Tuesday 11 March 2014

အမေရိကန်မှာ ကြောင်တစ်ကောင်ကို မြို့တော်ဝန်အဖြစ် ခန့်အပ်ထား

ရိုးရာလေး
အမေရိကန်မှာ ကြောင်တစ်ကောင်ကို မြို့ တော်ဝန်အဖြစ် ခန့်အပ်ထား
ကြောင်တစ်ကောင်ကို မြို့ တော်ဝန် ခန့်တယ်ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စလို့ ယူဆပေမယ့်
တကယ်ကို ဖြစ်နေပါတယ်။ အမေရိကန်နိုင်ငံ အနောက်မြောက်ပိုင်း အလက်စကာပြည်နယ်ရှိ Talkeetna မြို့ ငယ်လေးရဲ့  မြို့တော်ဝန်အဖြစ် Stubb အမည်ရ ကြောင်ကို မြို့ တော်ဝန် အဖြစ် ခန့်အပ်ထားပါတယ်။ ခန့်အပ်ဖြစ်ပုံက ဒီလို ဖြစ်ပါတယ်။ ၁၉၉၇ ခုနှစ် ဇူလိုင်လက Talkeetna မှ မြို့ တော်ဝန် ရွေးကောက်ပွဲ လုပ်ကြပါတယ်။ လူဦးရေ ၉၀၀ ပဲရှိတဲ့ မြို့ ငယ်လေး ဖြစ်ပါတယ်။ ဘယ်သူမှ ဘယ်သူ့ကိုမှ မြို့ တော်ဝန် မခန့်ချင်ကြပါဘူး။ ဒါကြောင့် အားလုံး ပြောင်ပြောင် နောက်နောက်နဲ့ မဲစာရွက်မှာ ကြောင်အမည် Stubb ကိုထည့်ပြီး မဲပေးကြပါတယ်။ ဒါကြောင့် Candidate စာရင်းမှာ မပါပေမယ့် Write in Candidate တစ်ဦး ဖြစ်လာပြီး အားလုံး ချီးမြောက်မှုကြောင့် မြို့ တော်ဝန် ဖြစ်သွားရရှာပါတယ်။ ယနေ့ထိတိုင်လည်း မြို့ တော်ဝန်ပဲ ဖြစ်ပါတယ်။ ၁၉၉၇ ၊ဧပြီလ ၁၂ ရက် က မွေးဖွားပြီး ယနေ့ဆိုရင် ၁၅ နှစ်ကျော်သွားပါပြီ။ မသေမချင်း တစ်သက် လုံး မြို့ တော်ဝန် ရာထူးနဲ့ Talkeetna ကို အုပ်ချုပ်သွားရမယ့် ပုံ ပေါ်ပါ တယ်။ ရေတောင် ဖန်ခွက်နဲ့တိုက်တာ ဖြစ်ပါတယ်။ အမေရိကန်ရဲ့  အရာရှိ မှတ်တမ်းစာရင်းထဲလည်း တကယ် ထည့်ထားရပြီး Talkeetna မြို့ တော်ဝန် အဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။ ဒါကြောင့် ကြောင်တစ်ကောင်ကို မြို့ တော်ဝန်ခန့်ထားတဲ့ Talkeetna မြို့ ဟာ တစ်နေ့ကို ကမ္ဘာလှည့်ခရီးသွား ၄၀ ကျော် လာရောက်လေ့လာပြီး အမေရိကန်မှာ လည်ပတ်စရာ မြို့ တစ်ခု ဖြစ်လာပါတယ်။
-- Ref:wiki
အောင်ခမ်း (ရိုးရာလေး)

ရေပေါ်က လူနေအိမ်ရာ - MS The World

 ရိုးရာလေး
ရေပေါ်က လူနေအိမ်ရာ - MS The World
The World လို့အမည်ပေးထားတဲ့ အပျော်စီး သင်္ဘောဟာ ရေပေါ်က လူနေအိမ်ရာ  တစ်ခု အဖြစ်လည်း သတ်မှတ် ထားပါတယ်။ အကြောင်း ကတော့ သင်္ဘောပေါ်က အခန်းတွေကို ခရီးစဉ် လိုက်ပါသူတို့က ပိုင်ဆိုင်လို့ ဖြစ်ပါတယ်။ လူနေခန်း ၁၀၆ ခန်း၊ Music studio ၁၉ ခု၊ အခြား စတူဒီယို အခန်းပေါင်း ၄၀ ပါဝင်ပြီး ခရီးသည်ပေါင်း ၂၀၀ နဲ့ အလုပ်သမားပေါင်း ၂၅၀ စုစုပေါင်း ၄၅၀ အထိ လိုက်ပါနိုင်မှာ ဖြစ်ပါတယ်။
အခန်းတွေကို အပိုင်ဝယ်လို့ရ ပါတယ်။ အမေရိကန် ဖလော်ရီဒါပြည်နယ်က ကုမ္မဏီတစ်ခု ပိုင်ပေမယ့် ဘဟားမား ဆိပ်ကမ်းမှာ မှတ်ပုံတင်ထားတဲ့ လှေ ဖြစ်ပါတယ်။ ကမ္ဘာပတ်ဖို့အတွက် တည်ဆောက်ထားပြီး အမြဲလိုလို ခရီးသွားနေပါတယ်။ အခန်းပိုင်သူများအနေနဲ့ ကြုံ ရာဆိပ်ကမ်းကနေ တက်စီးရုံပါပဲ။ အခန်းတွေ ကလည်း အင်မတန် ဈေးကြီးပါတယ်။ တိုက်ဂါးဝုဒ်လို့ ကမ္ဘာကျော် ဂေါက် ရိုက် သမားလည်း အခန်းတစ်ခန်း ပိုင်ထား ပါတယ်။
ပျမ်းမျှတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂ သန်း တန်ကြောင်း ဆိုပါတယ်။ နှစ်စဉ် ပြင်ဆင်စရိတ် အတွက် အမေရိကန်ဒေါ်လာ ၇သောင်းဆီ ပေးဆောင်ရကြောင်း ဆိုပါတယ်။ အိမ်ရာ ကွန်ဒို တစ်ခုလိုကို သဘောထားပြီး ကုန်ကျစရိတ်က အမြဲတမ်း ရှိပါတယ်။ ၂၀၀၂ ခုနှစ် မတ်လမှာ စတင် လည်ပတ်တဲ့ သင်္ဘောကြီး ဖြစ်ပြီး ၁၂ ထပ် သင်္ဘော ဖြစ်ပါတယ်။ ၆၄၄ ပေ ၂ လက်မ အရှည်ရှိ ပါတယ်။ MS The World ဟာ ယနေ့မှာ ကမ္ဘာ့ ဈေးအကြီးဆုံး အိမ်ရာ အဖြစ်ကော၊ အပျော်စီး သင်္ဘောအဖြစ်ကော အသိမှတ်ပြုခံထားရကြောင်း သိရ ပါတယ်။
အောင်ခမ်း (ရိုးရာလေး)

Sunday 9 March 2014

သတိမမူ ဂူမမြင်

သတိသပ္ပစဉ်ကို နိုးထထားနိုင်ခြင်း မရှိသည့်အခါ မြင်နေလျှက်ကန်းနေတတ်ပြီး ထိကိုင်နေပါလျှက်
ထိုထိကိုင်ခြင်းကို မခံစားတတ်နိုင်မှန်း တဖြည်းဖြည်းသိလာတဲ့နောက်မှာတော့ အရာရာက
ကျွန်တော့်ကို နောက်ကျစေခဲ့ပါတယ်။
ရှေ့သို့ဆိုသည့်စိတ်ဖြင့် အပြင်းနှင်နေပါသော်လည်း အချည်းအနှီး။ အသည်းအသန်ကြိုးစားပြနေပါ
သော်လည်း အရာထင်မှုမဲ့မည်။ မမဲ့သည်တိုင် တစ်ဆင့်ခြင်းတက်လှမ်းရာမှာ ပေါက်ရောက်အောင်မြင်မှု
နှေးကွေးစေမှာကိုလည်း ကျွန်တော်အသိနောက်ကျခဲ့ပြန်သည်။
သည်ထက်မက ရသင့်ရထိုက်သော ၊ သေချာပါက် ပိုင်ဆိုင်သင့်သော ရမှတ်များပါ လက်လွတ်ခဲ့ရမှန်း
နားလည်လာသည်။
ဘယ်လိုဆိုဆို ကျွန်တော် သိသိသာသာနောက်ကျသွားခဲ့ပြီ။ နောက်ကျခြင်းဆိုသည့်စကားလုံးထက်
ဆုံးရှုံးခြင်းဆိုသည့် နာကြင်ခံစားမှုစိတ်ဒဏ်ရာ၊ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ လစ်ဟာလစ်လပ်မှုတို့အား
လက်တွေ့ကျကျ ပိုင်စေခဲ့ပြန်သည်။ ဆိုးစွ။