုးသေမှု မှာ ပါဝင်ပတ်သက်တဲ့ ကြံရာပါတွေကတော့ Robert Kennedy ( သမ္မတရဲ့ ညီ ) ၊ Peter Lawford ( ဟောလိဝုဒ် ရုပ်ရှင်မင်းသားလည်း ဖြစ် ၊ ကနေဒီညီအစ်ကိုရဲ့ ယောက်ဖလည်းဖြစ်သူ ) ၊ မွန်ရိုးရဲ့ စိတ်ကုဆရာဝန် Dr. Greenson ၊ မွန်ရိုးရဲ့ အိမ်ဖော် Eunice Murray ၊ မွန်ရိုးရဲ့ အတွင်းရေးမှုး Pat Newcomb တို့ ပါကြတယ် လို့ ဆိုတယ် ။ ဒါပေမယ့် ဒီ FBI အစီရင်ခံစာတွေ ရဲ့ အစမှာ '' ဒီသတင်းတွေရဲ့ အရင်းအမြစ်ကို သတင်းရေးတဲ့သူက မသိပါ ၊ ဒါကြောင့် မှန်၊ မမှန် အတည်မပြုနိုင်ပါ '' လို့လည်း ပါတယ် ။ ( ရေးတုန်းက ရေးပြီး ....ဟွန်း )
![ကနေဒီ ညီအစ်ကို သုံးယောက် ကနေဒီ ညီအစ်ကို သုံးယောက်](https://scontent-atl.xx.fbcdn.net/hphotos-prn2/v/t1.0-9/s720x720/558056_371909276214316_175638810_n.jpg?oh=54fdc78461418d66ec7b8307ca0427fd&oe=55B4448A)
- ဒီအစီရင်ခံစာမှာ ရေးထားတာနဲ့ မွန်ရိုးသေမှုမှာ စစ်ဆေးခြင်းခံရတဲ့ မျက်မြင်သက်သေတချို့ရဲ့ ထွက်ဆိုမှုနဲ့ ကိုက်ညီမှု ရှိပါတယ် ။ သေတဲ့နေ့မှာ ရောဘတ်ဟာ လူစိမ်းနှစ်ယောက်နဲ့ မွန်ရိုးအိမ်ကိုရောက်လာပြီး လူစိမ်းတစ်ယောက်ရဲ့ လက်ထဲမှာ ဆေးသေတ္တာနက်ပုံစံတစ်ခုလည်း ပါတယ်လို့ ဆိုတယ် ။ မသေခင်တစ်ရက်အလိုမှာ မွန်ရိုးဆီကို ရောဘတ်နဲ့ မပတ်သက်ဖို့ ဆဲရေးပြောဆိုတဲ့ ခြိမ်းခြောက်ဖုန်းတွေ ၀င်လာတယ် လို့လည်း နီးစပ်သူတစ်ယောက်က ထွက်ဆိုတယ် ။
- နောက်ခန့်မှန်းချက်တစ်ခုကတော့ မာဖီးယားဂိုဏ်းက သမ္မတနဲ့ သူ့ညီကို မကျေနပ်လို့ သူတို့ အချစ်တော် မွန်ရိုးကို ရှင်းပစ်ခြင်းအားဖြင့် လက်စားချေတာလို့ ဆိုတယ် ။
- မွန်ရိုးဘယ်လိုပင်သေသေ သေချာတာတစ်ခုကတော့ သူနဲ့ ကနေဒီ ညီနောင်တို့ ပတ်သက်မှုဟာ တဖြည်းဖြည်းနဲ့ အန္တရာယ်ကို လက်ယပ်ခေါ်သလို ဖြစ်နေတာပါဘဲ ။ သာမန်မိန်းကလေးတစ်ယောက်နဲ့ ဇာတ်လမ်းဖြစ်တာထက် ဟောလိဝုဒ်က အဖော်အချွတ်မင်းသမီးနဲ့ ဖောက်ပြန်မှုဟာ လူထုအမြင်စောင်းနိုင်ပြီး သမ္မတရဲ့ နောက်ထပ်ရွေးကောက်ပွဲကို ထိခိုက်နိုင်တယ်လို့ သမ္မတနဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းက ထင်မြင်လာကြတယ်လို့ ဆိုပါတယ် ။
- ဒီထက်မက ပြသာနာကတော့ မွန်ရိုးဟာ နိုင်ငံရေးကို အရမ်းစိတ်ဝင်စားပြီး အမေရိကန်ကွန်မြူနစ် ၊ ရုရှားကွန်မြူနစ်တွေနဲ့ မကြာခဏ ဆွေးနွေးစကားပြောနေတာကို တွေ့ရတတ်တယ် ။ ဒီတော့ FBI ဟာ မွန်ရိုးကို မျက်စိဒေါက်ထောက်ကြည့်လာတာ မဆန်းပါဘူး ။ အချိန်ကလည်း အမေရိကန်နဲ့ သူနဲ့ ရန်သူတော် ဆိုဗီယက်တို့ စစ်မဖြစ်ရုံတမယ် တင်းမာတဲ့ စစ်အေးကာလ Cold War ရဲ့ အထွတ်အထိပ် အချိန် ဖြစ်ပါတယ် ။
![ဆိုဗီယက်ခေါင်းဆောင် ခရူးရှက်ဗ် Khrushchev ဆိုဗီယက်ခေါင်းဆောင် ခရူးရှက်ဗ် Khrushchev](https://fbcdn-sphotos-c-a.akamaihd.net/hphotos-ak-xaf1/v/t1.0-9/283789_371907116214532_1576373902_n.jpg?oh=9ea31eb75d077edb91046dad40e4a435&oe=55AE9C6C&__gda__=1436001213_cc2d9357576b648f7ed6b10e8647f4f8)
![ခရူးရှက်ဗ် အတွက် ကျင်းပတဲ့ ပွဲတခုမှ မာရီလင်မွန်ရိုး ခရူးရှက်ဗ် အတွက် ကျင်းပတဲ့ ပွဲတခုမှ မာရီလင်မွန်ရိုး](https://scontent-atl.xx.fbcdn.net/hphotos-prn2/v/t1.0-9/526598_371905596214684_1908407095_n.jpg?oh=c92514c84ddf14711034f850068e2648&oe=55B759C0)
![](https://scontent-atl.xx.fbcdn.net/hphotos-xfa1/v/t1.0-9/427385_371907449547832_805759433_n.jpg?oh=cf7d0f0427de15e204726ce6b4c67139&oe=55A7BCC1)
- စစ်အေးကာလမှာ အမေရိကန်နဲ့ ဆိုဗီယက်အကြား တခြားတင်းမာမှုတွေရှိပေမယ့် မွန်ရိုးနဲ့ ကနေဒီညီအစ်ကိုတို့ တွဲနေတဲ့ ၁၉၆၂ ရဲ့ တင်းမာမှုကတော့ အဆိုးဆုံး ဖြစ်ပြီး တတိယကမ္ဘာစစ် ဖြစ်ဖို့ တဲတဲလေးသာ လိုတဲ့ ကာလ လို့ ဆိုကြတယ် ။ မွန်ရိုးကလည်း သေမယ့်နှစ်ကျမှ စစ်ထဲဝင် ဆိုသလို အန္တရာယ်များတဲ့ အချိန်မှာ အန္တရာယ်များတဲ့ နိုင်ငံရေးသမားတွေနဲ့တွဲမိပြီး အန္တရာယ်များတဲ့ အကြောင်းတွေကိုမှ သွားပြောမိသတဲ့ ။ အဲဒီအကြောင်းကို တိုတိုနဲ့ လိုရင်း ပြောပြချင်ပါတယ် ။
- ကနေဒီ John F.Kennedy ဟာ ၁၉၆၁ မှာ သမ္မတရာထူးကို ရခဲ့တယ် ။ သမ္မတဖြစ်ပြီး သုံးလတောင်မကြာခင် အမေရိကန်အောက်နား ပင်လယ်ထဲက ကျူးဘား ( Cuba ) ဆိုတဲ့ ကျွန်းနိုင်ငံသေးသေးလေးမှာရှိတဲ့ ကွန်မြူနစ်အစိုးရကို ဖြုတ်ချဖို့ စစ်ဆင်ရေး ( ၂ ) ခု လုပ်ခဲ့တယ် ။ အဲဒီအချိန်မှာ ကျူးဘား ၀န်ကြီးချုပ်က ဖီဒယ်ကက်စထရို Fidel Castro ( ယနေ့ထိ အသက်ရှင်ဆဲ ) ပါ ။
![ယခင်က ကျူးဘားခေါင်းဆောင် Fidel Castro ယခင်က ကျူးဘားခေါင်းဆောင် Fidel Castro](https://scontent-atl.xx.fbcdn.net/hphotos-xaf1/v/t1.0-9/405362_371911502880760_1656643985_n.jpg?oh=4ffb6f3e157da7717477dd8b8990db5b&oe=55BCCB6D)
![ယခု Fidel Castro ( ကျူးဘားရဲ့ အခုလက်ရှိခေါင်းဆောင်ကလည်း Fidel Castro ရဲ့ ညီ Raul Castro ဖြစ်ပါတယ် ။ ) ယခု Fidel Castro ( ကျူးဘားရဲ့ အခုလက်ရှိခေါင်းဆောင်ကလည်း Fidel Castro ရဲ့ ညီ Raul Castro ဖြစ်ပါတယ် ။ )](https://scontent-atl.xx.fbcdn.net/hphotos-frc3/v/t1.0-9/580794_371916046213639_1170549438_n.jpg?oh=d1801cd7b31b9f24a8a2558d370fbafa&oe=559D096B)
- အဲဒီ ကက်စထရို Fidel Castro နဲ့ ဆိုဗီယက် ၀န်ကြီးချုပ် ခရူးရှက်ဗ် Khrushchev နဲ့ က ကွန်မြူနစ်အချင်းချင်းမို့ အလွမ်းသင့်တယ် တဲ့ ။ အမေရိကန်က ကျူးဘားမှာကျင့်သုံးနေတဲ့ ကွန်မြူနစ်ဝါဒဟာ တောင်အမေရိကတစ်ခုလုံးကို ပြန့်သွားမှာ အရမ်းစိုးရိမ်တယ် ။ ဒါကြောင့် ဖီဒယ် ကက်စထရိုကို ဖြုတ်ချပြီး သူတို့နဲ့ အလွမ်းသင့်မယ့် အစိုးရကို တင်ချင်တယ် ။ ဒါကြောင့်ဘဲ ကနေဒီ မတိုင်မီ သမ္မတ အိုင်ဆင်ဟောင်ဝါ လက်ထက်ကတည်းက အမေရိကန်ထောက်လှမ်းရေး CIA က ကျူးဘားအစိုးရကို ဖြုတ်ချဖို့ ကြိုးစားခဲ့တယ် ။ ကနေဒီလက်ထက်မှာ ဆက်ပြီး စစ်ဆင်ရေး ( ၂ ) ခု လုပ်တယ် ။ တစ်ခုက ကျူးဘားနိုင်ငံသား ပြည်ပြေးတွေကို CIA က လေ့ကျင့်ပေးပြီး ကျူးဘားနိုင်ငံတောင်ပိုင်းကို သိမ်းဖို့ အကူအညီပေးခဲ့တယ် ။ ဒါပေမယ့် ကျူးဘားကလည်း မခေပါဘူး တဲ့ ။ ဆိုဗီယက်အပါအ၀င် တခြား ကွန်မြူနစ်နိုင်ငံတွေက လက်နက်တပ်ဆင်ပေးပြီး လေ့ကျင့်ပေးထားတဲ့ ကျူးဘားစစ်တပ်က ကျူးကျော်သူတွေကို သုံးရက်နဲ့ အပြတ်ချေမှုန်းလိုက်နိုင်သတဲ့ ။ အဲဒီ အမေရိကန် ရှုံးတဲ့ စစ်ဆင်ရေးကို Bay of Pigs ဆိုတဲ့ ပင်လယ်အော်နားမှာ ဖြစ်လို့ Bay of Pigs Invasion လို့ ခေါ်ပြီး ၁၉၆၁ ဧပြီလမှာ ဖြစ်ခဲ့တာပါ ။
![](https://scontent-atl.xx.fbcdn.net/hphotos-frc3/v/t1.0-9/526407_371912382880672_2008057593_n.jpg?oh=b60fce05eed0cf338a7e2a485438fd9e&oe=559884BA)
- နောက် ( ၇ ) လအကြာ ၁၉၆၁ နိုဝင်ဘာမှာ တစ်ခါ Mongoose Operation ဆိုပြီး စစ်ဆင်ရေးတစ်ခု အမေရိကန်က လုပ်ပြန်တယ် ။ ဒီတခါတော့ ၀ါဒဖြန့်တာရော ၊ ရန်သူရဲ့ စိတ်ကို လွှမ်မိုးပြီးကိုယ်လိုချင်တာကို အကောင်အထည်ဖော်တဲ့ စိတ်ဓါတ်စစ်ဆင်ရေးတွေရော ၊ ရန်သူကို အင်အားနည်းလာအောင်လုပ်တဲ့ ဖောက်ခွဲဖျက်ဆီးနည်းတွေရော နည်းမျိုးစုံသုံးပါတယ် ။ ဒါပေမယ့် ဒီတခါလည်း မအောင်မြင် ။
- အဲဒါတွေလည်း ပြီးရော ကျူးဘားက စိတ်ဆိုးပြီး ကွန်မြူနစ်ဘိုးအေ ဆိုဗီယက် အကူအညီနဲ့ ကျူးဘား နိုင်ငံတွင်းမှာ ဒုံးကျည်တွေ တည်ဆောက်ပါလေရော ။ CIA ထောက်လှမ်းရေးသတင်းတွေအရ အဲဒီဒုံးကျည်တွေဟာ အမေရိကန်နိုင်ငံတစ်ခုလုံးနီးပါးကို ဖျက်ဆီးနိုင်လောက်အောင် အားကောင်းတယ်ဆိုတာ သိရတော့ အမေရိကန် မျက်လုံးပြူးသွားသတဲ့ ။ သူတို့ အလှည့်ကျ ပြူးတယ်နော် ။ အဲဒီမတိုင်ခင် အမေရိကန်က ဆိုဗီယက် ရန်ကို ကာကွယ်ဖို့ ဆိုပြီး ဒုံးချည် ၁၀၀ လောက်ဆောက်ပြီး အီတလီ ၊ အင်္ဂလန်နဲ့ တူရကီတွေမှာ ဖြန့်ကျက်တပ်ထားတာတော့ မပြောဘူး ။
- တိုတိုပြောရရင် အခု ကျူးဘားမှာ လာတပ်တဲ့ ဆိုဗီယက် ဒုံးကျည်တွေကြောင့် အမေရိကန်နဲ့ ဆိုဗီယက်တို့ ကြား အခြေအနေအရမ်းအရမ်းကို တင်းမာလာပြီး အကိုင်အတွယ် မတတ်ရင် နူးကလီးယားစစ် သို့မဟုတ် တတိယကမ္ဘာစစ်ထိ ဖြစ်သွားနိုင်တဲ့ အထိ ကြီးကျယ်သွားနိုင်တယ် ။ ဒီအရေးအခင်းကို ဖြေရှင်းဖို့ အစပိုင်းမှာ အမေရိကန်က လေကြောင်း ၊ ရေကြောင်းတွေနဲ့ ချမယ် ဆိုပြီး လုပ်ပါတယ် ။ ဒါပေမယ့် နောက်တော့ အကြောင်းအမျိုးမျိုးကြောင့် ကျူးဘားကို စစ်ရေးအရ ပိတ်ဆို့ဖို့သာ ဆုံးဖြတ်လိုက်တယ် ။ ကျူးဘားထဲဝင်သမျ လမ်းကြောင်းတွေကို ပိတ်ဆို့ထားပြီး ကျူးဘားမှာ ဆောက်နေဆဲ နဲ့ ဆောက်ပြီး ဒုံးကျည်တွေကို ဖျက်သိမ်းပေးပါလို့ ဆိုဗီယက်ကို တောင်းဆိုပါတယ် ။
![ကနေဒီ ( ဘယ် ) နဲ့ ဦးသန့် ကနေဒီ ( ဘယ် ) နဲ့ ဦးသန့်](https://fbcdn-sphotos-a-a.akamaihd.net/hphotos-ak-ash2/v/t1.0-9/524357_371979082874002_308503923_n.jpg?oh=8ca05eb3caba2f9d3fd6ca05128b476f&oe=55AE7EFD&__gda__=1436605468_e84618a14a642a035049bcdcff776429)
- အဲဒီအချိန်က ကုလသမ္မက အထွေထွေအတွင်းရေးမှုးချုပ် က မြန်မာနိုင်ငံသား ဦးသန့် ပါ ။ ဒီအန္တရာယ်များလွန်းတဲ့ တင်းမာမှုကြီး လျော့ကျအောင် ကြိုးပမ်းရာမှာ ဦးသန့်ရဲ့ စွမ်းဆောင်ချက်တွေ အများကြီးပါခဲ့တယ် ။
ဆိုဗီယက်ကိုပါ အစွန်းရောက်တဲ့ ဆုံးဖြတ်ချက်တွေ မချမိအောင်
ဖြောင်းဖျတိုက်တွန်းနိုင်ခဲ့တယ် ။ တကယ်တော့ နှစ်ဖက်စလုံးဟာ သူတို့ ရောက်နေတဲ့
အခြေအနေ ဘယ်လောက် အန္တရာယ်ကြီးမှန်း သိပေမယ့် အလျှော့ပေးမယ့် အရေးကို ခက်နေကြတယ်
။ ဦးသန့်သာ ကြားထဲက လိမ္မာပါးနပ်စွာ ပါဝင်မှု မရှိခဲ့ရင် နှစ်ဖက်စလုံးဟာ
ရှေ့တိုးရခက် နောက်ဆုတ်ရခက် အခြေအနေကနေ ဘယ်လို ဖြစ်ကြမယ် မသိ ။
![ဦးသန့် ( တတိယမြောက် ကုလသမ္မဂ အထွေထွေ အတွင်းရေးမှုးချုပ် .... ၁၉၆၁ ကနေ ၁၉၇၁ ထိ ရာထူးသက်တမ်း နှစ်ကြိမ် တာဝန်ထမ်းခဲ့တယ် ။ ဦးသန့် ( တတိယမြောက် ကုလသမ္မဂ အထွေထွေ အတွင်းရေးမှုးချုပ် .... ၁၉၆၁ ကနေ ၁၉၇၁ ထိ ရာထူးသက်တမ်း နှစ်ကြိမ် တာဝန်ထမ်းခဲ့တယ် ။](https://scontent-atl.xx.fbcdn.net/hphotos-xaf1/v/t1.0-9/551953_371914259547151_2116842005_n.jpg?oh=283317e9c8625eac93d43ce4e1d0574a&oe=55978B60)
- ဦးသန့် ဟာ ကနေဒီနဲ့ ပေါင်းပြီး ဆိုဗီယက်ခေါင်းဆောင် ခရူးရှက်ဗ်ဆီက သဘောတူညီချက်တွေ ရခဲ့တယ် ။ သဘောတူညီချက်က လူသိရှင်ကြားနဲ့ လျို့ဝှက် ဆိုပြီး ပုံစံ နှစ်မျိုးနဲ့ ပါ ။ လူသိရှင်ကြား သဘောတူညီချက်အရ ဆိုဗီယက်က ကျူးဘားမှာ တပ်ထားတဲ့ ဒုံးကျည်တွကို ပြန်ဖြုတ်ပြီး ဆိုဗီယက်ကို ပြန်သယ်သွားခဲ့တယ် ၊ အဲဒီအတွက် အမေရိကန်က ကျူးဘားကို ဘယ်တော့မှ မကျူးကျော်ပါဘူး လို့ ကတိပေးရတယ် ။ လျှို့ဝှက်သဘောတူညီချက်ကတော့ အမေရိကန်က တူရကီနဲ့ အီတလီမှာ သွားတပ်ထားတဲ့ ဒုံးကျည်တွေကို ဖြုတ်ပေးရပါတယ် ။ ( အမေရိကန်က အထက်ကချည်း နေချင်ပုံဘဲနော် ....သူ့ကျတော့ လျှို့ဝှက်၊ သူများကျတော့ ပေါ်တင် )
- အရေးအခင်းပြီးတော့ ကနေဒီ က ဆိုတယ် .....'' ဦးသန့်ရဲ့ ကျေးဇူးကြွေးတွေဟာ
debt . '' တဲ့ ။
![](https://fbcdn-sphotos-a-a.akamaihd.net/hphotos-ak-xaf1/v/t1.0-9/482111_371914202880490_1019653563_n.jpg?oh=c7ba667cca49c7d7ffc7c047ff1fa96a&oe=55983088&__gda__=1437802585_b8c0ce0af80096a0dc22720e06d08d95)
![ဆိုဗီယက်ခေါင်းဆောင် ခရူးရှက်ဗ်နဲ့ အမေရိကန်သမ္မတ ကနေဒီ ဆိုဗီယက်ခေါင်းဆောင် ခရူးရှက်ဗ်နဲ့ အမေရိကန်သမ္မတ ကနေဒီ](https://fbcdn-sphotos-e-a.akamaihd.net/hphotos-ak-frc3/v/t1.0-9/526375_371912892880621_806861206_n.jpg?oh=b5c293a833467df7a340de3d2ae85aa1&oe=559B9DB5&__gda__=1437379306_6e328a350d34985e46847a97db8c03ba)
![ဦးသန့်နဲ့ ဆိုဗီယက်ခေါင်းဆောင် ခရူးယှက်င်္ဗ ( ယာ ) ဦးသန့်နဲ့ ဆိုဗီယက်ခေါင်းဆောင် ခရူးယှက်င်္ဗ ( ယာ )](https://fbcdn-sphotos-g-a.akamaihd.net/hphotos-ak-xaf1/v/t1.0-9/251877_371976426207601_1220772363_n.jpg?oh=10faf1e72ff43edeb678d43ab50c13e4&oe=55ABC5FC&__gda__=1436982829_bf8bcaf9f8a255556daa455cceb3b1ff)
- ဒီကျူးဘားအရေးအခင်းမှာ အဲဒီလို အမေရိကန်က လူပုံအလယ် မျက်နှာမပျက်ရဘဲ ရှင်းလိုက်နိုင်တာကြောင့် တဖက်မှာတော့ ဆိုဗီယက်က သူခင်းတဲ့ ဇာတ်ကို မနိုင်သူ အဖြစ် ကမ္ဘာ့အလယ်မှာ မျက်နှာပျက်ရတယ် ။ ၀န်ကြီးချုပ် ခရူးရှက်ဗ်လည်း ဒီကိစ္စကြောင့် သိက္ခာတွေ အကြီအကျယ်ကျရပြီး နောက် ( ၂ ) နှစ်အကြာမှာ ၀န်ကြီးချုပ်ရာထူးက ပြုတ်ပါတယ် ။
- ဒီအတိုချုပ်ကလေးကို ဖတ်ကြည့်ရင် သမ္မတကနေဒီဟာ မွန်ရိုးနဲ့ ဇာတ်လမ်းဖြစ်နေတဲ့ ၁၉၆၂ မှာ ဘယ်လောက်ခေါင်းစားနေမလဲ ဆိုတာ မှန်းလို့ ရပါပြီ ။ ဘာကြောင့် FBI က ကွန်မြူနစ်တွေနဲ့ တွဲနေတဲ့ မွန်ရိုး ၊ ကနေဒီနဲ့ အကျွမ်းဝင်နေတဲ့ မွန်ရိုးကို မျက်စိဒေါက်ထောက်ကြည့်နေရသလဲ ဆိုတာ မှန်းလို့ရပြီ ထင်ပါတယ် ။ FBI အစီရင်ခံစာတစ်ခုမှာ မွန်ရိုးဟာ ကနေဒီနဲ့ တွေ့စဉ် နူးကလီးယားစမ်းသပ်မှုရဲ့ ကောင်းကျိုး ဆိုးကျိုး တွေကို ဆွေးနွေးတယ် လို ဆိုတယ် ။ သမ္မတက မွန်ရိုး သူ့ဆီကို လွတ်လွတ်လပ်လပ် ဆက်သွယ်လို့ ရအောင် အမေရိကန်တရားရေး ဌာန ကတဆင့် ခေါ်လို့ရတဲ့ ဖုန်းနံပါတ် အထိပါ မွန်ရိုးကို ပေးထားတယ်ဆိုတာကလည်း မွန်ရိုးနဲ့ ကနေဒီ ရင်းနှီးမှုအတိုင်းအတာကို ဖော်ပြနေပါတယ် ။ ဒီလိုနဲ့ မွန်ရိုးဟာ သမ္မတရဲ့ security risk ဖြစ်လာတာကြောင့် နှုတ်ပိတ်ခံရတာ ၊ သို့မဟုတ် သမ္မတနဲ့ ရင်းနှီးရာက မသိသင့်တာတွေ သိလာတယ် ၊ သိလွန်းတာကြောင့် နှုတ်ပိတ်ခံရတယ်ဆိုတဲ့ ကောက်ချက်ဟာ ယနေ့ထိ တိုင်ရှိနေတာလည်း ဖြစ်ပါတယ် ။
![မွန်ရိုးနဲ့ ကနေဒီ ညီအစ်ကို မွန်ရိုးနဲ့ ကနေဒီ ညီအစ်ကို](https://fbcdn-sphotos-f-a.akamaihd.net/hphotos-ak-xfa1/v/t1.0-9/533120_371978396207404_778493289_n.jpg?oh=09ac5748165c4810deae97962dba6fcc&oe=5598909B&__gda__=1437670181_8a5347b239b1fe8f1d520835976ae04b)
![](https://fbcdn-sphotos-g-a.akamaihd.net/hphotos-ak-xaf1/v/t1.0-9/405177_371978219540755_1065024321_n.jpg?oh=efa58ffdb1f1a0ec7aa5e29dd7bf12c1&oe=55B4164C&__gda__=1438051485_82e694d8a86886670c90e343bb739d88)
![မွန်ရိုးရဲ့ နောက်ဆုံးခရီး မွန်ရိုးရဲ့ နောက်ဆုံးခရီး](https://fbcdn-sphotos-b-a.akamaihd.net/hphotos-ak-xfa1/v/t1.0-9/255288_371978582874052_221419696_n.jpg?oh=1d51f6c345ffa5e2a44db105bfc9546f&oe=55BBED22&__gda__=1438133660_509c622b960b87fbfe8038f506a0f51a)
![မွန်ရိုးသေတဲ့ အိပ်ခန်း မွန်ရိုးသေတဲ့ အိပ်ခန်း](https://scontent-atl.xx.fbcdn.net/hphotos-ash2/v/t1.0-9/s720x720/625411_371978302874080_1740021243_n.jpg?oh=24613b95b8555f5018861f49dd23a422&oe=55A228E6)
- နိဂုံးချုပ်ရရင်တော့ ( သူနဲ့ ရင်းနှီးသူ တစ်ယောက် ပြောသလို ) မှားယွင်းစွာ မွေးလာတဲ့ မွန်ရိုး ၊ ငယ်စဉ်က မွေးစားအိမ်တွေ လှည့်နေခဲ့ရတဲ့ မွန်ရိုး ၊ အမြဲ အထီးကျန်ဆန်ခံစားနေရတတ်တဲ့ မွန်ရိုးဟာ ဘ၀အဓိပါယ်ကို မှားယွင်းတဲ့ နေရာတွေမှာ ရှာရင်း သေခဲ့တယ် ၊ လှပစွာ ၊ အထီးကျန်စွာ နဲ့ ပဟေဠိဆန်စွာ သေခဲ့ပါတယ် ။ အခု သြဂုတ်လ ၅ ရက်နေ့ ဆို မွန်ရိုး လောကကြီးထဲက ထွက်ခွာသွားတာ အနှစ် ( ၅၀ ) ပြည့်ခဲ့ပါပြီ ။ ဒါပေမယ့် ယနေ့တိုင် အမေရိကန်ရဲ့ Pop Culture မှာ မာရီလင်မွန်ရိုးဟာ ထိပ်ဆုံးက နေရာယူဆဲ ၊ အမေရိကန်ရဲ့ ရုပ်ရှင်သမိုင်းက အအောင်မြင်ဆုံးများထဲမှာ ပါဆဲပါ ။
![ကနေဒီရဲ့ ၄၅ နှစ်မြောက်မွေးနေ့မှာ မွန်ရိုးက Happy Birthday, Mr.President သီချင်းကို ဆိုစဉ် ။ ဒီအင်္ကျီကို ၁၉၉၉ မှာ လေလံပစ်တော့ ဒေါ်လာ ၁.၂၆ သန်းရခဲ့တယ် ။ ကနေဒီရဲ့ ၄၅ နှစ်မြောက်မွေးနေ့မှာ မွန်ရိုးက Happy Birthday, Mr.President သီချင်းကို ဆိုစဉ် ။ ဒီအင်္ကျီကို ၁၉၉၉ မှာ လေလံပစ်တော့ ဒေါ်လာ ၁.၂၆ သန်းရခဲ့တယ် ။](https://fbcdn-sphotos-g-a.akamaihd.net/hphotos-ak-xaf1/v/t1.0-9/422369_371914969547080_643541354_n.jpg?oh=3e4aa7514a13c217506963852635c9ab&oe=55A9CE93&__gda__=1437017922_91abeefdd19c0fa3f83f35a8d898012d)
![](https://scontent-atl.xx.fbcdn.net/hphotos-xaf1/v/t1.0-9/283712_371908902881020_668969120_n.jpg?oh=d88e7ab980ca32ce5c9da7242984de80&oe=559E252C)
![](https://fbcdn-sphotos-g-a.akamaihd.net/hphotos-ak-prn2/v/t1.0-9/527128_371909092881001_308293263_n.jpg?oh=a34d33b64c9f5a8302c70854b67e2a76&oe=55AD5B69&__gda__=1436629543_7adf0c42de55de65f9f0e484f8b7ae1b)
![စံပြမိသားစုဆိုတာ ဂလိုကိုး ( ကနေဒီနဲ့ သူ့ First Lady ...) စံပြမိသားစုဆိုတာ ဂလိုကိုး ( ကနေဒီနဲ့ သူ့ First Lady ...)](https://fbcdn-sphotos-c-a.akamaihd.net/hphotos-ak-xaf1/v/t1.0-9/283688_371910846214159_308975701_n.jpg?oh=7b230c1f92436c07afcb0442728020be&oe=55B14085&__gda__=1441074516_4518255122076423280719081013b6c6)
![ကနေဒီနဲ့ မွန်ရိုး အိမ်ဖြူတော်ထဲက Oval Office မှာ ( ရှားပါးပုံမို့ အပိုင်း ၁ မှာ ရော ၂ မှာရော ထည့်ထားတာပါ ) ကနေဒီနဲ့ မွန်ရိုး အိမ်ဖြူတော်ထဲက Oval Office မှာ ( ရှားပါးပုံမို့ အပိုင်း ၁ မှာ ရော ၂ မှာရော ထည့်ထားတာပါ )](https://scontent-atl.xx.fbcdn.net/hphotos-ash2/v/t1.0-9/582077_372303582841552_531973113_n.jpg?oh=3428e8321138323062204a617e03beb5&oe=55996EF2)
![သမ္မတကနေဒီနဲ့ သူ့အမျိုးသမီး ဂျက်ကလင်း ကနေဒီ Jacqueline Kennedy သမ္မတကနေဒီနဲ့ သူ့အမျိုးသမီး ဂျက်ကလင်း ကနေဒီ Jacqueline Kennedy](https://scontent-atl.xx.fbcdn.net/hphotos-xfa1/v/t1.0-9/533112_371911272880783_1749382356_n.jpg?oh=74b6b54a4d5449b366543a879683776a&oe=55A0A059)
- ချီဂါကိုမှ မာရီလင်မွန်ရိုး ရုပ်ထုကြီးတည်ဆောက်ပုံကို ဖော်ပြလိုက်ပါတယ် ။ ၂၆ ပေမြင့်ပြီး Stainless Steel နဲ့ ၂၀၁၁ မှာ ဆောက်ခဲ့တာပါ ။
![](https://scontent-atl.xx.fbcdn.net/hphotos-xfa1/v/t1.0-9/405541_371982346207009_1118366994_n.jpg?oh=f8e2fbc923ef0cd1a49cdf499277f8ca&oe=55B7F7CD)
![](https://scontent-atl.xx.fbcdn.net/hphotos-xaf1/v/t1.0-9/427008_371982619540315_1634592255_n.jpg?oh=e20611f6602f1159c7e71c73a8a2eb30&oe=55A9217D)
![](https://fbcdn-sphotos-a-a.akamaihd.net/hphotos-ak-xaf1/v/t1.0-9/531251_371982656206978_1687380730_n.jpg?oh=59676d30e1ea2cfd4472ed489a7eccf3&oe=55B1EBFD&__gda__=1436537388_48061e9cecec83f33a25ec457c2cea42)
![](https://scontent-atl.xx.fbcdn.net/hphotos-xaf1/v/t1.0-9/s720x720/428873_371982719540305_260802139_n.jpg?oh=23564fd8df891815716a652823dac016&oe=559CF864)
![](https://fbcdn-sphotos-e-a.akamaihd.net/hphotos-ak-xaf1/v/t1.0-9/406283_371982789540298_1096678464_n.jpg?oh=f2b5046d1793667cc0a27b4de289e824&oe=559D13E4&__gda__=1437246773_f7120850ebf42ccbfccca8680832e0f2)
![](https://fbcdn-sphotos-f-a.akamaihd.net/hphotos-ak-ash2/v/t1.0-9/581946_371982829540294_631436331_n.jpg?oh=130f8ae1458bb13c73cf90b50ec6458f&oe=55B83B6F&__gda__=1436393358_69f0bd82f0b534f9fe35cbfe13be0ffa)
![](https://fbcdn-sphotos-d-a.akamaihd.net/hphotos-ak-prn2/v/t1.0-9/s720x720/548919_371982892873621_986341006_n.jpg?oh=56cd3a6a5c44e6ed319ad00deeb2eb7c&oe=55AEBFC5&__gda__=1437943220_c5e762fecb301ea6d390b93fe3d6e6cc)
![](https://fbcdn-sphotos-g-a.akamaihd.net/hphotos-ak-xaf1/v/t1.0-9/s720x720/313214_371982929540284_1450581906_n.jpg?oh=a75975664d4075759f6e6cf14f85870d&oe=55B156BF&__gda__=1436099480_2bb34f23427000f5c37ea731b93eeaa1)
![](https://scontent-atl.xx.fbcdn.net/hphotos-xaf1/v/t1.0-9/391474_371982956206948_1117764911_n.jpg?oh=97308fbb216b8992980e3623d7f94909&oe=559BF3AB)
![](https://scontent-atl.xx.fbcdn.net/hphotos-prn2/v/t1.0-9/562780_371982976206946_421011193_n.jpg?oh=f9e91b216dfe22803401a1707c5feed8&oe=55A75BCD)
![](https://scontent-atl.xx.fbcdn.net/hphotos-ash2/v/t1.0-9/547751_371982486206995_1286660975_n.jpg?oh=a8ce1ed7712983e20acdf03a5bc0a8f5&oe=559AF67C)
http://www.cbsnews.com/stories/2006/04/20/48hours/main1524970.shtml
http://www.trutv.com/library/crime/notorious_murders/celebrity/marilyn_monroe/7.html
http://www.walterdorn.org/pub/8
http://en.wikipedia.org/wiki/Marilyn_monroe
http://en.wikipedia.org/wiki/Death_of_Marilyn_Monroe
http://en.wikipedia.org/wiki/Cuban_Missile_Crisis
http://en.wikipedia.org/wiki/Operation_Mongoose
http://en.wikipedia.org/wiki/Bay_of_Pigs_Invasion
http://en.wikipedia.org/wiki/James_Dougherty_%28police_officer%29
http://en.wikipedia.org/wiki/Joe_DiMaggio
August 4, 2012 at 11:05pm
https://www.facebook.com/notes/spring-flowers/%E1%80%99%E1%80%AC%E1%80%9B%E1%80%AE%E1%80%9C%E1%80%84%E1%80%B9-%E1%80%99%E1%80%BC%E1%80%94%E1%80%B9%E1%80%9B%E1%80%AD%E1%80%AF%E1%80%B8-%E1%80%98%E1%81%80%E1%80%94%E1%80%AD%E1%80%82%E1%80%B6%E1%80%AF%E1%80%B8%E1%80%99%E1%80%BD-%E1%80%B1%E1%80%9B%E1%82%8A%E1%80%9B%E1%80%90%E1%80%AF%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%B9-%E1%80%A1%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8-%E1%81%82-/371879152883995
မူရင်း