Sunday 9 June 2013

၂၀၁၅ နဲ့ သမ္မတ

Ei Kay
လူတိုင်းမှာတော့ ၂၀၁၅ ကျရင် ဘယ်သူ့ကိုတော့ဖြင့် မဲ ပေးချင်ပါတယ်ဆိုတဲ့ တိတ်တခိုးလိုလို၊ အကြမ်းဖျင်းသဘောလောက်တော့ စဉ်းစားထားတာတွေရှိကောင်းရှိမယ်။ ဒီလိုအချိန်မှာ ဘယ်သူ့ကိုတော့ဖြင့် မဲ ထည့်မယ်လို့ အခုကတည်းက ခိုင်ခိုင်မာမာဆုံးဖြတ်ချက် ချထားနိုင်သူတွေကိုလည်း တနည်းအားဖြင့်ပြောရရင် ချီးကျူးပါတယ်။ ကိုယ်ယုံကြည်ရာကို ရဲရဲဝံ့ဝံ့ ဘာလုပ်မယ်ဆိုတာကို သိတာက နည်းတဲ့အရည်အချင်းမဟုတ်ပါဘူး။ ကျမအနေနဲ့ကတော့ အခုချိန်မှာ မဆုံးဖြတ်ရသေးပါဘူး။ ကျမ တို့မှာ စောင့်ကြည့်ဖို့ အချိန် နှစ်နှစ်တောင်ကျန်ပါသေးတယ်။ နှစ်နှစ်ဆိုတဲ့အတိုင်းအတာက ဘယ်သူက သမ္မတ ဖြစ်သင့်တယ်၊ ဘယ်ပါတီကတော့ဖြင့် အာဏာရသင့်တယ်၊ ဘယ်လိုပူးပေါင်းမှုမျိုးတွေနဲ့ သွားသင့်တယ်ဆိုတာကို ပါဝင်နေသူတွေချပြတဲ့ အပေါ်မှာ ပြည်သူတွေက ရွေးချယ်ဖို့ လုံလောက်တဲ့ အချိန်လို့မြင်ပါတယ်။ မဲပိုင်ရှင် ပြည်သူတွေ အနေနဲ့ တက်ကြွစောင့်ကြည့် ဝေဖန်နေနိုင်ဖို့က ပိုအရေးကြီးပါတယ်။

ကိုယ်ဖြစ်ချင်တာကို ကိုယ်ပြောတာဟာ ဘာများ မှားယွင်းနေလဲမသိဘူး။ နိုင်ငံရေးပါတီ တခုရဲ့ အမြင့်မားဆုံး ဆန္ဒက ဘာဖြစ်မယ်ထင်ပါသလဲ၊ အထူးသဖြင့် အတိုက်အခံပါတီကြီးအနေနဲ့ပေါ့။ ကိုယ်ဖြစ်ချင်တာကို ပြောတာက မင်္ဂလာတစ်ပါးပဲ၊ ဖြစ်အောင်လုပ်နိုင်တာ မလုပ်နိုင်တာက သူ့အပိုင်း။ ဖြစ်အောင်လုပ်ဖို့ နောက်ကွယ်က ဒေတာ ရှိတာမရှိတာကလည်း ပြောတဲ့သူပဲ သိမဲ့ကိစ္စ။ အကောင်းဖက်က မြင်ကြည့်မယ်ဆိုရင် ပိုတောင်စိတ်ဝင်စားစရာကောင်းပါသေးတယ်။ ပြည်သူတွေရဲ့ မင်းလောင်းမျှော်ဝါဒ က ဘယ်လို လက်တွေ့မှာ အကောင်အထည်ပေါ်လာမလဲဆိုတာကို ပိုစိတ်ဝင်စားမိပါတယ်။

နောက်ထပ် ပြည်သူတွေက လိုလားရင်၊ ကျန်းမာရေးအရ လည်း ခံနိုင်ရည်ရှိသေးရင် လုပ်ချင်ပါတယ် လို့ ပြောတာလည်း ဘာ များ မှားနေပါလဲ။ ဒါလဲ ဖြစ်ချင်တာကိုပြောတာပဲလေ။ လက်ရှိ သမ္မတ တစ်ယောက်ပြောရမဲ့ စကားပဲလေ။ ဒီမိုကရေစီ စနစ်အရ ပြည်သူတွေက မဲ ပေးမှ သမ္မတ ဖြစ်ရမှာမဟုတ်လား။

ပြောတဲ့ စကားနှစ်ခွန်း ဟာ အဓိပါယ်အားဖြင့်တော့ အတူတူပါပဲလေ။ ပြောတဲ့သူ ရဲ့ အခြေအနေ၊ လက်ရှိအနေအထားပေါ်မှာ မူတည်ပြောတာပါပဲ။ လက်ရှိ သမ္မတ တာဝန်ယူထားသူက နောက်ထပ်လည်း ကျနော် သမ္မတဖြစ်ချင်ပါသေးတယ်ပြောရင် အာဏာမက်ပါတယ်ဖြစ်အုန်းမယ်၊ အတိုက်အခံအနေနဲ့ကလည်း ပြည်သူတွေက ဆန္ဒရှိရင် သမ္မတဖြစ်ချင်ပါတယ်ပြောရင် လက်ရှိ သူ့မှာက အစိုးရကို မောင်းနှင်နေတဲ့ အတွေ့အကြုံမရှိတဲ့အတွက် ဆန္ဒပေါ်မှာမူတည်ပြောတာက ပိုအဓိပါယ်လေးနက်တယ်ထင်ပါတယ်။

ဒီစကား နှစ်ခွန်းပေါ်မှာ ကျမအမြင်ကတော့ ဒါပါပဲ။ ပြည်သူတွေ နိုင်ငံရေးအသိနိုးကြားဖို့နဲ့ ၂၀၁၅ မှာ ၀င်ပြိုင်ချင်သူတွေအပေါ်မှာ မှန်မှန်ကန်ကန်ဝေဖန်တတ်ဖို့နဲ့ ကိုယ့်နိုင်ငံ ကို ဘယ်ပါတီ၊ ဘယ်သူက တိုးတက်အောင် အမှန်တကယ်လုပ်နိုင်တဲ့ အနေအထားရှိပါတယ် ဆိုတာကို ရှင်းရှင်းလင်းလင်းမြင်ကြ၊ သိကြဖို့ကပဲ ပိုအရေးကြီးပါတယ်။ ဒီကြားထဲ မှန်မှန်ကန်ကန် ဝေဖန်သူတွေ၊ သုံးသပ်နိုင်သူတွေ ရဲ့ အပြုသဘော ထောက်ပြဆွေးနွေးချက်တွေကို ၀မ်းပန်းတသာကြိုဆိုပါတယ်။ ဒါပါပဲ…………..

  • Masterkotaw Hmine နိုင်ငံသားတွေရဲ့ နိုင်ငံရေးအသိအမြင် နိုးကြားပွင့်လင်းမှု ရှိမှသာ တိုင်းပြည်အတွက် မှန်ကန်တဲ့ ခေါင်းဆောင်ကောင်းတွေကို ရွေးချယ်ပေးနိုင်မှာဖြစ်ပါတယ်။
  • Naylin Aung ကျွန်တော့်အမြင် လဲဒီအတိုင်းပါပဲဗျား ကျွန်တော့်စိတ်ထဲကအတိုင်းကိုချရေးထာသလိုပဲ ။
  • Lin Htet ယုံကြည်ထိုက်သူဖြစ်အောင်ရိုးသားရမယ်..အားကိုးထိုက်သူဖြစ်အောင်ကြိုးစားရမယ်..နိုင်ငံတော်ရဲ့သမ္မတတစ်ယောက်သည်..နိုင်ငံတော်ရဲ့အမျိုးဘာသာသာနာ...နဲ့နိုင်ငံတော်ကိုကာကွယ်ပေးတတ်တဲ့......ခေါင်းဆောင်ကောင်းတစ်ယောက်ကိုသာရွေးချယ်ကျမှာပါလေ....
  • Ko Zaw JullyguyZaw I agree with you Ma Ei Kay..
  • Win Maw ၂၀၁၅မှာသမ္မတလုပ်မယ့်သူကလည်း ပန်းခင်းလမ်းမဟုတ်ပဲ လှိုင်းတံပိုးတွေထဲဖြတ် လျှောက်ရမှာတော့သေချာပါတယ်
  • Ei Kay နိုင်ငံကိုပြန်လည်ထူထောင်ရမှာ ဖြစ်တဲ့အတွက် လှိုင်းတံပိုးတွေကတော့ ဖိတ်ခေါ်နေမှာအသေအချာပါပဲ..ဒီအတွက်ကြောင့်လည်း တကယ်မှန်ကန်တဲ့၊ သင့်တော်တဲ့ ပါတီ ကိုရွေးချယ်ရမှာက နိုင်ငံသားကောင်းတွေရဲ့တာဝန်လို့ မှတ်ပါတယ်....
  • Masterkotaw Hmine အခြေခံဥပဒေအပါအ၀င် ၂၀၁၀ ရွေးကောက်ပွဲကာလတွေဟာဆိုရင် နိုင်ငံသားအများစုအနေဖြင့် ရွေးကောက်ပွဲအလေ့အထကို လုံးဝမသိနားမလည်ကြသလို အနည်းစုကလည်း ကန့်ကွက်ခဲ့ကြပါတယ်။ ၂၀၁၁ကြားဖြတ်ရွေးကောက်ပွဲမှာတော့ အတိုင်းအတာတစ်ခုအထိ ပြည်သူလူထုအနေနဲ့ အကြောက်တရားက ကင်းလွတ်လာတာရယ် အတိုက်အခံအဖြစ် အင်အားတောင့်တင်းတဲ့ ပါတီကြီးက ပါဝင်လာတာရယ်ကြောင့် စွဲလမ်းစိတ်၊ ခေါင်းဆောင်ကောင်းကို ယုံကြည်မျှော်လင့်စိတ်များနဲ့ တောင်ပြိုကမ်းပြို ဆန္ဒပြုခဲ့ကြခြင်းပဲဖြစ်ပါတယ်။ ပါတီခေါင်းဆောင်တစ်ဦးထဲရဲ့ စွမ်းဆောင်ရည်ထက် ပါတီတစ်ခုလုံးစွမ်းဆောင်ရည်ကလဲ အဓိကကျနေပြန်ပါတယ်။နောက်ပြီး မိမိတို့နေထိုင်ရာ မဲဆန္ဒနယ်မှာ ပါဝင်ယှဉ်ပြိုင်အရွေးခံမယ့် ကိုယ်စားလှယ်လောင်းရဲ့ စွမ်းဆောင်ရည်ကတော့ ပိုပြီးတော့ အခရာကျမယ်လို့ မြင်မိပါတယ်။ ၂၀၁၅ ကတော့ ပြည်သူလူအများစုရဲ့ နိုင်ငံရေးအသိအမြင် နိုးကြားမှုအတော်အသင့် ရှိလာမယ်လို့ မျှော်မှန်းရပေမယ့် အများစုကတော့ စားဝတ်နေရေးနေ့စဉ်အရေးအရာများနဲ့သာ နပမ်းလုံးနေကြရဆဲမို့ ထိုအရေးအရာများကိုပင် နိုင်ငံရေးလို့ မသတ်မှတ်နိုင်ကြသေးတာကတော့ ၀မ်းနည်းဖွယ်ရာပဲဖြစ်နေသေးပါတယ်။ ငါရဖို့ ငါအောင်မြင်ဖို့ ငါတော်ငါတတ် ငါ့မိသားစုဖို့ဆိုတဲ့ ငါတစ်ကိုယ်ကောင်းအမြင်များ၊ နိုင်ငံရေးဆိုတာ ငါတို့နဲ့မဆိုင်ဆိုသော အမြင်များကလည်း လူငယ်တော်တော်များများ၏ စိတ်တွင် တစိမ်းပြင်ပြင်ဖြစ်နေသေးခြင်းမှာလည်း မူ(တရားဥပဒေ)ထက် လူ(အာဏာ)ကိုဦးစားပေးလိုသည့် နိုင်ငံရေးပုံစံဟောင်း ကွန်ဆာဗေးရှင်းရှေးရိုးစွဲဝါဒီဆန်ဆန် စွဲကိုင်ထားသည့် အဖွဲ့အစည်းများအတွက် မတရားရရှိထားသည့် စီးပွားဥစွာများဖြင့် ရွေးကောက်ပွဲ အချောင်နှိုက်မည့် အခွင့်အလမ်းသဖွယ် ဖြစ်နေပါသေးသည်။ အရေးကြီးသည်မှာ စာ(သတင်းစာ၊ နိုင်ငံရေးဆောင်းပါး၊ စီးပွားရေးဆောင်းပါး)များများဖတ်ဖို့ ပဲဖြစ်ပါသည်။
  • Aye Lwin အတိတ် က လုပ်ခဲ့ တဲ့ လုပ် ရပ် တွေကို ကြည့်ရုံ နဲ့ 95% ဆုံးဖြတ် လို့ရ နေပြီ လို့ ယူဆပါတယ်
  • Ei Kay လက်ခံပါတယ် ကို Masterkotaw Hmine ရှင့်..ပြည်သူတွေဆီကလည်း အပြည့်အ၀မျှော်လင့်မထားနိုင်ပါဘူး။ လူအတော်များများက ဘ၀ပေးအခြေအနေအရ နိုင်ငံရေးထက် ၀မ်းရေးကို ဦးစားပေးနေရတာတွေ ရှိကောင်းရှိနိုင်ပါတယ်။ မဲပေးပိုင်ခွင့်ရှိသူရဲ့ majority က စိတ်ဝင်စားရင်ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အမျိုးသားရေးဦးတည်ချက် အနေနဲ့ လုပ်သင့်တာက ပြည်သူတွေဖက်က နီုင်ငံရေးအသိနိုးကြားစေဖို့ အသိပညာပေးရေးလုပ်ငန်းစဉ်တွေပါ။ နိုင်ငံရေးပါတီတွေက လုပ်တာမျိုးမဟုတ်ပဲ၊ ပါတီတွေကလုပ်ရင် ဘက်လိုက်မှုတွေပါနိုင်ပါတယ်။ အင်စတီကျူးရှင်းတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေက အမျိုးသားရေးတာဝန် တရပ်အနေနဲ့ အမျိုးသားနိုင်ငံရေး လမ်းကြောင်းကိုဖောက်သင့်ပါတယ်။ တဦးတယောက်ချင်းစီအနေနဲ့ကလည်း ကိုယ်တတ်နိုင်သလောက် လုပ်သင့်တယ်လို့မြင်ပါတယ်။
  • Ei Kay ကို Aye Lwin ရှင့်..လက်တွေ့ကို အကဲဖြတ်ဖို့က အတိတ်ကလုပ်ရပ်တွေက အဓိက နေရာမှာကျတယ်ဆိုတာ သဘောတရားအရ လက်ခံပါတယ်။ တခုက ကိုယ်ဖြစ်စေချင်တဲ့သူ အရည်အချင်းပြည့်ဝလာအောင် ၀ိုင်းဝန်းတတ်ဖို့ကလည်း အမျိုးသားရေးတာဝန်ဖြစ်နေမလား..
  • Aye Lwin အတိတ် က လုပ် ရပ် တွေ ဆိုတဲ့ နေရာမှာ တိုင်းပြည် အ ပေါ် ချစ်စိတ် ပြည်သူ တွေ ကို နားလည် စာနာ တတ်မှု အ မြှော် အမြင် ရှိမှု ရိုးသား ပွင့်လင်းမှု ကိုယ် ပိုင် အရည် အချင်း စတာ တွေ ကို ခြုံငုံ ပြီး ပြောတာပါ
  • Ei Kay ဟုတ်ကဲ့...ဒေါ်စု တိုင်းပြည်အပေါ်မှာ ထားတဲ့ ချစ်စိတ်၊ တာဝန်ယူစိတ်တွေက ဘယ်သူမှ သံသယဖြစ်စရာမရှိပါဘူး..မျက်ဝါးထင်ထင်မြင်နေရပါတယ်။ မျက်စိမှိတ်ထားတဲ့သူသာ မမြင်နိုင်တာပါ။ ဒါကြောင့် သူ့ကိုဝန်းရံဖို့၊ အလုပ်သဘောသက်ရောက်ဖို့ ပြောတာပါ။ တိုင်းပြည်ကို တကယ်ချစ်တဲ့သူ၊ ပြည်သူကလည်းချစ်တဲ့သူ နိုင်ငံကို ဦးဆောင်နိုင်အောင် အလုပ်သဘောအရ ၀န်းရံနိုင်ရင် အတိုင်းထက်အလွန်ပါ....ကျမ မဲ ပေးဖို့ အဆင့်သင့်ပါ.........
  • Win Maw အတိတ်ကလုပ်ရပ်တွေပြည်သူတွေကပြေပျောက်ယုံကြည်စေဖို့ဆိုတာ ၂၃ နှစ်မဟုတ်တောင်သက်တမ်း၂ဆက်၃ဆက်တော့လုပ်ပြမှရမယ်ထင်တယ်
  • Aye Lwin ရှင်းပြ ပေးလို့ ကျေးဇူးပါ Ma Ei Kay လက် ရှိ အ နေအထား အရ ကျနော် အယုံကြည် ဆုံး ပုဂ္ဂ္ဂိုလ် က လည်း ဒေါ်အောင် ဆန်းစုကြည် ပါပဲ ခင် ဗျာ
  • Ei Kay ကျမအမြင်ကိုပြောရရင် သမိုင်းဆိုတာ ဘယ်လိုမှ ဖျောက်ဖျက်လို့မရတဲ့အရာပါ။ ဖျောက်လည်းမဖျောက်သင့်ပါဘူး။ ကျမတို့ ပြည်သူတွေ စစ်အစိုးရစနစ်လက်အောက်မှာ နှစ်ပေါင်းများစွာ ရှင်သန်ခဲ့ကြရတာတွေဟာ သမိုင်းအဖြစ်ဆက်ရှိနေရမှာပါ။ ဒါပေမဲ့ တဖက်လည်း ဒီစနစ်ကို ကိုင်လှုပ်ခဲ့ကြတဲ့သူတွေမှာကော ပြုပြင်ပြောင်းလဲဖို့ အခွင့်အရေးမရှိသင့်ဘူးလားဆိုတာပါ။ လက်ရှိ အစိုးရ လုပ်နေတာတွေက အပြုသဘော ဝေဖန်ရရင် နိုင်ငံတိုးတက်ဖို့ လမ်းကြောင်းပေါ်ရောက်ဖို့ တတ်နိုင်သလောက်ကြိုးစားတင်နေတယ်ဆိုတာကလည်း ယုံကြည်နိုင်စရာပါ။ အုပ်ချုပ်ရေးအရ အတွေ့အကြုံရှိတဲ့သူတွေဖြစ်တဲ့အတွက် အကောင်အထည်ဖော်ရမှာ ပြဿနာနည်းတယ်လို့ မြင်ပါတယ်။
  • Aye Lwin စေတနာ မှန်ကန် စွာ ပြောင်းလဲဖို့ ကြိုးစားနေတဲ့ လုပ် ရပ် တွေ ယခုထိ မမြင် ရလို့ပါ ကျနော် ရဲ့ မြင် အောင် မကြည့် တတ် တဲ့ အားနည်းချက် တွေ ကြောင့် များလား
  • Win Maw ဒေါ်စုသာ၂၀၁၅ သမ္မတဖြစ်ခဲ့ရင်အတွေ့ကြုံရှိတဲ့သူတွေနဲ့ပူးပေါင်းအကောင်ထည်ဖော်လိမ့်မယ်လို့ယုံကြည်တာလည်း အားပေးစေတဲ့အချက်တခုပါ။အဲဒါပဲအမြန်ဆုံးနည်းလမ်းဖြစ်စေမယ်ထင်ပါတယ်
  • Aye Lwin Ko Win Maw ပြောတာလည်း လက်ခံပါတယ် အ တွေ့ အကြုံ လည်းရှိ စေတနာ လည်း မှန်ကန် ရင် တော့ သား ရွှေအိုး ထမ်းလာတာ ကို မြင်ကြ ရမှာပေါ့
  • Aye Lwin ဘောလုံး ကန် တော်တဲ့သူ ခြေစွမ်း ပြခွင့် ရဖို့ သူ့ ခြေထဲ ဘောလုံး ရောက် ဖို့ လိုပါတယ် အဲဒီ အခါ သူ့ရဲ့ အရည် အချင်း အမှန် ကို မြင်ကြ ရမှာပါ
  • Masterkotaw Hmine ကျုပ်တို့တစ်တွေလို နိုင်ငံအရေးအရာတွေကို အမှုမဲအမှတ်မဲ့မနေဘဲ နားစွင့်စောင့်ကြည့်နေတဲ့ ပြည်သူတွေ ရှိသင့်သလောက်ရှိကြပါတယ်။ အများစုကတော့ IT တွေနဲ့ အလှမ်းဝေနေဆဲပါပဲ။ လွတ်လပ်ပွင့်လင်းမှု အတော်အတော်ရှိလာတဲ့ ပုံနှိပ်မီဒီယာဆိုတာလဲ တကယ်တော့ အကန့်အသတ်၇ှိနေဆဲဖြစ်ပါတယ်။ ITတွေကို သုံးနိုင်ပေမယ့် စိတ်ဝင်စားမှုမရှိတဲ့ ဘသားယိမ်းရောယိမ်း ပြည်သူတွေကလည်း အများကြီးရှိနေပါသေးတယ်။ ပစ်မှတ်တွေကို ထိဖို့ဆို၇င် တော်တော်ကြိုးစားယူ၇ပါဦးမယ်။ ပညာရှိသူ အရည်အချင်းရှိသူကို မြတ်နိုးတန်းဖိုးထားတတ်ပေမယ့် ခေါင်းဆောင်ကောင်းမင်းလောင်းမျှော်လင့်တတ်ကြပေမယ့်ကျုပ်တို့လူမျိုးတွေရဲ့ ရေရှည်မကြည့် ရေတိုကြည့်တတ်တဲ့ နိုင်ငံရေးဓလေ့တွေကတော့ ၂၀၁၅မှာ အနည်းအများ သက်ရောက်မှုတွေ ရှိနေဦးမှာပါ။ ပြည်သူအများစုအတွက် ဆက်သွယ်ရေးစနစ်တွေ ဒီတစ်နှစ်၊ နှစ်နှစ်အတွင်းပြောင်းလဲလာတာနဲ့အမျှ ပြည်သူတွေရဲ့ အသိအမြင်တွေလည်း ပြောင်းလဲလာမှာပါ။ အကောင်းဆုံးကတော့ ပညာရေးစနစ်အတွင်းမှာ ဒီမိုကရေစီမျိုးစေ့ချပေးနိုင်ရင် ရလဒ်မယ့်အသီးအပွင့်ကတော့ အတိုင်းထက်အလွန်ပါပဲ။ မျိုးစေ့လည်းမှန် ပင်လည်းသန်ဖြစ်လာမှာမို့ အသီးအပွင့်အခက်အလက်နဲ့ နောက်မျိုးဆက်များအထိ ကောင်းကျိုးဝေဖြာစေမှာပါပဲ။ လောလောဆယ်ကတော့ လက်ရှိအစိုးရအမွေဆက်ခံထားရတဲ့ အစဉ်အဆက်အုပ်ချုပ်မှုအလွဲများရဲ့ ဆိုးကျိုးများသက်ရောက်မှုများ၊ မတရားမှုများ ခံစားနေကြရဆဲဖြစ်တဲ့ ပြည်သူများကို နိုင်ငံရေးအသိအမြင်များ လက်ငင်းရရှိလာရေးထက် ၄င်းတို့၏ရှေ့မှ မားမားမတ်မတ်ရပ်တည်ကာ အခက်အခဲများကို ရင်ဆိုင်ဖြေရှင်းပေးမည့် တရားဥပဒေကို နားလည်အသုံးချနိုင်သည့် ရပ်ရွာအခြေပြု လူထုအဖွဲ့အစည်းများ များများနှင့် မြန်မြန်ပေါ်ထွက်လာရေးသည် အဓိကလိုအပ်ချက်ပဲဖြစ်ပါသည်။ လူထုအနေဖြင့် လူမှုစီးပွားဘ၀များကို သက်တောင့်သက်သာ ဖြတ်သန်းရင်း နိုင်ငံရေးအသိအမြင်များကို တစ်စထက်တစ်စ တိုးတက်ရရှိလာမှသာ နိုင်ငံရေးသဘောတရားရွေးချယ်ပုံစံ ပီပြင်မှန်ကန်ကြည်လင်လာပြီး မည်သို့သော သွေးထိုးမြှောက်ပင့် အပုတ်ချပြောဆိုရေးသား အခွင့်ထူးများ ပေးကမ်းစေကာမူ ရေတိုထက် ရေရှည်အကျိုးကို မျှော်ကိုးကြည့်တတ်လာကြပြီး အမျိုးသားနိုင်ငံရေးဘ၀များဆီသို့ ဦးတက်ချီတက်သွားနိုင်မည်ဟု မျှော်လင့်မိပါသည်။
  • Win Maw အရင်လုပ်ရပ်တွေကိုကာကွယ်တာလေးတွေကလွဲရင် စေတနာထားတော့မယ်လို့ထင်ရပါတယ်။အာဖရိက က မင်ဒဲလား တို့ပုံစံကိုသဘောကျတယ်ဗျာ ။
  • Ei Kay ကို Aye Lwin ရှင့်...မြင်အောင်မကြည့်တတ်တာလို့တော့ ကျမမမြင်ပါဘူး။ ဒါက ပြောတဲ့သူ ထားတဲ့ စံနှုန်းပေါ်မှာ မူတည်မယ်လို့ထင်ပါတယ်။ လူတိုင်းမှာ ပေတံကိုယ်ဆီရှိကြပါတယ်။ ဒေါ်စု ပြောတာ ဒီသုံးနှစ်အတွင်းမှာ ကြီးမားတဲ့ ပြောင်းလဲမှုဆိုတာမတွေ့ရသေးဘူးဆိုတာ သူ့ ပေတံ နဲ့ သူတိုင်းပီး ပြောတာလို့ပဲယူဆပါတယ်။ တဖက်ကလည်း သူလိုလူတစ်ယောက်က ပြောတဲ့ နှုတ်ထွက်စကားဟာ တဖက်ကို တွန်းအားဖြစ်စေတယ်လို့လည်း ယုံကြည်ပါတယ်။ နောက်တခုက သူ သာဆိုရင်ဒီထက်ပိုကောင်းအောင်လုပ်နိုင်မယ်ဆိုတဲ့ လမ်းကြောင်းမျိုးမသိမသာပေးနေတာလည်းဖြစ်နိုင်ပါတယ်။ ဒါကတော့ သူပဲ သိနိုင်မှာပါ။
  • Ei Kay ကို Win Maw ရှင့်။ ကျမရဲ့ အလာဂျီ လို့ပြောရမလား မသိဘူး..ကျမ အဲ့လို အပြောတွေနဲ့ အခုထိ အံ့မ၀င်သေးပါဘူး။ စနစ်တခုမှာ အထူးသဖြင့် ဒီမိုကရေစီစနစ်မှာ တဦးတယောက်က စေတနာ ထားလို့ ပြည်သူတွေမှာ ၀မ်းဝရပါတယ်ဆိုတာ အာဏာရှင်လေသံတွေ မပျောက်သေးဘူးလို့ ယူဆပါတယ်။ ကျား သနားမှ နွားချမ်းသာရာရမှာမဟုတ်ပါဘူး။ လူတိုင်းမှာ အခွင့်အရေးအပြည့်အ၀ ရှိကြပါတယ်။ ရှိအောင် ကာကွယ်ပေးရမှာက လက်ရှိအစိုးရရဲ့တာဝန်ပါ။ နောက်ပိး တာဝန်ပေးလို့ဆိုတဲ့စကားက စစ်တပ်၊ ဗျူရိုကရေစီ ယန္တာရားမှာပဲ သုံးတဲ့အသုံးအနှုန်းပါ။ သမ္မတ ဖြစ်ချင်ပါတယ်လို့ဆိုလာတဲ့အတွက်၊ ၀င်ပြိုင်တဲ့အတွက် ပြည်သူတွေက မဲ ထည့်တာ။ ဒါပါပဲ။ ဖြစ်စဉ်က ရှင်းပါတယ်။ အာဖရိက ပုံစံက ကျမတို့အတွက် အကောင်းဆုံးနမူနာလို့ ဆိုနိုင်ကောင်းပေမဲ့ အာဖရိက နဲ့ မြန်မာ ရဲ့ လူ့ အဖွဲ့အစည်းပုံစံချင်းက မတူပါဘူး။ မြန်မာက ပုံစံသစ်နဲ့ ချီတက်ရမယ်လို့ ထင်ပါတယ်။
  • Aye Lwin ကျနော် က တော့ နှစ် ပေါင်းများစွာ ပြည်သူ တွေ အ တော်များများ ဒုက္ခ ခံစားခဲ့ ရ တာတွေ ကို စာနာမိလို့ အခုလို ပြောင်းလဲ ခွင့် ရတဲ့ အချိန် မှာ အမြန်ဆုံး ပြောင်းပေး စေချင် တာပါ အချိန် ဆွဲ နေတဲ့ သူ တွေ မ ပြောင်းလဲ စေချင် တဲ့ သူတွေ ရှိ နေတယ်လို့ ခံစားမိလို့ပါ တရား ဥပ ဒေ စိုးမိုး မှု ကို အမြန် ဆုံး ဖြစ် စေချင် ပါတယ်
  • Ei Kay ကို Masterkotaw Hmine ... အရပ်ဖက်လူ့အဖွဲ့အစည်းတွေ အားကောင်းဖို့၊ နိုင်ငံတကာအဖွဲ့အစည်းတွေ ဘက်မလိုက်ပဲ ကိုယ့်တာဝန်ကိုသိဖို့၊ မီဒီယာတွေ ကောင်းကောင်းအလုပ်လုပ်ဖို့၊ မယိမ်းယိုင်ဖို့၊ ပြည်သူတွေ ယုံကြည်ရတဲ့ မီဒီယာတွေဖြစ်လာဖို့ သက်ဆိုင်ရာကျွမ်းကျင်သူတွေပေါ်ထွက်လာပီး တာဝန်သိစိတ်နဲ့ အလုပ်လုပ်ကြမယ့်သူတွေ ပေါ်ထွက်လာဖို့ မျော်လင့်တာပါပဲါရှင်...
  • Aye Lwin တိုင်းတာ တဲ့ ပေတံ ဆိုတာ လူအများ လက်ခံ ထားသော လက်ခံနိုင် သော ပေတံ ဖြစ် ရမှာပါ လူ တ ယောက် နိုင် ငံ တနိုင် ငံ ဟာ သီးခြား ရပ် တည် လို့ မရ တဲ့ အတွက် အများနဲ့ နိုင် ငံ တကာ လက်ခံ နိုင် တဲ့ စံချိန် စံညွှန်း တော့ ရှိ ရ ပါ လိမ့် မယ်
  • Ei Kay ဟုတ်ကဲ့ ကိုအေးလွင်...ဒါကတော့ အားလုံးနီးပါးမှာရှိတဲ့ စေတနာလို့ထင်ပါတယ်။ အားလုံးနီးပါးလို့ပြောရတာ နီးပါးအခြေအနေဖြစ်မှသာ ဒီပြောင်းလဲမှုက စတင်နိုင်မှာမို့ပါ။ လူတစ်ယောက်ကို ပြောင်းလဲဖို့၊ အကျင့်တခုကို ပြောင်းဖို့ ခက်တယ်ဆိုတာ ကိုအေးလွင်လည်းလက်ခံမယ်ထင်ပါတယ်။ အဲ့သလိုပဲ စနစ်တခုကိုပြောင်းဖို့က အချိန်အတော်ကိုယူရမှာပါ။ ဒီထဲမှာ ပြောင်းလဲမှုနောက်ကို မလိုက်နိုင်ပဲ၊ ထုသားပေသားကျနေတာတွေ ရှိမယ်ဆိုတာ မြေကြီးလက်ခပ်ရင်တောင် လွဲနိုင်ပါမယ်။ ဒေါ်စု ရဲ့ စစ်တပ်ကို ချဉ်းကပ်ပုံကို ကျမသဘောသိပ်ကျတယ်။ အစိုးရဖက်ကလည်း ဒါကို စောင့်ကြည့်နေတယ်။ ပွင့်ပွင့်လင်းလင်းပြောစရာ ရှိသေးတယ်။ လွှတ်တော်မှာ ၂၅ ရာခိုင်နှုန်းမရှိသင့်ဘူး ဆိုနေကြတဲ့သူတွေ လွှတ်တော်ထဲမှာ ဥပဒေတခုကို ဦးစီးဦးဆောင်ပြုပီး လုပ်နေတာတွေ့ရပါပီလားဆိုတာပါပဲ...သူတို့ ရှိနေလို့ ငါတို့တော့ မလုပ်နိုင်ပါဘူး၊ လုပ်လည်းအပိုပါပဲ ဆိုတာကတော့ လုံးဝလက်ခံနိုင်စရာမရှိပါဘူး...
  • Kyi Kyi Soe စဉ်းစားကာ နေရဦးမယ်...
  • Aye Lwin ဒေါ် အောင် ဆန်းစုကြည် ရဲ့ တပ်မ တော် အ ပေါ်ထားတဲ့ သ ဘောထားကို လက်ခံပါတယ်ဗျာ
  • Kyi Kyi Soe တစ်ယောက်ထဲ ဘ၀ ကို တော်ရုံသတ္တိမကောင်းဘဲ မကျော်ဖြတ်နိုင်ပါဘူး.. ညီမလေးရေ.. အရာရာ ကိုယ်တိုင်ဖြေရှင်းရတာလေ..။ သို့သော် ကိုယ်တော့ ကျေနပ်နေတယ်..။
  • Ei Kay နိုင်ငံတကာ စံချိန်စံညွှန်းဆိုလို့ မေးကြည့်ရအုန်းမယ်။ လက်ရှိဖြစ်နေတဲ့ ရခိုင်ကိစ္စ၊ မိတ္ထီလာကိစ္စ၊ လားရှိုးကိစ္စ နောက်ထပ် မသိလိုက်ပဲပီးသွားတဲ့ ကိစ္စတွေအများကြီးဖြစ်နေတဲ့ပေါ်မှာ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ ဘယ်လိုတိုင်းမလဲဆိုတာသိချင်တယ်။ ကျမကတော့ အမျိုးသားရေး နဲ့ စံချိန်စံညွှန်းတွေကြား၊ နိုင်ငံရေး နဲ့ လူမျိုးရေးတွေကြားမှာ ပြတ်သားတဲ့အယူအဆရှိပီး အကောင်ဆုံးဖြေရှင်းနိုင်သူကို ၂၀၁၅ မှာ မဲ ပေးဖို့ စဉ်းစားမယ်...
  • Ei Kay ကြားရတာ အားရှိတယ် အမ ရေ....သတ္တိပဲကောင်းနေတာလား၊ မျိုးဆက်ပြုတ်ရေးကိုပဲ ဦးတည်နေတာလား...ကိုယ်ပိုင်မိသားစုတတခုတည်ထောင်ဖို့ လိုအပ်တဲ့ အရည်အချင်းမရှိတာလား မသိတော့ပါဘူး ...
  • Aye Lwin တာ ၀န် ရှိ တဲ့ သူတွေ နိုင် နင်း စွာ မကိုင် တွယ် နိုင် ခဲ့ လို့ မဟုတ်လား တရား ဥပ ဒေ စိုးမိုး မှု အားကောင်း ခဲ့ မယ် ဆိုရင် ပြသနာ တွေ အခုလို ကြီးထွား လာမှာ မဟုတ် ပါဘူး
  • Ei Kay လွတ်လပ်ရေးနဲ့အတူ မွေးဖွားလာတာက ပြည်တွင်းစစ်တင်မဟုတ်၊ ဒီကိစ္စတွေလည်း ပါမယ်ထင်ပါတယ်။ နောက်ပီး စနစ်တခုရဲ့ ဆိုးကျိုးတွေကို မျက်ဝါးထင်ထင်ရင်ဆိုင်နေကြရတာပေါ့လေ...
  • Aye Lwin အဲဒီ ဆိုးကျိုး တွေ ကို မိသားစု နဲ့ ခွဲခွာ ပြီး အ ဝေး မှာ ရုန်းကန် လှုပ် ရှား နေရ သူ တွေ ခံစား နေရ တာ ရင် နင့် စရာ ပါဗျာ
  • Ei Kay ဟုတ်ပါတယ် ကိုအေးလွင်....အထဲမှာ ကျန်ခဲ့သူတွေလည်း ဖြူကာပြာကာကျနေတာပါပဲလေ...
  • Aye Lwin ဒါတွေ ကြောင့် မို့လို့ လည်း ဒီပုတ် ထဲ က ဒီပဲ တွေကို ကြည်ညို လေးစား အားကိုး ချင် တဲ့ စိတ် မရှိ ဖြစ် နေရ တာပါ
  • Ei Kay ဟုတ်ကဲ့ ကိုအေးလွင်...စဉ်းစားရမှာက ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာပါပဲ..စိတ်ခံစားမှုတွေနဲ့က အလုပ်မဖြစ်နိုင်ဘူးဆိုတာတော့ လက်ခံနိုင်မယ်ထင်ပါတယ်...
  • Aye Lwin လက်ခံ နိုင် ပါတယ် ဗျာ စေတနာ မှန် ပြီး အရည် အချင်း ရှိသူ တွေ တော့ ဖြစ် ရ မှာ ပေါ့လေ
  • Aye Lwin ပစ္စည်း တခု ရွေး တဲ့ အခါ အ ကောင်း ဆုံး မရ နိုင် ခဲ့ရင် အပြစ် အနာ အဆာ အနည်း ဆုံး ကို ရွေး ရမှာ သဘာဝ ပါ
  • Naing Htoo Aung အမလေးဟဲ့ နိုင်ငံရေးထဲ ဘာအရေးတွေပါထည့်နေတာလဲ လိုက်မမှီတော့ပါဘူး ဟက် ဟက်
  • Ei Kay ဒါကြောင့် အားလုံးမျက်စိနဲ့ ၀ိုင်းရွေးရင် အပြစ်အနာအဆာကင်းတဲ့ ပစ္စည်းကိုရနိုင်မှာပါ ကိုအေးလွင်..ဒါကြောင့်လည်း ရွေးမယ့်ပြည်သူတွေဆီမှာ ပေတံကိုယ်စီကိုင်နိုင်အောင်လုပ်ကြဖို့ တိုက်တွန်းနေတာပါ...
  • Ei Kay ကို Naing Htoo Aung ရေ...သီးခံပါရှင်...(ဒါက နိုင်ငံ့အရေးထဲမှာ ပါပါတယ်...အဟက်)
  • Aye Lwin စေတနာ ကို လေးစားပါတယ် ဗျာ
  • Ei Kay ကျေးဇူးတင်ပါတယ်။ အခုအချိန်မှာ အစိုးရိမ်ဆုံးက ဒေါ်စု မလုပ်နိုင်မှာ၊ အစိုးရဖောက်ပြန်မှတွေထက် ပြည်သူတွေ မှန်ကန်တဲ့ရွေးချယ်မှု မလုပ်နိုင်မှာကိုပါပဲ...ပြည်သူတွေကို အထင်သေးခြင်းလုံးဝမဟုတ်ပါ..ဘေးပယောဂတွေကို ကြောက်တာပါ....
  • Aye Lwin အဲဒီ ဘေး ပ ယောဂ တွေ ကြောင့် ပဲ ခုရက် ပိုင်း မှာ ပြသနာ တွေ ဖြစ် နေရ တာပါ ပြည်သူ တွေ တော် တော် များများ ဆင်ခြင် ဥာဏ် ရှိကြပါတယ် ပ ယောဂ မှိုင်းမိ နေသူ တွေ က အနည်း အကျဉ်း လို့ ပဲ ထင် ပါတယ် ဒေါ်စု ကျန်းမာ အသက် ရှည် ဖို့ မျှော်လင့် မိပါတယ်
  • Ei Kay ဘေးပယောဂ တွေနည်းသထက်နည်းအောင်လုပ်ဖို့ကလည်း (ကျမပြောတဲ့ ဘေးပယောဂ ထဲမှာ အောက်ကြေးနဲ့ထိုးတဲ့ သူတွေလည်းပါပါတယ်) လက်ရှိအစိုးရ နဲ့ ဒေါ်စု အပေါ်မှာလည်း တာဝန်ရှိတယ်လို့ယူဆတယ်...ပြောရရင်တော့ ဒီဖြစ်စဉ်ထဲမှာ ပါဝင်လိုသူတွေကော မပါသူတွေကောအားလုံးမှာ တာဝန်ရှိနေပါတယ်။
  • Aye Lwin မှန်ပါတယ်ဗျာ
  • Athenian Ahnyarthar ကိုကိုကြီးတို့ အဖွဲ့ ကို စောင့်ကြည့်စာရင်းထဲ ထည့်ထားတယ်..။ ကျန်တာတွေကတော့ ပယ်ဖျက်စာရင်းထဲမယ်...။
  • အိပ်ပျော်နေသော ဦးထုပ်လေး အလုပ်တခုကိုတကယ်မလုပ်ကြည့်ဘဲနဲ့ လုပ်မဲ့သူကတကယ်လုပ်နိုင်တယ်မလုပ်နိုင်ဘူးဆိုတာဆုံးဖြတ်ဖို့ ကစောနေသေးပါတယ်....အဲဒီမှာတခုဘဲပြောချင်တာက အနှစ် ၂၀ လုံးလုံးကိုယ်ရဲံ့ စိတ်နဲ့ ခန္ဒာ ကို ရင်းနှီးပေးဆပ် ခဲ့တဲ့လူတယောက် ကို ကျွန်တော်တို့ သမ္မတ သက်တမ်းတခုလောက်မယုံကြည်သင့်ဘူးလား..ဆိုတာလေးပါပဲ......
  • Aye Lwin လုံးဝ ယုံကြည်ပြီး လုပ် ပိုင် ခွင့် ပေးကြည့် နိုင် ပါတယ် လုပ် ရပ် တွေ ကို ကြည့်ပြီး ပြောခဲ့ သလို မလုပ် တဲ့ အခါ ဝေဖန် ထောက်ပြ ကြရင် ပိုကောင်း မယ် ထင် ပါတယ်
  • Ei Kay ကို Athenian Ahnyarthar ရေ..အိကေ လည်း ဒီလိုပဲ သူတို့အဖွဲ့ကိုတော့ စောင့်ကြည့်နေပါတယ်။ ဒါပေမဲ့ ဒိလောက်ကြီးတော့ ဆုံးဖြတ်ချက် ပြတ်ပြတ်သားသားကြီး မစောပါနဲ့အုန်း ရှင်။ ၂၀၁၅ မှာ တစ်မဲ လျော့ နေပါ့မယ်....
  • Athenian Ahnyarthar လူတိုင်းအတွက် မဲပေးခွင့်ရှိသလို မဲမပေးခွင့်လည်းရှိတယ်...ဒါဟာလူ့ အခွင့်အရေးတဲ့...NLD ကပြောတာ ၂၀၁၀ မတိုင်ခင်ကလေ..။
  • Ei Kay ဟုတ်ကဲ့ နိုင်ငံသားတစ်ယောက်အနေနဲ့ သူ့ ရဲ့ ရွေးချယ်ပိုင်ခွင့်ပါ။ ပေးချင်လည်း ရတယ်၊ မပေးချင်လည်း ရတယ်။ အိကေ တော့ ၂၀၁၀ တုန်းက နိုင်ငံသားတစ်ယောက်ပီသချင်တာရယ် နဲ့ ကိုယ်မရစေချင်တဲ့သူဖက်မှာ မဲ အရ နည်းအောင် အတိုက်အခံဖက်ကို ထည့်ခဲ့တယ်။ ကိုအညာသား အနေနဲ့ ဒီလိုလုပ်ပါလား..အကြီုက်ဆုံးကို မရွေးပဲ၊ မကြိုက်ဆုံးကို ကာကွယ်တဲ့အနေနဲ့ တတိယမကြိုက်ဆုံးလောက်ကို စဉ်းစားရင်ကော....အဟင်း
  • Athenian Ahnyarthar ဟေ့ တို့ က တစ်ယောက်ဆို တစ်ယောက်...ပိတောက်ဆိုပိတောက်ပဲ နော့...
  • Ei Kay နိုင်ငံရေး မှာ အော်တာနေးတစ် လေးတော့ ထားရမယ်ထင်တာပဲ ကိုအညာသား....
  • Athenian Ahnyarthar ရည်းစားထားတာမှမဟုတ်တာ... မ "အော် "ချင်ပေါင်..။ one go, two come, there ready, four wait ပဲ..။
  • Linn Wai အယ်.....ကြွားချက်ကွယ်..........
  • Ei Kay ဒါနဲ့ ရည်းစားထားရေးက " အော် " နဲ့ သွားတာလား..မသိပါဘူး...ဒါကြောင့်ပြောကြတာနေမယ် ..သက်ကြီးစကား သက်ငယ်ကြားဆိုတာ...
  • Athenian Ahnyarthar ရည်းစားက တစ်ဘ၀စာဖြစ်သွားနိုင်တယ်လေ...နိုင်ငံရေးပါတီဆိုတာ မဲပေးပြီးရင် ကိုယ့်ကိုလှည့်ကြည့်တော့တာမဟုတ်ဘူး...။ ဘယ်ဟာက ပိုအရေးကြီးလဲ ...ကဲ
  • Linn Wai ဘယ်လိုပဲတွေတွေး.......
    ဒီအတွေးကယုတ္တိတန်တယ်....ကိုဆို.............
  • Ei Kay ဒီလိုဆိုတော့လည်း ဟုတ်နေပြန်ရော...ကိုလင်းဝေ ပြောသလို ယုတ္တိတန်တယ်...မှတ်သားလောက်ပါပေတယ်...နိုင်ငံရေး နဲ့ လူမှုရေး ကို ချဉ်းကပ်ပုံခြင်းတူလို့မဖြစ်ဘူးဆိုတဲ့သဘော....
  • Linn Wai ကိုယ့်နှမ...သဘောပေါက်သွားပြီ...ကိုယ့်အတွက်ပါအောင်အရင်လုပ်တော့မယ်နဲ့တူတယ်......
  • Ei Kay မဲဆွယ်ရတဲ့အလုပ်က မလုပ်ချင်ဆုံးအလုပ်ပဲ......
  • Linn Wai ဒီလောက်ကြီးမပင်ပန်းပါဘူးကွယ်....ပန်းဖလက်လေးတွေဝေပါလား.........
  • Khin Maung Kyi ပြည်သူအများစုက မင်းလောင်းမျှော်တဲ့အဆင့်က မတက်သေးဘူးဆိုတော့ အင်း..သခင်အောင်ဆန်းစကားနဲ့ပြောရရင် အတော့်ကိုပြဲအောင်လုပ်ရဦးမယ်လို့ထင်တယ်
  • Ei Kay တချို့နယ်ဖက်တွေက ဒေါ်စု လောက်ပဲ သိကြတာတွေ ရှိနေပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း သမီး အနေနဲ့လောက်ပဲ သိထားတာတွေလည်းရှိနေပါသေးတယ်။ ဒါက လက်ရှိအခြေအနေပါ။
  • Khin Maung Kyi နယ်ရယ် ရန်ကုန်ရယ် မဟုတ်ပါဘူး လူတိုင်းကိုယ့်တာဝန်ကိုယ်သိဖို့ အထူးသဖြင့် မြို့ကြီးနေပညာတတ်တွေတောင် မဲဘယ်လိုထည့်ရမှန်းမသိသေးတော့...လူမှုအဖွဲ့အစည်းတွေ အားကောင်းလာဖို့ အဲဒီအဖွဲ့ဝင်တွေကလည်း နာမယ်ကြီးယုံ project တင်ယုံလောက်မဟုတ်ဘဲ စေတနာပါဖို့
  • Ei Kay ဟုတ်ပါတယ် ဆရာခင်မောင်ကြည် - Voter's Education တို့ဘာတို့တွေလုပ်ဖို့တော့ အဖွဲ့အစည်းတွေက လှုပ်ရှားနေကြပါတယ်။ ဒါပေမဲ့လည်း ငွေရေးကြေးရေး ကလည်း အခက်အခဲရှိတာကတကြောင်း၊ ပညာပေးသူတွေအနေနဲ့ကလည်း ရှင်းရှင်းပြောရရင် အားကိုးလောက်တဲ့အနေအထားမတွေ့ရ (ကျမအမြင်သာဖြစ်ပါသည်) တာတွေကြောင့် အလှမ်းနှေးနေကြပါတယ်။ တကယ်တမ်းပြောရရင်လည်း Voter's Education လောက်နဲ့ကလည်း မဲ ပိုင်ရှင်တစ်ယောက်အနေနဲ့ဘယ်လောက်ထနားလည်လက်ခံနိုင်မလဲဆိုတဲ့ အတိုင်းအတာတခု ထိ ဖြစ်လာဖို့ကလည်း နည်းတယ်။ ဆိုလိုတာက မဲ ကို ဘယ်လိုထည့်ရတာဆိုတာလောက်ပဲသင်ပေးသလိုဖြစ်နေတော့..မဲပိုင်ရှင်တွေ ကိုယ်ပိုင်ဆုံးဖြတ်ချက်တခုချနိုင်ဖို့က တွန်းအားပေးမှုတွေ နည်းနေပါတယ်။ အင်း...ဒါကလည်း အပြည့်အ၀မျှော်လင့်ထားလို့မရနိုင်တဲ့ အရာဆိုတော့လည်း....ဒါကြောင့် ကိုယ်တတ်နိုင်သလောက် ၀ိုင်း ၀န်းကြဖို့ တိုက်တွန်းနေတာပါ ဆရာခင်မောင်ကြည် ရှင့်..
  • Khin Maung Kyi ဟုတ်ကဲ့ ဆရာတော့မခေါ်ပါနဲ့ ကြားဖြတ်ရွေးကောက်ပွဲတုံးက voter education နဲ့ election monitoring ကို ပြည်နယ်တိုင်းတခု ၅ယောက် ခေါ်ပြီး ၂ရက် သင်တန်းပေးတယ်။ election report တခုစ ၂ခုစ ထွက်တယ် election ပြီးတော့ မဲရုံမှုးတွေ လုပ်အားပေးတွေကို interview လုပ်ဖို့ခေါ်တယ်။ နိုင်ပြီဆိုပြီး ဘယ်သူမှ စိတ်မ၀င်စားကြတော့ဘူး။ ၂၀၁၅ ကျရင်တော့ ဒိထက်ပိုလုပ်နိုင်ကောင်းပါရဲ့
  • Khin Maung Kyi ဒါကြောင့်လဲ သခင်အောင်ဆန်းစကားကို ပြန်သတိရလိုက်တာပါ
  • Ei Kay ဟုတ်ကဲ့ ဦးခင်မောင်ကြည်..အချိန်ပြည့် လက်တွေ့လုပ်နေတဲ့ သူတွေအနေနဲ့ ကျမတို့ထက်ပိုပီးထိတွေ့မှုများတဲ့အတွက် နယ်ဖက်အခြေအနေကို ပိုသိနိုင်မယ်ထင်ပါတယ်ရှင့်....၂၀၁၅ အတွက် အခုကတည်းလောက်ကနေ ဦးခင်မောင်ကြည် တို့ လုပ်နေတာတွေမြင်ရတော့ အားရပါတယ်၊ လေးလည်းလေးစားပါတယ်ရှင့်
  • Khin Maung Kyi ၉၀ တုံးက မြို့နယ်တခုမှာ အမတ်လောင်းဘယ်သူလဲဘယ်လိုနေလဲလို့မေးတယ်။ ဒေသခံက ဘယ်သူဘဲဖြစ်ဖြစ် ခွေးတကောင်အမီးဖြတ်ပြီး ခမောက်ဆောင်းပြိုင်ရင်တောင်နိုင်တယ်လိုပြန်ဖြေတယ်။ တကယ်လည်းနိုင်ခဲ့ပါတယ်။ ကျနော် NLD ပါတီဝင်ဖြစ်ပေမဲ့ အဲဒီစကားကို သဘောမကျဘူး။ နှစ်ပေါင်း၂၀ကျော်လာတာတောင် အဲဒီအခြေအနေကသိပ်တိုးတက်တာ မမြင်ရသေးပါဘူး။
  • Khin Maung Kyi မှန်သောစကားကိုပြောရရင် ၂၀၁၅ကို ကျနော်သိပ်စိတ်မ၀င်စားပါဘူး။ သိပ်လည်း မျှော်လင့်မထားပါဘူး။
  • Ei Kay ဟုတ်ကဲ့ ဦးခင်မောင်ကြည်..အချိန်ပြည့် လက်တွေ့လုပ်နေတဲ့ သူတွေအနေနဲ့ ကျမတို့ထက်ပိုပီးထိတွေ့မှုများတဲ့အတွက် နယ်ဖက်အခြေအနေကို ပိုသိနိုင်မယ်ထင်ပါတယ်ရှင့်....၂၀၁၅ အတွက် အခုကတည်းလောက်ကနေ ဦးခင်မောင်ကြည် တို့ လုပ်နေတာတွေမြင်ရတော့ အားရပါတယ်၊ လေးလည်းလေးစားပါတယ်ရှင့်
  • Ei Kay ၂၀၁၅ ကို စိတ်ဝင်စားပေးပါဆိုတာထက် ၂၀၁၅ ကိုဦးတည်ပီး အလုပ်တွေလုပ်ပေးစေချင်ပါတယ်။ ကျမတို့အတွက်တော့ ၂၀၁၅ ကလည်း စိတ်ဝင်စားနေရမှာပါပဲ...
  • Khin Maung Kyi လုပ်တာတော့ လုပ်နေရဦးမှာပါ။ တခြားရွေးစရာလည်း မရှိသေးလို့ပါ။
  • Chit Thet Tun ကျွန်မသမတအရမ်းဖြစ်ချင်ပါတယ် ဆိုတဲ့စကားလုံးတွေကို ခဏခဏပြောလွန်းတော့လည်း .....
  • သမု စီး ခဏခဏ မေးနေကြတာလဲ ပါမှာပေါ့
  • Ei Kay သူ့ ကို လူတွေက သူများနဲ့မတူတဲ့အသွင် တမျိုးနဲ့ (ဘုရင့်သမီးတော်လိုလို၊ ဘာလိုလို) ကြည့်ပီး အကဲဖြတ်တတ်ကြတာက ဒီလိုကွာဟမှုကိုဖြစ်သွားစေတယ်ထင်တယ်။ တကယ်တော့ သူဟာ လူ ထဲက လူပါပဲ။ သူဖြစ်ချင်တာကို ခနခန ပြောတာကလည်း လူ တွေလုပ်နေကျ လုပ်ရပ်တခုကို လုပ်တာပါပဲ။ နိုင်ငံရေးပါတီတခုရဲ့ ဥက္ကဌ နေရာယူထားတဲ့ လူ တစ်ယောက်ရဲ့ အိပ်မက် က ဒီ့အပြင်ဘာရှိအုန်းမှာလဲ..သူ လက်တွေ့ဆန်ဆန်ပြောနေတယ်လို့ မြင်ပါတယ် ကိုစောချစ် Chit Thet Tun