Saturday 31 December 2011

၂၀၁၁ အပြောင်းအလဲများ၊ အငြင်းပွားစရာများ

၂၀၁၁ အပြောင်းအလဲများ၊ အငြင်းပွားစရာများ

ဦးဝင်းတင်နဲ့ မေးခွန်းများ၊ မိုးမခ၊ ဒီဇင်ဘာ ၂၉ ၊ ၂၀၁၁



 ယမန်နေ့က ဆရာဦးဝင်းတင်နဲ့ တွေ့ဆုံခဲ့စဉ်မှာ အဓိကမေးဖြစ်တာကတော့ ၂၀၁၂ နှစ်သစ်သို့ မကူးခင် ၂၀၁၁ နှစ်အတွင်း မြန်မာပြည်နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများကို ပြန်ပြောင်းကြည့်ရှုတဲ့အခါမှာ တိုးတက်မှုတွေဆီ ဦးတည်နေပြီလား၊ ဘယ်လိုမျိုး သဘောထားပါသလဲ ဆိုတာ ဖြစ်ပါတယ်။ ဆရာက ပြန်လည်ဖြေကြားရာမှာ …

 ဖြေ။။ ၂၀၁၁ ခုနှစ်အတွင်းမှာ နိုင်ငံရေးအပြောင်းအလဲတွေ မြင်နေရတဲ့နှစ်ဖြစ်တယ်လို့ ဆိုကြတယ်။ တဖက်ကလည်း မပြောင်းလဲသေးတာတွေလည်း တွေ့ရှိနေရတုန်းပဲ။ ဒါကြောင့် ၂၀၁၁ ခုနှစ်ဟာ အပြောင်းအလဲတွေကြားထဲမှာ အငြင်းပွားစရာတွေ ရှိနေသေးတဲ့ နှစ်လို့ပဲ ပြောရမှာပဲ။

 မေး။။ ပထမအပြောင်းအလဲက ဘာလဲဆရာ။

ဒီလိုလေးဖြစ်နိုင်ပါစေ နှစ်သစ်ရေ

                                                     ကာတွန်း ဟန်လေး
ပျော်ရွှင်ဖွယ်နှစ်သစ်ဖြစ်ပါစေ။ (ထို့ ထက်ပို၍ ) ပျော်ရွှင်စရာကောင်းလောက်အောင် ထူးခြားကောင်းမွန်သော မင်္ဂလာနှစ်သစ်ဖြစ်ပါစေ။

ဒေါ်အောင်ဆန်းစုကြည် ၂၀၁၂ နှစ်သစ်ကူး ဆုတောင်း စကား

 
                                              New year speech to media
                                                           Length: ‎1:57
သတင်းသမားများအတွက်လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၂၀၁၂ နှစ်သစ်ကူး ဆုတောင်း စကား

၂၀၁၁ ထူးခြား ထင်ရှားသူများ ( ၁ ) (၂)

By ဧရာဝတီ on December 30, 2011 7:14 pm in အင်တာဗျူး


၂၀၁၁ ခုနှစ်အတွင်း မြန်မာနိုင်ငံသည် အစိုးရသစ် တက်လာခြင်း အပါအ၀င် အပြောင်းအလဲများစွာ ဖြစ်ပေါ်မှုနှင့်အတူ လူအများနှင့် သတင်း မီဒီယာများက အထူးအာရုံစိုက်ခံရသော ထူးခြားရှားသူများကိုလည်း တွေ့မြင်ခဲ့ရပါသည်။ ထို့ကြောင့် ယခုနှစ်အတွက် မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး ထူးခြားထင်ရှား သူများကို ဧရာဝတီ ပရိသတ်အတွက် စုစည်း ဖော်ပြလိုက်ပါသည်။



ဒေါ်အောင်ဆန်းစုကြည်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)ခေါင်းဆောင်

အတိုက်အခံနိုင်ငံရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ ခုနှစ်ကစပြီး မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှုကို အခက်အခဲ တွေမျိုးစုံကြားက ယခုအချိန်အထိ လှုပ်ရှားနေသူပါ။ မကြာသေးခင် အချိန်ထိ သူသည် ဒီမိုကရေစီ စံနှုန်းများ၊ အကြမ်းမဖက်ရေး လှုပ် ရှားမှု သဘောတရားများကို မြန်မာလူထုကို မကြာခဏေ ပြောတတ်ပြီး အခွင့်ကြုံပါက စစ်အစိုးရလက်ထက် တိုင်းပြည်၏ ဒုက္ခပြ ဿနာ များကို စူးစူးရှရှ ဝေဖန်တတ်သူ ဖြစ်သည်။ တွေ့ဆုံဆွေးနွေးရေးနှင့် အဖြေရှာသွားမည်ဟု တောက်လျှောက်ပြောလာခဲ့သော သူ့ကို စိတ်ကူးယဉ်ဆန်သူ၊ သဘောထား တင်းမာသူဟု ဝေဖန်သူများလည်း မရှားခဲ့ပါ။

Wednesday 28 December 2011

သစ္စာတရားနှင့် သတ္တိခွန်အား



ကျမတို့
ဟောဒီ လူပုဂ္ဂိုလ်တွေ
သေးငယ်ပြီး အထီးကျန်ဆန်လှတဲ့
ဂြိုလ်ကမ္ဘာပေါ်မှာ နေထိုင်ရင်း
သင်္ကေတ အားလုံးက ပြောပြနိုင်ရာ
ပန်းတိုင်တခုဆီ ဦးတည်ရင်း
သူစိမ်းဆံဆံ ကြယ်ကောင်းကင်အောက် ဖြတ်လာခဲ့ကြ
နေရောင်ခြည်များထဲ နမော်နမဲ့ဆံဆံ ဖြတ်လာခဲ့ကြ
အဲဒီပန်းတိုင်ဆိုတာ
ကျမတို့လေ့လာသင်ယူဖို့
မဖြစ်မနေလိုအပ်ပြီး ဖြစ်နိုင်ဖွယ်လည်းရှိတဲ့
သူရသတ္တိနဲ့ အံ့မခန်း သစ္စာတရားတို့
တည်ရှိရာ နေရာပါပဲ။

ကျမတို့
အဲဒီနေရာ ရောက်တဲ့အခါ
ငြိမ်းချမ်းရေးနေ့ကို တည်ဆောက်ဖို့ရာ
ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့
ကျမတို့ရဲ့ လက်သီးဆုပ်တွေကို ဖြည်ချလိုက်ကြပြီး
ကျမတို့လက်ဖဝါးတွေ
သန့်ရှင်းလတ်ဆတ်တဲ့ လေနဲ့ အေးမြစေမပေါ့။
ကျမတို့
အဲဒီနေရာ ရောက်တဲ့အခါ
အမုန်းတရားကို နယ်လှည့်ပြီးဆိုပြနေရတဲ့
သီချင်းသည် ဘဝဇာတ်ခုံ ပြည်ဖုံးကား ချလိုက်ကြတဲ့အခါ
မထေမဲ့မြင် ပြုခံရ
ကြပ်ခိုးစွဲနေတဲ့ ကျမတို့ရဲ့ မျက်နှာများ
တိုက်ချွတ်ဆေးကြောပြီးကြတဲ့အခါ
မတထောင် တကောင်ဘွား
ထူးခြားတဲ့ ကျမတို့ရဲ့ သားတွေသမီးတွေကို
စစ်မြေပြင်နဲ့ လူသတ်ကွင်းတွေက
သွေးစွန်းအနာတရဖြစ်နေတဲ့ မြက်ပင်တွေနဲ့
ဆွဲခြစ် မယူတော့တဲ့အခါ
ပြီးတော့
နိုင်ငံရပ်ခြားမြေပေါ်က ပုံစံတူမြေကွက်လေးတွေထဲ
မလဲလျောင်းစေတော့တဲ့အခါ။
ဘုရားရှိခိုးကျောင်းတော်တွေကို
လောဘတကြီး စီးနင်းတိုက်ခိုက်လို့
ဝတ်ကျောင်းတော်တွေအတွင်းက စူးစူးဝါးဝါးအော်ဟစ်လုံးထွေးသံများ
တိတ်ဆိတ်သွားတဲ့အခါ
တံခွန်ကုက္ကားတွေ
မြူးမြူးကြွကြွ လှုပ်ခတ်ဝှေ့ယမ်းနေတဲ့အခါ
တုန်ခါနေတဲ့ ကမ္ဘာ့အောင်လံများ
ရှင်းသန့် ကောင်းမြတ်တဲ့လေညှင်းထဲ
ခန့်ခန့်ညားညား လွင့်နေတဲ့အခါ။

ကျမတို့
အဲဒီနေရာ ရောက်လာတဲ့အခါ
ရိုင်ဖယ်သေနတ်တွေကို
ကျမတို့ရဲ့ ပခုံးပေါ်ကနေ
အောက်ကို ချထားလိုက်ကြတဲ့အခါ
ကလေးတွေက
စစ်ရပ်စဲခြင်း အလံ အပိုင်းအစတွေနဲ့
ကစားစရာအရုပ်တွေကို ဝတ်ဆင်ပေးလိုက်ကြတဲ့အခါ
သေမင်းတမာန် မြေမြှုပ်မိုင်းတွေ
ဖယ်ရှားလိုက်ပြီးတဲ့အခါ
သက်ကြီးရွယ်အိုတွေ
ငြိမ်းချမ်းခြင်း ညနေဆည်းဆာအတွင်း
လျှောက်လှမ်း ဝင်ရောက်လာနိုင်တဲ့အခါ
ဘာသာရေး ပွဲလမ်းတွေမှာ
အသားကိုလောင်မြိုက်လို့ရတဲ့ညှော်နံ့နဲ့
အမွှေးတိုင်အဖြစ် မလွှမ်းထုံတော့တဲ့အခါ
ကလေးသူငယ်တွေရဲ့ အိပ်မက်တွေကို
မတရားပြုကျင့်မှု အိပ်မက်ဆိုးက အဓမ္မမောင်းထုတ်လို့
ကလေးတွေ အထိတ်တလန့် လန့်နိုးတာမျိုး မရှိတော့တဲ့အခါ။

ကျမတို့
အဲဒီနေရာ ရောက်လာခဲ့ကြတဲ့အခါ
ကျမတို့ ဝန်ခံကြရပါလိမ့်မယ်။
ကမ္ဘာ့အံ့ဖွယ်ဆိုတာ
ကျောက်တုံးတွေကို
လျှို့ဝှက်ဆန်းကြယ် သေသပ်စွာ တည်ဆောက်ထားတဲ့
ပိရမစ်ကြီးတွေလည်း မဟုတ်၊
ကျမတို့ရဲ့ စုပေါင်း အဇ္ဈတ္တမှတ်ဉာဏ်ထဲ
ထာဝရ အလှတရားအဖြစ် ချိပ်ဆွဲထားတဲ့
ဘေဘီလုံက ဥယျာဉ်ကြီးတွေလည်း မဟုတ်၊
အနောက်တိုင်း ညနေဆည်းဆာများရဲ့
နှစ်လိုဖွယ် ရောင်စုံများနဲ့ ထွန်းညှိထားတဲ့
အရီဆိုးနားက မဟာချောက်ကမ်းပါးကြီးလည်း မဟုတ်ဘူးဆိုတာ
ကျမတို့ ဝန်ခံကြရပါလိမ့်မယ်။
ဥရောပတိုက်ထဲ သူ့ရဲ့အပြာရောင်ဝိညာဉ်
စီးဝင်နေစေတဲ့ ဒန်နျုမြစ်လည်း မဟုတ်၊
တက်နေဝန်းဆီ ဆွဲဆန့်ဖြန့်တက်နေတဲ့
ဖူဂျီတောင်မဟာရဲ့ အထွတ်အမြတ်တောင်ထိပ်လည်း မဟုတ်၊
သတ္တဝါအားလုံးကို ကျောသားရင်သားမခွဲ
ရေနက်ပိုင်းထဲမှာ ကမ်းခြေတွေပေါ်မှာ
ပြုစုပျိုးထောင်ပေးတဲ့
အဖ အမယ်ဇုံမြစ်နဲ့ အမိ မစ္စစ္စီပီမြစ်တွေလည်း မဟုတ်၊
တကယ်တော့
ဒါတွေတင်ပဲ
ကမ္ဘာ့အံ့ဖွယ်တွေ မဟုတ်ဘူးဆိုတာ
ကျမတို့ဝန်ခံကြရပါလိမ့်မယ်။

ကျမတို့
အဲဒီနေရာကို ရောက်လာကြတဲ့အခါ
ကျမတို့
ဟောဒီလူပုဂ္ဂိုလ်တွေ
မပြောပလောက်အောင် သေးငယ်ပြီး
အထီးကျန်ဆန်လှတဲ့ ဂြိုလ်ကမ္ဘာပေါ်က
ကျမတို့တတွေ
ဓါးတွေ ဓါးမြောင်တွေ ဗုံးလက်နက်တွေကို
နေ့စဉ် လက်လှမ်းနေကြတဲ့ ကျမတို့တတွေ
တဖက်မှာလည်း အမှောင်ထုထဲ
ငြိမ်းချမ်းရေး တိုကင်လက်မှတ်ရဖို့အတွက်
အသနားခံစာ တင်ထားကြသူတွေ
ဟောဒီ အမှုန်အမွှားမျှလောက်သာရှိတဲ့ ရုပ်ဝတ္ထုပေါ်က ကျမတို့ကို
အာခံတွင်းထဲ မြိုသိတ်ထားရတဲ့
လှိုက်စားစော်ကား စကားလုံးများက
ကျမတို့ရဲ့အစစ်အမှန်ဖြစ်တည်မှုကို စိမ်ခေါ်နေကြ
တခါ…
အဲဒီပါးစပ်တွေထဲကပဲ ထွက်ကျလာတဲ့သီချင်းတွေ
သိမ်မွေ့ချိုမြိန်လှပြီး စုံမက်ဖွယ်ကောင်းလွန်းလို့
ရင်ခုန်မှုတွေ အမှောက်မှောက် အမှားမှားဖြစ်
လေးစားခန့်ငြားလွန်းလို့ ခန္ဓာကိုယ်က ငြိမ်ကျသွား။

ကျမတို့
ဟောဒီလူပုဂ္ဂိုလ်တွေ
သေးငယ်ပြီး အလျင်မပြတ် စီးမျောနေတဲ့ ဂြိုလ်ကမ္ဘာပေါ်က
ကျမတို့တတွေရဲ့
မထင်မှတ်တဲ့လက်များရဲ့ ရိုက်ချက်နဲ့
မျက်စိတမှိတ် လျှပ်တပျက်အတွင်း
အသက်ဇီဝကို ခန္ဓာကိုယ်ထဲက ဆွဲထုတ်ပစ်ခဲ့ကြ
အဲဒီလက်များကပဲ
အင်မတန့်ကို အကြင်နာများနဲ့ ဖြေသိမ့်ပေးနိုင်လို့
မာနတခွဲသားနဲ့ ကျမတို့ရဲ့ လည်တိုင်တွေ
ပျော်ရွှင်စွာ ငုံ့ညွတ်
ပြီးတော့
မာနကြီးလှတဲ့ ကြောပြင်လည်း ကိုင်းညွှတ်
ဒီလို ဗရုတ်သုက္ခတွေ ဒီလိုပဋိပက္ခတွေကတဆင့်
ကျမတို့ဟာ
နတ်ဒေဝတာလည်းမဟုတ် မိစ္ဆာလည်းမဟုတ်တာ သိလာကြရ။

ကျမတို့
အဲဒီနေရာ ရောက်လာကြတဲ့အခါ
လေလွင့် ပေါလောမျော ဝတ္ထုပေါ်က
ကျမတို့
ဟောဒီလူပုဂ္ဂိုလ်တွေ
ဟောဒီကမ္ဘာမြေပေါ်ဖန်ဆင်း
ဟောဒီကမ္ဘာမြေကနေ ဖန်ဆင်း
ဟောဒီကမ္ဘာမြေအတွက်
ယောင်္ကျား မိန်းမဟူသမျှ
ဘာသာတရားကိုင်းရှိုင်းဟန်ပြ
သူတော်ကောင်းယောင် ဆောင်သူများ ကင်းပပြီး
အကြီးအကျယ် ထိတ်လန့်ကြောက်ရွံ့ခြင်းမဲ့
လွတ်လပ်စွာ နေထိုင်နိုင်တဲ့ ဝန်းကျင်တခု ပုံစံ
ဖန်တီးနိုင်တဲ့ စွမ်းအားရှိကြ ကျမတို့တတွေ..။
ကျမတို့
အဲဒီနေရာ
ရောက်လာကြတဲ့ အခါ
ကျမတို့ မလွဲမသွေ ဝန်ခံကြရပါလိမ့်မယ်။
ကျမတို့ဟာ
ဖြစ်နိုင်စွမ်းရှိသူ တန်ခိုးရှင် ကမ္ဘာ့အံ့ဖွယ် တကယ်ဖြစ်တယ်ဆိုတာကို
ဝန်ခံကြရပါလိမ့်မယ်။
အဲဒီအချိန်ဆိုတာ
ကျမတို့ ဦးတည်ပြီး လာနေတဲ့
တခုတည်းသော အဲဒီနေရာပေါ့…။    ။
ငြိမ်းဝေ
၂၇၊ ၅ ၊ ၂၀၁၀

(အမေရိကန် လူမဲကဗျာဆရာမ “မာယာအင်ဂျလို” ရဲ့ A Brave and Startling Truth ကဗျာကို ဘာသာပြန် ထားတာပါ။ ဒီကဗျာဟာ ၁၉၉၅ ခု၊ ဇွန်လ၊ ၂၆ ရက်နေ့၊ အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့မှာ ကျင်းပတဲ့ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ချုပ်ကြီး ထူထောင်ခြင်း နှစ် ၅၀ မြောက် အခမ်းအနားမှာ သူကိုယ်တိုင်စပ်ဆို သူကိုယ် တိုင်တက်ရောက် ရွတ်ဆိုသွားခဲ့တဲ့ ကဗျာဖြစ်ပါတယ်။)
http://www.naytthit.net/

ဥရောပငွေကြေး ပြဿနာ (အပိုင်း ၁) + (အပိုင်း ၂) (အပိုင်း ၃) (အပိုင်း ၄)

by Tharchit Zaw on Wednesday, December 28, 2011 at 5:51pm



မဇျိမသတင်း
ဘိုဘိုကျော်ငြိမ်း | သောကြာနေ့၊ ဒီဇင်ဘာလ ၁၆ ရက် ၂၀၁၁ ခုနှစ် ၁၂ နာရီ ၁၃ မိနစ်


လတ်တလော အရေးပါလာတဲ့ ကမ္ဘာ့ပြဿနာတွေအထဲမှာ ရှေ့တန်းရောက်လာတာက ဥရောပ ငွေကြေးပြဿနာ
ဖြစ်တယ်။ အချို့ကလည်း ယူရိုပြဿနာလို့ ခေါ်ကြတယ်။ တချို့ကလည်း နိုင်ငံ့အကြွေး ပြဿနာ (Sovereign Debt)လို့ အမည်တပ်ကြပြန်တယ်။ မည်သို့ပင် တပ်တပ် ဒီပြဿနာ ကိုမဖြေရှင်းနိုင်ရင် တကမ္ဘာလုံး စီးပွားရေး
နှေးကွေးမှု (Global Slowdown) ဖြစ်မယ် ဒီကမှတဆင့် ကမ္ဘာ့စီးပွားရေးကပ် (Global Recession / Depression) အထိ ကျဆင်းနိုင်တယ် ဆိုပြီး စိုးရိမ်သူတွေ ရှိကြတယ်။ ဒါကြောင့် ဒီပြဿနာကို မရရအောင် ရှင်းရမယ်ဆိုပြီး ဥရောပ
ခေါင်းဆောင်တွေက ဆုံးဖြတ်ထားပုံရတယ်။

အမေ့ထူသူများအတွက် နည်း ၅ နည်း

 

by Moenge Aung on Wednesday, December 28, 2011 at 2:14pmBy Good Health Originally posted

သော့ဘယ်မှာ ထားမိမှန်းမသိ ဖြစ်နေသလား။ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ရဲ့ နာမည်ကို မေ့နေသလား။ အမေ့ထူလွန်းလို့ စိတ်ညစ်နေပါသလား။  စိတ်မညစ်ပါနဲ့တော့။ မေ့တတ်တဲ့အကျင့် ပျောက်ပြီး မှတ်ဉာဏ်ကောင်းစေနိုင်တဲ့ အလွယ်နည်းတွေကို သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိထားပါတယ်။

 (၁) အချက်အလက်သစ်တွေ မှတ်မိဖို့ မေးစေ့ကိုင်ပါ  

Monday 26 December 2011

ရထားပေါ်မှာပဲ ဘဝဆုံးတဲ့ ရထားချစ်သူ

By , on December 26,  
 
ဒီဇင်လဘာလ ၁၇ ရက်နေ့က ရထားပေါ်မှာပဲ နှလုံးရောဂါနဲ့ အနိစ္စသဘော ကိစ္စချောသွားတဲ့ မြောက်ကိုရီးယား အာဏာရှင် ကင်ဂျုံအီးလ် အခုတော့ ပန်းတွေနဲ့ ဝေနေပါပြီ။လာမယ့် ဒီဇင်လာ ၂၈ ရက်နေ့မှာတော့ နိုင်ငံတော် ဈာပနနဲ့ သူ့ကို သင်္ဂြိုဟ်ပါတော့မယ်။

မြောက်ကိုရီးယားမှ ၂၀၀၂ ခုနှစ်တွင် ထွက်ပြေးလာပြီး တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ခိုလှုံနေသော ရုပ်ပြောင်ရေးသူ Song Byeok က သူ၏ စတူဒီယိုတွင် ဒီဇင်ဘာ ၂၃ ရက်နေ့က ရေးဆွဲထားသည်များကို ပြသစဉ် (ဓာတ်ပုံ - AP)

ငါးလောင်းပြိုင် လူသတ်မှု နောက်ဆက်တွဲသတင်း (သို့မဟုတ်) စိန်စီသောည မှ အဆက်"

စိန်စီသောည(အဆက်)

by Yeyint Nge on Sunday, December 25, 2011 at 2:03am

မတ်လ ၃  ၂၀၀၈ ရက်နေ့က အမှတ် ၁၂၆၊ စိမ်းလဲ့ကန်သာလမ်း၊ ကမာရွတ်မြို့နယ်တွင် မိသားစုဝင် ၄ ဦးနှင့် အိမ်အကူ လုပ်သားတဦးကို နေ့ခင်းကြောင်တောင် သေနတ်များဖြင့် ပစ်သတ်ခဲ့မှုများ ဖြစ်ပွားခဲ့သည်။ ရန်ကုန်မြို့၏ လူကုံထံ ရပ်ကွက်ရှိ အခင်းဖြစ်ပွားရာ နေရာသည် အစောင့်အကြပ် ထူထပ်ပြီး တစိမ်းတရံ မျက်နှာမွဲတဦး ဝင်ရောက် ဖြတ်သန်းရန်ပင် လွယ်ကူလှသည့် နေရာမဟုတ်။
ဦးချာလီ (ဦးစောကြည်ဖ) (၆ဝ နှစ်)၊ ဇနီးဖြစ်သူ ဒေါ်စန်းစန်းမြင့် (၅၈ နှစ်)၊ သမီးများဖြစ်သော ဒေါ်မြစန္ဒာ (၃၆ နှစ်)၊ မနှင်းပွင့်အေး (၂၇ နှစ်) နှင့် အိမ်ဖေါ် မအယ်ဖော (၁၅ နှစ်) တို့ ဦးခေါင်းတွင် သေနတ် ဒဏ်ရာများဖြင့် သေဆုံးနေသည်။
မဇ္ဈိမသတင်းဌာန---


"ငါးလောင်းပြိုင် လူသတ်မှု နောက်ဆက်တွဲသတင်း
(သို့မဟုတ်)
စိန်စီသောည မှ အဆက်"--------------------------------------
ယောမင်းလေး --------------------------------------





ရန်ကုန်မြို့  မိုးကုတ်သူဌေးဦးမြမောင်၏ အဆက်အနွယ်ငါးဦး တစ်ပြိုင်နက်အသတ်ခံရမှုကို အမှု  ပြန်လည်ဖော်ထုတ် စစ်ဆေးမည်ဟူသော သတင်းကို ကျွန်ုပ်တို့  သိုးသိုးသန့်သန့်ကြားသိနေရပေသည်။

Sunday 25 December 2011

အာဏာရှင်ဆို ဘယ်လို အာဏာရှင်မှ ဒီကမ္ဘာမြေမှာ မရှိသင်.

                                                               Length: ‎19:44   DVB News Mirror and Rhythm  
အာဏာရှင်ဆို ဘယ်လို အာဏာရှင်မှ ဒီကမ္ဘာမြေမှာ မရှိသင့်တော့ဘူးလို့ ယုံကြည်ထားသူ… နာဇီ လက်အောက်မှာရော ကွန်မြူနစ်အာဏာရှင်အောက်မှာပါ နေ့စဉ်ဘ၀ရုန်းကန်မူတွေကို ကြုံဆုံခဲ့ရသူ…. စာပေ အနုပညာနဲ့ နိုင်ငံရေးဆိုတာဟာ ခွဲခြားကန့်ထားလို့ ရတဲ့အရာတွေမဟုတ် ခေါင်းနဲ့ပန်းလို ဆက်စပ်နေတဲ့ အရာတွေလို့ ခံယူသူ---ချက် နိုင်ငံ ကတ္တီပါတော်လှန်ရေးကို တပ်ဦးကနေ အကြမ်းမဖက် ဦးဆောင်နိုင်ခဲ့သူ…. ဥရောပ ပြန်လည်ပေါင်းစည်းရေးကို ကျိုးစားခဲ့သူ…. ကမ္ဘာမြေ ငြိမ်းချမ်းရေးကို အားစိုက်ခဲ့သူ… လူတိုင်း နေ့စဉ် ရီမော ပျော်ရွင်နေတာကို မြင်တွေ့လိုသူ… မြန်မာ့ဒီမိုကရေစီအရေးကို တစိုက်မတ်မတ် အားပေးထောက်ခံ ကူညီခဲ့သူ….. Leaving ဆိုတဲ့ ဟာသရုပ်ရှင်ကားကို နောက်ဆုံး ရိုက်ကူးရင်း သူ့ရုပ်ရှင်ကားလိုပဲ ပြန်မလာတော့မဲ့လမ်းကို ထွက်ခွါသွားရှာတဲ့ ချက် နိုင်ငံ သမ္မတဟောင်း ဗားစ(က)လက် (လပ်) ဟာဗဲလ် ရဲ့  ပုံရိပ်လေးကို ဒီတပါတ်အစီအစဉ်အဖြစ် ဖန်တီးမိခဲ့ပါတယ်။

ဒီဇင်ဘာများ


    
 ဒီဇင်ဘာများ
ဒီဇင်ဘာညချမ်းလေးဟာ ခရစ်စမတ်ဆိုတဲ့နေ့နဲ့အတူ အေးချမ်းနေခဲ့တယ်။ ဒီနေ့ဟာ ကမ္ဘာတစ်ဝှမ်း လှုပ်လှုပ်ရှားဖြစ်ရတဲ့ ခရစ်စမတ်နေ့ ဖြစ်သလို ကရင်လူမျိုးများရဲ့ ၂၇၅၁ နှစ်မြောက် နှစ်သစ်ကူး အခါသမယလည်း ဖြစ်တယ်လို့ဆိုပါတယ်။ မြန်မာပြည်မှာတော့ အေးချမ်းလှတဲ့ဆောင်းကာလ ဖြစ်နေ
ပါလိမ့်မယ်။ မနက်ပိုင်းဆောင်းနှင်းတွေနဲ့ နိုးထလာကြမယ့် ဒီနေ့ဟာ အေးချမ်းနှစ်လိုဖွယ်ရာ ဖြစ်နေပါ လိမ့်မယ်။ သတိတရရှိနေပေမယ့် မြန်မာ့ဆောင်းကိုတွေ့ထိခွင့်ရဖို့ ကြာလွန်းပါဦးမယ်ဆိုတာ
သေချာပါတယ်။

မိုးရွာမလိုလို ရှိပေမယ့် မနက်ကနေခုထိ မရွာခဲ့ပြန်ဘူး။ အိမ်သူသက်ထားဖြစ်သူက တစ်နေရာရောက်နေ ခဲ့တဲ့ခါ ခံစားမှုဒီဇင်ဘာမှာ ကာလာစိုစိုလေးပိုသွားခဲ့တယ်။ ဝမ်းနည်းခြင်း ကာလာတွေ ပိုများသွားမယ် ထင်တယ်။ လူတွေအားလုံးပြုံးပျော်နေကြပေမယ့် ကိစ္စများမြောင် လူတို့ဘောင်ထဲမှာ လူးလွန့်နေရသေး သရွေ့ ပျော်ပို့မြူးဖို့ရာ မတတ်သာသေး။

ဒီဇင်ဘာဟာ တစ်ခြားလတွေလိုပဲ ပုံမှန်ဆိုက်ရောက်နေကျ။ ဒါပေမယ့် သူက မတူတဲ့ခံစားမှုကို အမြဲပေး တယ်။ အနည်းဆုံး နှုတ်ဆက်သွားတော့မယ့် နှစ်တစ်နှစ်အတွက် ဝမ်းနည်းစေတတ်တယ်။အလွမ်းနဲ့ ခံစား ရင်းတွေအတွက် ငိုချင်ရက် လက်တို့လုပ်တတ်လွန်းတယ်။ ဒါပေမယ့် သူဟာ နှုတ်ဆက်သူတွေကို
နှစ်သစ်တစ်ခုဆီသို့ အားအင်တွေ ၊ ပျော်ရွှင်မှုတွေနဲ့ နောက်ဆုံးစက္ကန့်ထိ တွန်းပို့ပေးတတ်ပြန်တယ်။

ဒီဇင်ဘာရေ ..အခုလည်း မင်းရဲ့အရိပ်ထဲရောက်နေပြန်ပါပြီ။ မင်းရင်ခွင်မှာ ဝမ်းသာဝမ်းနည်းခြင်းတွေခံစား ရင်း တစ်နှစ်မှာတစ်လ၊ တစ်လထဲက တဒင်္ဂစီတိုင်းကို ကျေးဇူးတင်ပါတယ်။ နောက်ထပ် ဒီဇင်ဘာများမှာ
တဒင်္ဂစီတွေ ထပ်တွေ့ကြပါဦးမယ်။

Friday 23 December 2011

မိတ်ဆွေများရီဖို့



ရီစရာလေးပါ။ အဟောင်းပေမယ့် ရီဖို့သက်သက်အဖြစ်တင်ပေးလိုက်ပါတယ်။ ရီကြည့်ကြတာပေါ့။

Thursday 22 December 2011

ဦးဇာဂနာရဲ့ နိုင်ငံခြား ခရီးစဉ်မှ ဗိုလ်ချုပ်ဇာတ်လမ်းအပေါ် အမြင်တစ်ချို့



ဦးဇာဂနာရဲ့ နိုင်ငံခြား ခရီးစဉ်မှ ဗိုလ်ချုပ်ဇာတ်လမ်းအပေါ် အမြင်တစ်ချို့ကို ထပ်မံမျှဝေလိုက်ပါတယ်။


Google ကုမ္ပဏီ၏ မြင်သူ အံ့သြ ငေးမော ရမည့် လန်ဒန် ရုံးခန်းသစ် မြင်ကွင်းများ

PatheinCity News
အင်တာနက် အင်အားကြီး ကုမ္ပဏီ Google သည် ၎င်း၏ အလုပ်လုပ်ရာ ရုံးခန်းများကို ဝန်ထမ်းများ အတွက် လှပသော စိတ်ချမ်းဖြေဖွယ် ကောင်းသော သက်တောင့် သက်သာရှိစေသော စိတ်အပန်းဖြေစရာ နေရာတစ်ခု ကဲ့သို့ ရည်ရွယ်ပြီး ကမ္ဘာပေါ်ရှိ အခြားသော ကုမ္ပဏီ အဖွဲ့ အစည်းများ၏ ရုံးခန်းများနှင့် မတူအောင် ပြင်ဆင်လေ့ရှိသည်။
Google ကုမ္ပဏီ၏ ၁၂၃ ဘက်ကင်ဟမ် နန်းတော် လမ်းမ ပေါ်တွင် အသစ်ဖွင့်လှစ်လိုက်သည့် လန်ဒန် ရုံးခွဲသည်လည်း ဝန်ထမ်း ၃၀၀ အတွက် ဆန်းသစ်သော ဒီဇိုင်း နှစ်လိုဖွယ် အပြင်အဆင် နှင့် မြင်သူငေးစရာ စိတ်ကူးအိပ်မက် ထဲက နေရာများကဲ့သို့ ပြင်ဆင်ပေးထားသော ဒီဇိုင်းကုမ္ပဏီ Scott Brownrigg ၏ လက်ရာကို မြင်တွေ့ရသည်။

ဦးဇာဂနာ ဘန်ကောက် သတင်းစာရှင်းလင်းပွဲ မြင်ကွင်း



ဦးဇာဂနာရဲ့ ပထမဦးဆုံးနိုင်ငံခြားခရီးစဉ်အဖြစ် ထိုင်းနိုင်ငံ ဘန်ကောက်ကို ရောက်ရှိခဲ့ပါတယ်။ ဒီရုပ်သံဖိုင်ကတော့ ဘန်ကောက် သတင်းစာရှင်းလင်းပွဲရဲ့ အပိုင်းတစ်ခုဖြစ်ပါတယ်။ အကဲခတ်ကြည့်ကြပါဦး။

Wednesday 21 December 2011

သမီးမေမေကို လူဆိုးတွေ သတ်သွားတယ်။ [ သွန်းနေစိုး ]

by Thorn Nay Soe on Wednesday, December 21, 2011 at 5:23pm

လှည်းတန်းတွင် ဗုံးကွဲသည်ဟု ကြားရချင်း၌ ကျနော့်ရင်ထဲ ဗြောင်းဆန်သွားမိပါသည်။
ပြီးတော့ ချက်ချင်း သွေးတွေဆူပွက်၊ ဘာကိုမှ မမြင်နိုင်အောင် ဖြစ်သွားမိသည်။

ယုတ်မာလိုက်ကြတာ၊ ယုတ်မာကြပြန်ပြီ။ စိတ်ထဲတွင် အခါခါ ရေရွတ်မိ၏။
ဒေါသလည်း ထွက်သည်။ ထိုဒေါသအား ပေါက်ကွဲခွင့်လည်း မရပါသောကြောင့် ယောက်ျားတန်မဲ့ ငိုချင်သလိုလိုပင်ဖြစ်သွားမိ၏။

လှည်းတန်းလမ်းဆုံတွင် ဗုံးကွဲ

ယခု နေ့လည် လှည်းတန်းလမ်းဆုံတွင် ဗုံးကွဲ၍ တစ်ယောက်သေ၊ တစ်ယောက်ဒါဏ်ရာပြင်းကြောင်း သိရပါသည်။ဘယ်အဖွဲ့က ခွဲခွဲ၊ ဘယ်သူ ခွဲခွဲ၊ ဘာကြောင့် ခွဲခွဲ လူမဆန်သောလုပ်ရပ်၊ သူရဲဘောကြောင်သော ဖျက်လိုဖျက်ဆီးလုပ်ရပ်ဟု
့ပြင်းထန် အထင်သေးစွာ ရှုံ့ချ ကန့်ကွက်ပါသည်။
ဘာရည်ရွယ်ချက်ရှိနေသနည်း? ဘာကို ဦးတည်နေသနည်း? ဘယ်လိုတွက်တွက် ဘာမှအကျိုးမရှိသော လုပ်ရပ်သာဖြစ်သည်။ အင်မတန် အောက်တန်းကျသော စိတ်ဓာတ်နှင့် ပြုမူခြင်းသာဖြစ်သည်

Tuesday 20 December 2011

Ƹ̵̡Ӝ̵̨̄Ʒ ငြိမ်းချမ်းခြင်းကဗျာ Ƹ̵̡Ӝ̵̨̄Ʒ



Ƹ̵̡Ӝ̵̨̄Ʒ ငြိမ်းချမ်းခြင်းကဗျာ Ƹ̵̡Ӝ̵̨̄Ʒ

သင့်တောင်ပံအောက်က လေမှာ
ငြိမ်းချမ်းရေးရနံ့ ဆိုတာရှိလေရဲ့

သင်ပျံသန်းနေတဲ့ကောင်းကင်ဟာ
ငြိမ်းချမ်းရေးမိုးပြာရောင်
ရှိလေရဲ့

သင့်တောင်ပံတွေ ခတ်တိုင်းမှာ
"ငြိမ်းချမ်းရေး"ထစ်ချုံးသံသာ ပဲ့တင်ထပ်နေခဲ့

သင်ဟာ ငြိမ်းချမ်းခြင်းသစ္စာ
သင်ဟာ ငြိမ်းချမ်းခြင်းမေတ္တာ
သင်ဟာ ငြိမ်းချမ်းခြင်းကဗျာ
သင့်ဝိဥာဏ်ဟာ ပကတိငြိမ်းချမ်းခြင်းကဗျာ ။......။

လှိုင်ဘွား / ၈၈ - ၂၀၁၁

Ƹ̵̡Ӝ̵̨̄Ʒ ဒီမိုကရေစီနှင့်လူ့ အခွင့်အရေးတိုက်ပွဲတွင် ကျောင်းထဲ မြောင်းထဲ
ထောင်ထဲ တောထဲတွင် အသက်စွန့် ခဲံရသော (၈၈) ညီအစ်ကိုမောင်နှမ
အားလုံးအတွက် -

Monday 19 December 2011

19.12.2011 နေ့ဖတ်ရန်သတင်းများ

ချက်သမ္မတဟောင်း Vaclav Havel ကွယ်လွန်ပြီ.
ကျောက်မီးသွေးသုံး ဓာတ်အားထုတ် စီမံကိန်းက ထွက်လာနိုင်တဲ့ ပြာမှုန် ပမာဏ.
အီရတ်က လက်ကျန်အမေရိကန်တပ်ဖွဲ့တွေ အကုန်ထွက်ပြီ.
ရုရှား ကမ်းလွန် ရေနံတွင်းတူးစင် တိမ်းစောင်း နစ်မြှုတ်.
ဆီးရီးယားကို အာရပ် အဖွဲ့ချုပ် ဖိအားပေး.
ရှမ်းပါတီ ကြားဖြတ်ရွေးကောက်ပွဲ ဝင်မယ်.
ကိုင်ရို မြို့လယ်မှာ တိုက်ခိုက် နေကြဆဲ.
အီရတ် ပါလီမန်အတွင်း နိုင်ငံရေး မတည်ငြိမ်.
အညတရ သူရဲကောင်း ဂုဏ်ပြုပွဲ ဂျပန်မှာ ပြုလုပ်.
အစိုးရနဲ့ SSA တောင်ပိုင်း ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေး.
SNDP ကြားဖြတ်ရွေးကောက်ပွဲ သုံးနေရာ ဝင်ပြိုင်မည်.
ကြားဖြတ်ရွေးကောက်ပွဲအတွက် NLD ပြင်ဆင်.
သမိုင်းဝင် ရန္တပို.

by Myanmar Journal on Monday, December 19, 2011 at 6:48am
ကတ္တီပါ တော်လှန်ရေးကြီးကို ဦးဆောင်ခဲ့သူ Vaclav Havelချက်သမ္မတဟောင်း Vaclav Havel ကွယ်လွန်ပြီ
ချက်ကိုစလိုဗက်ကီးယားနိုင်ငံ မှာ ကတ္တီပါ လူထု တော်လှန်ရေး ကို ဦးဆောင် ခဲ့သူ လည်း ဖြစ်၊ ချက်သမ္မတနိုင်ငံ ရဲ့ ပထမ ဦးဆုံး သမ္မတ လည်းဖြစ်တဲ့ Vaclav Havel ဗားစ်လာ့ဗ် ဟာဗဲလ် ဟာ အသက် ၇၅ နှစ် အရွယ်မှာ ကွယ်လွန် သွားပြီ ဖြစ်ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီ ကွယ်လွန်



အာဏာရှင်ကြီး ကင်ဂျုံအီ ဘဝကတော့ အေးချမ်းစွာ အဆုံးသတ်သွားပါပြီ။ အာဏာရှင်နိုင်ငံ အဖြစ်ကနေ အဆုံးသတ်ဖို့တော့ မမြင်သေး။ သို့သော် အာဏဏာရှင်ရဲ့ အာဏာစုတစ်ခု အားအင်ချိနဲ့သွားတာတော့ အမှန်။ အဖြစ်စေချင်ဆုံးကတော့ ကိုးရီးယားနှစ်နိုင်ငံ ပြန်မပေါင်းဖြစ် ရင်တောင် အာဏာရှင်နိုင်ငံ မဖြစ်စေချင်တော့ပါ။ သိုပေမယ့် သူ့သားငယ်လေးက ဖအေထက် ဆိုးလေမလား ဆိုတာကိုပဲ ကမ္ဘာဇာတ်ခုံပေါ်မှာ စောင့်ကြည့်ရပါဦးမယ်။



မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီသည် ဒီဇင်ဘာ ၁၇ ရက်နေ့ နံနက် ဂ နာရီခွဲ က ကွယ်လွန်ခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံက ဒီဇင်ဘာ ၁၉ ရက်နေ့တွင် ကြေညာသွားခဲ့သည်ည် မြို့တော် ပြုံယမ်း အပြင်ဘက်သို့ ကွင်းဆင်းခရီးစဉ် ထွက်ခွာစဉ် ရထားပေါ်၌ ကွယ်လွန်သွားခဲ့ကြောင်း နိုင်ငံပိုင် သတင်းဌာန ကေစီအင်အေ က ပြောကြားခဲ့သည်။
 
 

''အဲဒီအခန်းဖြတ်... အဲဒီအခန်းဖြတ်''



ဒီဇာတ်လမ်းတိုလေးကတော့ လက်ရှိ ရုပ်ရှင်ဆင်ဆာအဖွဲ့ကို ထိထိရောက်ရောက် ဆော်ထည့်လိုက်တာ ပါ။ တကယ့်သရုပ်ပီသလို တင်ပြမှု အင်မတန်ကောင်းပါတယ်။ မြန်မာပြည်လူထုဟာ ရုပ်ရှင်တစ်ကား၊ ဗီဒီယိုတစ်ကား ကို ဘယ်လိုအဆင့်တွေကို ကျော်ဖြတ်ပြီးမှ ကြည့်ရသလဲဆိုတာ ကွက်ကွက်ကွင်း ကွင်းမြင်နိုင်ပါတယ်။ ဒါ့အပြင် ရိုက်ကူးထုတ်လုပ်သူတွေဘက်မှာလည်း ဘယ်လောက်ထိအခက်အ ခဲတွေရှိတယ်ဆိုတာ မီးမောင်းထိုးပြလိုက်တာပါပဲ။ 

ဒီလိုတွေကြောင့်သာပဲ မြန်မာ့ရုပ်ရှင်လောကထွက် ဇာတ်ကားတွေဟာ ပေါချောင်ကောင်းဖြစ်ရုံတင်မက ဘာမှအနှစ်အရသာမရှိအောင် ဖြစ်နေကြတာပါ။ အပိုမလုပ်ရဲဘူး။ ဇာတ်ပီပြင်အောင် မလုပ်ရဲဘူး။အားလုံး လွတ်အောင်ရှောင်ရိုက်ကြရင်း တန်ဖိုးမဲ့ကားတွေပဲ ထွက်လာနေခြင်းဖြစ်ပါတယ်။ဇာတ်လမ်းလေးအဆုံးမှာ
အဲဒီလိုရေးထားပါတယ်။
'မကြောက်မရွံ့ သရုပ်ဆောင်ပေးသော သရုပ်ဆောင်များအား အထူးပင်ကျေးဇူးတင်ရှိပါသည်'' တဲ့။ တကယ်ကျေးဇူးတင်စရာကောင်းပါတယ်။ ရှုစားကြည့်ပါဦးဗျာ။ ကြည့်ဖြစ်ရင်လည်း comment ရေးပြီး အမြင်လေးပေးခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။

မုတ်သုံမိုးဦး

( နောက်ဆက်တွဲ သတတင်း)

'အဲ့ဒီအခန်းဖြတ်' က ဖြစ်ရပ်မှန်ဟု ဒါရိုက်တာ ဝိုင်း ပြော

Saturday 17 December 2011

၁၉၆၂ ကျောင်းသားသမဂ္ဂ ဖျက်ဆီးမှု၌ ဗိုလ်နေ၀င်း သရဲဘောကြောင်ပုံ

by Burma Thwe on Saturday, December 17, 2011 at 10:55am




တော်လှန်ရေးကောင်စီ ဖွဲ.စည်ကြောင်း၊ လူထု အကျိုးစီးပွားအတွက် တပ်မတော်က တာဝန်ယူကြောင်း ကြေငြာချက်များနှင့် အတူ အများပြည်သူတို့အား စီတန်းလမ်းလျှောက်၍ ဆန္ဒပြပွဲများ မပြုကြရန် မေတ္တာရပ်ခံချက်စာတိုကလေးများကို သတင်း စာတိုက်များတွင်ဖော်ပြပါရှိခဲ့လေသည်။ဆန္ဒပြလျှင်အရေးယူမည်ဟု လည်းနောက်ဆက်တွဲ သတိပေးထားခဲ့၏။ စစ်တပ်က အာဏာသိမ်းကြောင်း ကြေငြာချက်ကို ဆန့်ကျင်မှုများပေါ်ပေါက် လာလေမည်ကို ဗိုလ်နေ၀င်းနှင့် စစ်ဗိုလ်ကြီးများ ကြောက်ရွံ.ကြသည်မှာ သိသာထင်ရှားသည်။

Friday 16 December 2011

မတူတာတွေဖယ်ပြီး တူတဲ့စစ်ဝတ်စုံတွေနဲ့ သွားတော့မှာလား

                       not same but together
  ဒီရက်ပိုင်းအတွင်း ဦးသိန်းစိန်အစိုးရက လူထုနဲ့အတူရှိပြီး လူထုညီညွတ်
 ချစ်ခင်ရေးတရားဟောပြောကြတဲ့  သံဃာတော်များဟာ အပိတ်အပင်ခံရ၊ အတားအဆီးခံနေရပါတယ်။
 ဒါ့အပြင် လူဝတ်လဲထောင်ချမယ့် အခြေအနေတွေဖြစ်လာလို့ ဒီဆောင်းပါးရေးဖြစ်ပါတယ်။
                 

ဒီမိုကရေစီအစိုးရ ဆိုတာ
တိုင်းပြည်တိုးတက်ဖို့ လုပ်နေပါတယ်၊ ဖွံ့ဖြိုးဖို့အတွက်ကြိုးစားနေပါတယ် ဆိုတယ်။ ပြည်သူတွေကလည်း ဝိုင်းဝန်းပါဝင်ကြပါ။ မှန်ကန်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် သွားရအောင်ဆိုတဲ့ ဦးသိန်းစိန်အစိုးရ။ သန့်ရှင်းသော အစိုးရဖြစ်စေရမယ်ဆိုတဲ့ လွှတ်တော်အစိုးရ။ အရင်က မသင့်မြတ်ခဲ့တာတွေခဝါချပြီး တိုးတက်ရေးဆီ သွားရအောင်။ ညီညွတ်ရေးဆီ သွားရအောင်လို့ပြောခဲ့တဲ့အစိုးရ။ အခု ဘာ့ကြောင့် စကားပြောခွင့်၊ တရားဟောခွင့်တွေကို ပိတ်ပင်ရတာလဲ။ ပွင့်လင်းခွင့်ပြုရမယ့်အစား ဘာလို့ ထပ်ဖမ်းဖို့ကြိုးစားနေရတာလဲ။ နိုင်ငံ့အကျိုးကိုချစ်ကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မလွှတ်သေးတဲ့အပြင် နောက်ထပ်ထောင်ထဲ ထပ်ထည့်ဖို့ ကြိုးစားနေတယ်။

သိပ်ရုပ်ဆိုးပါတယ်။ သိပ်အကျဉ်းတန်တယ်။ အရမ်းကို အောက်တန်းကျပြီး ဒီမိုကရေစီမဆန်တဲ့ အစိုးရလုပ်ရပ်ဖြစ်တယ်။ ဒါကိုလက်မခံနိုင်ပါဘူး။ ဒီမိုကရေစီအစိုးရဆိုတာ ဒါလား။


ဘက်စုံယိုယွင်းဆဲ

အစိုးသစ် တစ်နှစ်ကျော်အတွင်းမှာ အစိုးရချည်းသီးသန့် လုပ်ခဲ့တာတွေ ဘာတွေရှိလဲ။ မတူတဲ့ ဆန့်ကျင်ဘက်နဲ့ပေါင်းပြီးမှ လူထုမြင်အောင် ပြနိုင်ခဲ့တာမဟုတ်လား။ ပြရုံပဲလား။ ပြထားတာတွေကို မလုပ်ပေးနိုင်တော့ဘူးလား။ လုပ်ပေးဖို့ သတ္တိမရှိတော့ဘူးလား။
အပြောတစ်မျိုး အလုပ်တစ်မျိုး လုပ်ပြီလား။ ဗီဇက တကယ်ပဲ ဖျောက်ဖို့ခက်ပြန်ပြီလား။

လူတိုင်းအလုပ်လုပ်ကြတာချည်းပါ။ တိုင်းပြည်တိုင်းလည်း အလုပ်လုပ်ကြရတာချည်းပါပဲ။ အလုပ်လုပ်တဲ့အခါမှာလည်း လူတိုင်းက မိမိဘဝတိုးတက်ရေး အတွက်အားသွန်ခွန်စိုက်လုပ်ကြသလို တိုင်းပြည်လည်းပဲ မိမိထီးထီး ရပ်တည်နိုင်ဖို့ အသည်းအသန်ကြိုးစားရမှာပဲ။ ဒါမှလူပီသမှာဖြစ်သလို တိုင်းပြည်ပီသမှာပဲ။ ကိုယ်သာမယ့်ဘက်ချည်းပဲလိုက်ချင်တဲ့ စစ်အုပ်ချုပ်ရေးထဲမှာ လည်ပတ်ချင်နေသရွေ့ တိုင်းပြည်က ယိုယွင်းမှုအမြဲရှိနေမှာပဲ။

အနိုင်ကျင့်ခြင်း

အခု လူထုဟာ အသိပညာပိုင်းတွေကို စဖြန့်ဝေကြဖို့ လုပ်ကြဆဲပဲရှိသေးတယ်။ ဘက်စုံယိုယွင်းနေမှု ကို အခုမှစပြုပြင်ဖို့ စတုန်းပဲ ရှိသေးတယ်။ အဖက်ဖက်က လိုအပ်မှုတွေကို ဖာထေးဖို့ အားယူရုံပဲရှိပါသေးတယ်။ ဒီအခြေအနေမျိုးမှာ ပိတ်ပင်မှုတွေ တားဆီးမှုတွေ တရစပ်ထပ်လုပ်နေတာတော့လုံးဝမဖြစ်သင့်ဘူး။ လုံးဝလက်မခံနိုင်ပါဘူး။ ဒါဟာ ဒီမိုကရေစီ ကိုဗန်းပြပြီး လူထုကို မတရား အနိုင်ကျင့်တာပဲဖြစ်တယ်။
 
တိုင်းပြည်အကျိုး ပြည်သူတွေအတွက်အလုပ်လုပ်ရာမှာ ခေါင်းဆောင်ကောင်းတိုင်းဟာ သိပ်အရေးကြီးတယ်။ အသုံးမကျတဲ့ ခေါင်းဆောင်တွေရှိနေသရွေ့ ဘယ်တိုင်းပြည်မှတိုးတက်မှာမဟုတ်ဘူး။ ကိုယ့်ဘက်သာကိုယ်ကြည့်တဲ့ ခေါင်းဆောင်တွေ ရှိနေသရွေ့ တိုင်းပြည်ချွတ်ခြုံကျနေမှာပဲ။

ဦးသန်းရွှေလို တစ်ကိုယ်ကောင်းသမားအုပ်ချုပ်ခဲ့လို့ တိုင်းပြည်ပျက်ခဲ့ပြီးပြီ။ သူ့လက်ထွက် ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဘာတွေဖြစ်လာမလဲ။ အစမကောင်းခဲ့တဲ့ အစိုးရသစ်ဟာ အစဟောင်းတွေကို ကြိုကြားကြိုကြား ဆွဲထုတ်နေတယ်။ ဒီဆွဲထုတ်ပုံအတိုင်းဆိုရင် မကြာခင် တစ်ကိုယ်ကောင်းသမားဖြစ်ဦးမှာပဲ။ ဒီလိုဖြစ်သင့်သလား။ အစိုးရလုပ်သူတွေမှာ လူစိတ်ရှိကြရဲ့လား။ စာနာတတ်ကြရဲ့လား။ စေတနာဆိုတဲ့ အသိစိတ်လေးကော ရှိနေကြရဲ့လား။ ပြည်သူတွေဒီလိုမေးမယ်။ အဖြေရှိပါ့မလား။ ပြည်သူပြန်ဖြေရရင် အစိုးရမှာ အဲဒါတွေ ဘာမှမရှိဘူး။ အဖြေလည်းမရှိဘူး။ ဒါလူထုမျက်မြင်ကိုယ်တွေ့။ အနိုင်ကျင့်အုပ်ချုပ်တယ်ဆိုတာ ဒီမိုကရေစီးရေးမှာ မရှိဘူး။

မတူတာတာတွေ ဘေးဖယ်ထားရင်

မတူတာတွေ ဘေးဘယ်ထားတော့မှာလား။ တူတာတွေအချင်းချင်း ပြန်လုပ်စားကြတော့မှာလား။ ဒီလိုလုပ်ရပ်တွေကို သက်သေပြယူရမှာလား။ မတူတာတွေ ထားခဲ့စတမ်းဆိုရင် ပထမဆုံး မိမိလမ်းစဉ်မှန်နေသလား အရင်သိရမယ်။ မမှန်တဲ့လမ်းစဉ်နှင့် လှမ်းနေပြီးမှ ကိုယ်နဲ့မတူတာ ထားခဲ့ကြစတမ်းဆိုရင် သိပ်မှားသွားမယ်။ ဘယ်လိုမှ ကောင်းလာနိုင်မှာမဟုတ်ဘူး။

စဉ်းစားကြည့်လို့ရတယ်။ ဦးသိန်းစိန်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ လမ်းစဉ်မတူပါဘူး။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် တူသယောင်ပြုတယ်။ တွဲလုပ်ပြတယ်။ တကယ်လို့သာ တူတာတွေ တွဲလုပ်ကြစတမ်းဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူတူတွဲလုပ်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ချက်ချင်းလွှတ်ပေးရမယ်။ ဒေါ်စုနဲ့ တူနေပြီပဲ။ ဒေါ်စုနဲ့ အမြင်တူသူတွေဟာ ရန်သူမဟုတ်တော့ဘူး။ မိတ်ဆွေဖြစ်သွားပြီ။ တစ်လမ်းတည်းသွားလို့ရပြီ။ ဒါပေမယ့် အဲလိုဖြစ်မလာခဲ့ဘူး။

ဒေါ်စုနဲ့တူတာတွဲလုပ်ခြင်း မဟုတ်ဘူးဆိုတာ သေချာမြင်နိုင်တယ်။ အဲတော့ သူတို့ဖမ်းဆီးထားသူတွေဟာ အမြင်မတူသူတွေဖြစ်တဲ့အတွက် ဒေါ်စုနဲ့လည်းမတူနိုင်ပါဘူး။ အဲလို မတူတာတွေဖယ်ထားမယ်ဆိုရင် ဒေါ်စုကိုလည်း ထပ်ဖယ်ထားဖို့ လိုမယ်။
တူတာတွေတွဲလုပ်ပြီး မတူတာတွေဖယ်ထားမယ်ဆိုရင် တကယ့်ကောင်းမွန်တဲ့ လူထုအကျိုးပြု လမ်းစဉ်တစ်ခု မဖြစ်မနေရှိနေရမယ်။ မရှိဘူးဆိုရင် အစိုးရမှားတယ်။ အဲဒီတော့ တိုင်းပြည် ဒုက္ခရောက်ခြင်းထဲက ရုန်းထွက်နိုင်မှာမဟုတ်ပါဘူး။


အကုန်တက်ညီလက်ညီဖြစ်အောင် တတ်နိုင်သလောက် သယ်ယူရမယ်။ ဒါမှလူထုနဲ့ အစိုးရ ပြေလည်ပြီး တိုင်းပြည်တိုးတက်လာမှာဖြစ်တယ်။

မုတ်သုံမိုးဦး

မို့မို့မြင့်အောင်ရဲ့ဖော်ပြမှု၊ပေါက်သီချင်းနဲ့ ဆင်ဆာ & ငြိမ်းချမ်းရေးဆွေးနွေးသည့် KPCကိုအာဏာပိုင်များစောင့်ကြည့်နေ & လွမ်းစိမ့်

by စူ နာ မီ လှိုင်း on Friday, December 16, 2011 at 8:59pm

->  ဇာတ်ဝင်ခန်းထဲက ပေါက်သီချင်း
->  ရုပ်ရှင်ဆင်ဆာ စည်းကမ်းပြောင်းပြီ
->  မုံရွာအောင်ရှင် ပုလဲ မဲဆန္ဒနယ်မှာ ဝင်ရောက် ယှဉ်ပြိုင်ဖွယ်ရှိ
->  ပြည်ထွက်ခွင့် (Departure stamp) တံဆိပ် ခတ်နှိပ်ရန် တိုးမြှင့်တောင်းခံ

မို့မို့မြင့်အောင်ရဲ့ ဖော်ပြမှု၊ ပေါက်သီချင်း နဲ့ ရုပ်ရှင်ဆင်ဆာ
************************************

မို့မို့မြင့်အောင်ရဲ့ ဖော်ပြမှု
ပြီးခဲ့တဲ့ သီတင်းပတ်  Miss Moe Yan ၂၀၁၁ အလှမယ်ရွေးပွဲ တက်ရောက်အားပေးတဲ့ ၀ါရင့်သရုပ်ဆောင် မို့မို့မြင့်အောင်ရဲ့ ၀တ်စားဆင်ယင်မှုကအင်မတန် လုံခြုံ ပွင့်လင်းတာ တွေ့ရပါတယ်။


စင်ပေါ်က မို့မို့မြင့်အောင်

Thursday 15 December 2011

အစိုးရ စစ်ရဟတ်ယာဉ်များ ရှေ့တန်း စခန်းများသို့ လက်နက်နှင့် ရိက္ခာပေးပို့ & မိမိနယ်မြေထဲ မြန်မာလက် နက်ကြီးကျသော်လည်း တရုတ် နှုတ်ဆိတ်

by စူ နာ မီ လှိုင်း on Thursday, December 15, 2011 at 11:45pm

->  NLD ရွေးကောက်ပွဲဝင်မည်ကို ကြံ့ဖွံ့စိုးရိမ်
->  အစိုးရ အကူအညီအပေါ် သံသယဖြင့်ကြိုဆို
->  ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် အဖွဲ့သစ်ထပ်ဖွဲ့
->  တပ်ချုပ်ရခိုင်ပြည်နယ်ကို ဘာကြောင့်သွားရတာလဲ?
->  သူရဦးရွှေမန်းကို ဖိအားပေးရန် အိန္ဒိယတွင် တိုက်တွန်း
->  ဒေသခံလူထု လူ့အခွင့်အရေး ဆက်လက် ချိုးဖောက်ခံနေရ

အစိုးရ စစ်ရဟတ်ယာဉ်များ ရှေ့တန်း စခန်းများသို့ လက်နက်နှင့် ရိက္ခာပေးပို့
***********************************************
ကြာသပတေးနေ့၊ ဒီဇင်ဘာလ 15 ရက် 2011 - သျှမ်းသံတော်ဆင့်သတင်း
အစိုးရလေတပ်မှ စစ်ရဟတ်ယာဉ်များ ကချင် ပြည်နယ် ဗန်းမော်ခရိုင် လွယ်ဂျယ်မြို့အနီး တပ်စွဲထားသော ရှေ့တန်း တပ် စခန်းများသို့ယမန် နေ့ ညနေ ၃ နာရီခန့်က လက်နက်ခဲယမ်းနှင့်ရိက္ခာ များ ပေးပို့ခဲ့ကြောင်း သိရသည်။


တရုတ်နယ်စပ် မိုင်ဂျာယန် အခြေစိုက် KIA တပ်မဟာ ၃ ထိန်းချုပ်နယ်မြေအနီးရှိ အစိုးရတပ်စခန်းများ ဖြစ်သော မုဘွန်နှင့် လွယ်ရင်းစခန်းများသို့ ရဟတ်ယာဉ် ၃ စီးခန့်ဖြင့် လက်နက်ခဲယမ်းနှင့် ရိက္ခာများပေးပို့ခဲ့ ကြောင်း KIO ပြော ရေးဆိုခွင့်ရှိသူ တွဲဘက်အထွေထွေ အတွင်းရေးမှူး ဦးလနန်က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

Wednesday 14 December 2011

ကွပ်ပျစ်စကားဝိုင်း


Melven Than
ကွပ်ပျစ်စကားဝိုင်း 
ဟို့အရင်တုန်းက လူကြီးတွေ ဝိုင်းဖွဲ့ပြောဆိုကြတဲ့ ကွပ်ပျစ်စကားဝိုင်း ဆိုတာရှိခဲ့တယ်။
လူမှုရေး စီးပွားရေးအပါအဝင် ထွေရာလေးပါး ဗဟုသုတရဖွယ်တွေကို ရေနွေးကြမ်း၊
စားမြည်အမြီးလေးတွေ တည်ခင်းပြောဆိုကြတယ်။ နားထောင်ချင်သူ ပြောဆိုဆွေးနွေး ချင်သူတွေ အရွယ်စုံ တွေ့နိုင်တယ်။

ရန်ကုန်မြို့တို့လိုနေရာတွေမှာတော့ လဘက်ရည်ဆိုင်မှာ ဝိုင်းဖွဲ့လာတယ်၊ ဘီယာဆိုင်မှာ
ဝိုင်းဖွဲ့လာတယ်။ နိုင်ငံခြား ရောက်နေသူတွေကျတော့ ကွပ်ပျစ်စကားဝိုင်း လိုမျိုးတွေဟာ
အရက်ဝိုင်းကလွဲပြီး တစ်ခြားဝိုင်းမရှိကြတော့ဘူး။ ကွပ်ပျစ်စကားဝိုင်း အသွင်သဏ္ဍာန်ပြောင်း
သွားတယ်။

မနေ့တစ်နေ့က မြန်မာပြည်က ပြန်လာတဲ့သူပြောပုံအရဆိုရင် တောနယ်တွေမှာပါ စကားဝိုင်း ဆိုတာ အရက်ဝိုင်းပဲ ရှိတော့တယ်လို့ သိရတတယ်။ စိတ်မကောင်းစရာ ဆိုတာထက် ဆုံးရှုံးမှု တစ်ခုလို့ ဆိုလို့ရတယ်။ သေချာတာကတော့ ဘယ်အရက်ဆိုင် ဘီယာဆိုင်မှာမှ ဗဟုသုတ လိုလားကြတဲ့ လူငယ်လူရွယ် ၊ မိန်းကလေးတွေ လာနားထောင်ကြမှာ မဟုတ်ဘူး ဆိုတာပဲ။

ဒီ့အတွက် တစ်ခုခုစီပေးစွမ်းနိုင်တဲ့၊ ရယူနိုင်တဲ့ ကွပ်ပျစ်စကားဝိုင်းလေးတွေ ကို တမ်းတတယ်။
ရှိစေချင်သေးတယ်။

လွမ်းစိမ့်.

 စာရေးဆရာ ဒါရိုက်တာ ချိုတူးဇော် ရဲ့ ၈၈ နောက်ခံဇာတ်ကားသစ်ဖြစ်ပါတယ်။ ရုံတင်ပြသဖို့ရာမှာ မတားမြစ်ခဲ့သလို ဆင်ဆာလဲရခဲ့တယ်လို့ သိရပါတယ်။
 
 
 
လွမ်းစိမ့်. 
ဆိုတာ. နှစ်ပေါင်း ၅၀ ကျော် အာဏာရှင်စနစ်အောက်မှာ ပြားပြားဝပ်ဝပ် ဖိနှိပ်ခံထားရတဲ့ မြန်မာပြည်ရဲ့ စာပေ ဂီတ ရုပ်ရှင်တွေထဲကနေ.. ရုန်းကြွတော်လှန်လာတဲ့ အနုပညာ ပစ္စည်းတခုပဲဗျ..။
ဒါ ဗီဒီယို ကား သက်သက် မဟုတ်ဘူးသမိုင်း ပါ၊ ကျနော်တို့ရဲ့ တော်လှန်ရေး ပါ။
၈၈ မျိုးဆက်ရဲ့ သမိုင်းဝန် ထမ်းပိုးမှုပါ။

ချိုတူးဇော်

ရန်ကုန်မြေအောက်ရထား စီမံကိန်း



မြန်မာပြည် ရန်ကုန် ရဲ့ မြေအောက်ရထား စီမံကိန်းဖြစ်ပါတယ်။ တိုင်းပြည်တိုးတက်ပြီး အကောင်းဆုံးတွေ အမြန်ဆုံးဖြစ်လာပါစေလို့ပဲ ဆုတောင်းရပါတယ်။

အမှတ်ရစရာများ

စာမရေးဖြစ်တာကြာနေလို့ သတင်းနဲ့ မှတ်စရာလေးတွေပဲ တင်ပေးထားပါတယ်။

 

ခောတ်မမှီ လိုက်ရ မရှိရ လေအောင် အကျိုးမျှော်၍ နှိုးဆော်ပါသည်။
                   By: Freedom News Group(Burma)

Saturday 10 December 2011

ပါးစပ် နဲ့  ကာမဂုဏ် ခံစား ရင် ကင်ဆာ ဖြစ်ဖို့ သေချာ


7538792.cms

ဟိန်းခိုင်ထွန်း၊                  ၊
လိင်ဆက်ဆံ မှု မှာ ပါးစပ် နဲ့  လုပ်တာ ကို ရှောင်ကျဉ် ဖို့  အိုဟိုင်းယို
ပြည်နယ် တက္ကသိုလ် ကင်ဆာနှင့် ကူး စက်ရောဂါ ပိုးမွှား များ လေ့လာမှု သုတေသန ဌာန က
သတိပေး ချက် ကို Wall Streetဂျာနယ် မှာ ဖော်ပြ ထား ပါတယ်။

Friday 9 December 2011

ဆောင်းနှင်းကြားက မြေစာပင်များ

by Lin Young on Friday, December 9, 2011 at 4:01pmWritten by ဖြူနု၊ ဇေ၀င်းနောင် http://news-eleven.com/   Wednesday, 07 December 2011 14:21




တစ်ဆောင်းသစ်ခဲ့ပြန်လေပြီ။ အေးမြမှုနှင့်အတူ ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းလာမည့် ဆောင်းဟု မျှော်လင့်ရပါသော ကာလသို့ဝင်ခဲ့ ပြီဖြစ်ပါသည်။
ဒီဇင်ဘာတွင်တော့ မြန်မာနိုင်ငံတစ်ဝန်း ဆောင်း၏အငွေ့အသက်၊ ဆောင်း၏သရုပ်သကန်သည် တဖြည်းဖြည်း ပီပြင်လာသည်။ မြန်မာပြည်၏ အအေးမြဆုံး အရပ်တစ်ခုဖြစ်သော မြန်မာပြည်မြောက်ပိုင်းတွင်လည်း ခိုက်ခိုက်တုန်အောင်ချမ်းသော ကာလသို့ ရောက်ခဲ့ပြီဖြစ်သည်။အပြင်ပန်းရာသီဥတုက အေးမြလှပါသည်။ သို့ပေမယ့် ရာသီဥတုနှင့် ပြောင်းပြန်အချိုးကျနေသော ပူလောင်နေသော ရင်ခွင်အစုံအစုံတို့ အကြောင်းကိုတော့ မသိကျိုးကျွံ ဖြစ်နေမိခဲ့ကြပါသည်။

Sunday 4 December 2011

လူထုကြားက နိုင်ငံရေး

by Htain Linn on Monday, December 5, 2011 at 12:08am
            နိုင်ငံရေးဆိုတာ နိုင်ငံတွေအတွင်းမှာ နေထိုင်သူတွေရဲ့ နိစ္စဓူဝ လုပ်ငန်းဆောင်တာတွေနဲ့ ဒီလူတွေနဲ့ ဆက်စပ်နေတဲ့အကြောင်းအရာတွေ ဖြစ်တယ်ဆိုရင် နိုင်ငံရေးဆိုတဲ့အရာက ပြည်သူတွေကြားမှာပဲ ရှိနေမှာ ဖြစ်ပါတယ်။ အထူးသဖြင့် တိုင်းပြည်တိုင်းရဲ့ ပကတိအခြေအနေတွေ၊ ဖြစ်ရပ်မှန်တွေက ပြည်သူလူထုရဲ့ ရပ်တည်ရှင်သန်နေရတဲ့ အခြေအနေတွေနဲ့ ထပ်တူဖြစ်နေပါတယ်။ ဒါကြောင့် ပြည်သူထဲက အကြောင်းအရာ အဖြစ်အပျက်တွေဟာ နိုင်ငံရေးအခြေအနေတွေပဲဖြစ်ပါတယ်။

အမေရိကန်၊ ဗီယက်နမ်နဲ့ ရင်းနှီးလာတဲ့ မြန်မာကြောင့် တရုတ်အပေါ်ဘာများဖြစ်စေမလဲ

by Melven Than on Sunday, December 4, 2011 at 4:45pm
By Ei Aye
(Christian Science Monitor မှ 29 Nov 2011 ရက်စွဲပါ What will happen to China as Burma gets closer with Vietnam, US? ကို ဘာသာ ပြန်ဆိုသည်)

ဆယ်စုနှစ်များစွာကာလအတွင်း မြန်မာနိုင်ငံ၌ ကာကွယ်ရေးဦးစီးချုပ်သစ်တစ်ဦးတက်လာတိုင်း နာရီသံပတ်များ အလုပ်လုပ်သကဲ့သို့ပင် ပထမဆုံး ခရီးစဉ်အဖြစ် သွားရောက်လေ့ရှိသည့်နိုင်ငံမှာ တရုတ်နိုင်ငံပင်ဖြစ်သည်။ တရုတ်သည် မြန်မာနိုင်ငံ၏ အခိုင်မာဆုံးသော သံတမန်ရေးရာမဟာမိတ်ဖြစ်ပြီး စီးပွားရေး အရလည်း အကာအကွယ်ပေးနေသည့်နိုင်ငံ ဖြစ်သည်။

WiFi အင်တာနက် သုံးစွဲသည့် အမျိုးသားများ သတိထားဖွယ်

အသက်(၂၆)နှစ်မှ (၄၅)နှစ်ကြား အမျိုးသား (၂၉)ဦး၏ သုက်သွေးကို စမ်းသပ်လေ့လာမှုအရ ယခုသုတေသန ရလဒ်ကို ပညာရှင်များက အတည်ပြုခဲ့ခြင်းဖြစ်
 WiFi အင်တာနက် သုံးစွဲခြင်းသည် အမျိုးသားများ၏ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်ကြောင်း သုတေသီများက သတိပေးလိုက်သည်။ ကွန်ပျူတာနှင့် Laptopများမှ ထွက်ပေါ်လာသည့် Wirelessဖမ်းယူမှု လှိုင်းများသည် သုက်ကောင်များကို ပျက်စီးစေတတ်ကြောင်း သိရသည်။ ထို့ကြောင့် အမျိုးသားများအနေနှင့် Laptopများကို ပေါင်ပေါ်တင်ကာ သုံးစွဲပါက သုက်ပိုးများကို ပျက်စီးစေနိုင်ကြောင်း သုတေသီများက ထောက်ပြခဲ့သည်။

 အသက်(၂၆)နှစ်မှ (၄၅)နှစ်ကြား အမျိုးသား (၂၉)ဦး၏ သုက်သွေးကို စမ်းသပ်လေ့လာမှုအရ ယခုသုတေသန ရလဒ်ကို ပညာရှင်များက အတည်ပြုခဲ့ခြင်းဖြစ်သည်။ Wi-Fiလှိုင်းများသည် DNAကို အနည်းဆုံး (၃)ရာခိုင်နှုန်းမျှ ပျက်စီးထိခိုက်စေပြီး (၄)နာရီမျှ ပေါင်ပေါ်တင်သုံးပါက သုက်ကောင်များ သေဆုံးမှု ဖြစ်ပေးစေရန် (၂၅)ရာခိုင်နှုန်းမျှထိ ဖြစ်လာနိုင်ကြောင်း Fertility and Sterility ဆေးပညာ စာတမ်းတွင် ဖော်ပြထားသည်။

 အဆိုပါ ဖြစ်စဉ်သည် အမျိုးသား တစ်ဦး၏ မျိုးဆက်ပျံ့ပွားရေး စွမ်းဆောင်မှုကို အကန့်အသတ် ဖြစ်စေမည်ဖြစ်သည်။ အမေရိကန်နှင် အာဂျင်တီးနားမှ ပူးပေါင်း သုတေသီ အဖွဲ့တစ်ခုသည် ပရော်ဖက်ဆာ ကွန်ရာဒို အဗန်ဒါနို ဦးဆောင်မှုဖြင့် WiFiစနစ်နှင့် သုက်ပိုးများ ထိခိုက်မှုကြား ဆက်နွယ်နေခြင်းကို အဖြေရှာခဲ့သည်။ “ကျွန်တော်တို့ တွေ့ရှိတဲ့ အချက်အလက်တွေအရ WiFiကို သုံးတဲ့အခါ ထိခိုက်မှုတွေ ရှိနိုင်ပါတယ်။ ဆင်ခြင်သင့်တာက ပေါင်ပေါ်တင်ပြီး အချိန်ကြာကြာ Laptopသုံးတာမျိုး မလုပ်ဖို့ပါ။ ဒါဟာ သုက်သွေး DNAတွေကို ပျက်စီးစေနိုင်ပါတယ်”ဟု အဗန်ဒါနိုက ရှင်းပြခဲ့သည်။
ယခင် သုတေသန ရလဒ်များအရ ပေါင်ပေါ်တင်သုံးသော Laptopများမှ ထွက်ပေါ်သော အပူသည် အမျိုးသားများ၏ သုက်ပိုးများကို ထိခိုက်ပျက်စီးစေနိုင်ကြောင်း ဖော်ထုတ်တွေ့ရှိထားပြီးဖြစ်သည်။
 Source: DailyMail

Saturday 3 December 2011

အနုပညာရှင်များ ပါဝင်လာခြင်းသည် ခွန်အားတစ်ရပ်ဟု ဆိုမည်

by Melven Than on Sunday, December 4, 2011 at 12:20am

ဒီဇင်ဘာ ၃ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ထင်ရှားသည့် ရုပ်ရှင်အနုပညာရှင် များနှင့်တွေ့ဆုံခဲ့သည်။ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိအား ရုပ်ရှင်ရိုက် ရန်ဆွေးနွေးခြင်းဟု ဆိုသော်လည်း NLD ပါတီမဲဆွယ်ပွဲတွေအတွက် အနုပညာရှင်တွေ အားကိုပါ ပါဝင်စေလိုသည်ဟု ဆိုကြသည်။ NLD လည်း ထိုသို့လုပ်ဆောင်ရန် အဆင်သင့်ဖြစ်နေခဲ့သည်။



မြန်မာပြည်သူပြည်သားများ နိုင်ငံရေးနဲ့ မစိမ်းကြ။ အနားကပ်ခွင့်မရအောင် ပိတ်ဆို့ထားလွန်း၍သာ အနားမကပ်ရဲကြခြင်းဖြစ်သည်။

ပြည်သူတချို့သာမဟုတ် အနုပညာရှင်တစ်ချို့သည်ပင် နိုင်ငံရေးနဲ့မကင်း ။ စစ်အစိုးရခေတ်က စစ်အစိုးရအတွက် ဝါဒဖြန့် သီချင်းတွေ ဆိုဖူးကြသူတွေရှိသည်။ ဝါဒဖြန့်ရုပ်ရှင်ကားတွေ ရိုက်ဖူးခဲ့သူတွေရှိသည်။ ဝါဒဖြန့်စာတွေ ရေးခဲ့ကြသူတွေရှိခဲ့သည်။ ထို့ကြောင့် မစိမ်း ဟု ယျေဘူယျ ဆိုချင်သည်။




လက်ရှိ မြင်မိ၊ သုံးသပ်မိတာ တစ်ခုရှိသည်။ နှစ်ပေါင်း များစွာ တိတ်ဆိတ်ဆွံ့အနေကြသော ၊ ပုန်းကွယ်နေ ကြသောအနုပညာရှင်များ အခုမှ အမေစု အမေစု ဖြစ်နေသည်ကို တစ်ချို့ မျက်မုန်းကျိုးသည်ဟု ထင်ရသည်။ မနှစ်မြို့ဟု ထင်ရသည်။ သာမှပေါင်းချင်၍  ခေါင်းပြူ ထွက်လာကြသည်ဟု ပြောချင်ကြသည်။ ထိုသို့ ထင်ပိုင် ခွင့်ရှိသည်။ ဒါကအမြင်ပိုင်းဖြစ်သည်။




သို့သော် တိုင်းပြည်၏ ကဏ္ဍအသီသီး၌ လူ့အ သက်မွေးဝမ်းကျောင်းအဖြစ် ကဏ္ဍစုံအလိုက် အလုပ်ကိုယ်စီရှိကြသည်။ တာဝန်ဝတ္တရားအသီး သီး ထမ်းဆောင်နေကြသည်ချည်း။ အနုပညာရှင် များသည်လည်း သူ့သဘောအရ နိုင်ငံရေး စိတ်မ ဝင်စားပိုင်ခွင့်ရှိသည်။ မည်သည့်ကဏ္ဍမှ မဆို စိတ် မဝင်စားခွင့်ရှိသည်။



ဒါအပြစ်မဟုတ်။ နိုင်ငံရေးကိုယ်၌က အားလုံးစိတ် ဝင်စားရမည်ဟု မဟုတ်။ သို့သော် ဘောလုံး စိတ်မဝင်စားသော်လည်း မန်ချက်စတာ၌မွေး သူသည် မန်ချက်စတာအသင်းအား အားပေး ပါလိမ့်မည်။ ပြုပြင်ပြောင်းလဲရေး လိုလားသူများ သည် ပြုပြင်ပြောင်းလဲရေး လုပ်သည့်သူ သို့မဟုတ် အဖွဲ့အစည်းအား  အားပေးခြင်းက သဘာဝကျသည်။ ယခုပွင့်လင်းခွင့် ရလာ သော အခါ ပွင့်လင်းပြလာကြခြင်းသည် လွန်သည်မဟုတ်။ ကြိုဆိုရမည်ဟု ထင်သည်။



အနုပညာရှင်များအတွက်လည်း မိမိချစ်သည့် ပါတီအတွက် အသည်းကြားက မဲတစ်တစ်ပြားစီ အတွက် ပြည်သူကျေနပ်အောင် လှုံ့ဆော်ခွင့် ရသည့် အတွက် ဂုဏ်ယူစရာသာဖြစ်သည်။ ထိုအလုပ်သည်လည်း အနုပညာအလုပ်အဖြစ် အခကြေးငွေခံစားရမည်မို့ အားလုံးကောင်းရန် သာဖြစ်သည်ဟု ဆိုချင်သည်။




သို့သော် ယခင် စစ်အစိုးရ၏ ဝါဒဖြန့်ခြင်းနှင့် NLD  ၏ မဲဆွယ်ပွဲတို့ အပြတ်အသတ် ကွာပါသည်။ ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်မည်။ မဲဆွယ်ခြင်းနည်းသရည်းတို့အား  တစ်ချို့ အထူးအဆန်းသဖွယ် အံ့သြကောင်း အံ့သြနိုင်ကြ မည် ဖြစ်သော်လည်း အများစုကား အံ့သြမည် မဟုတ်။ ဒါမျိုးသည် ဒီမိုကရေစီစနစ်၏ လွဲဖယ်ရှောင်သွား၍မရသည့် လုပ်ရိုးလုပ် စဉ်ဖြစ်သည်။ အရေးလည်းပါသည်။ လုပ်ရန်လည်း လိုအပ်သည့်အရာဖြစ်သည်။




စစ်အစိုးရလက်ထက် ကလည်း လုပ်ခဲ့ကြသည်။ သို့သော် ပြိုင်ဘက်မရှိသည့် တစ်ခုတည်းသော အစိုးရအတွက် လုပ်ပေးရသည့် တစ်ဖက် သတ် အလုပ်မျိုးဖြစ်သည်။ လုပ်ပေးရခြင်းဖြစ်သည်။ အခု ထိုသို့မဟုတ်။ လက်ရှိအာဏာရ ကြံ့ခိုင်ရေအဖွဲ့ သို့မဟုတ်  ပါတီများထဲမှ ဝင်ပြိုင်မည့်ပါတီများနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ လွတ်လပ်မည်။ ပွင့်လင်းမည်။




အထူးသဖြင့် စစ်အစိုးရ အရေခွံလှဲထားသည့် ကြံ့ခိုင်ရေးပါတီနှင့် အကြိတ်အနယ်ပြိုင်ခြင်းဖြစ်မည်။ သည့်အတွက် လုပ်ပေးရသည့် အနုပညာရှင်များမှာ တစ်စုံတစ်ရာ အပြစ်ရဖွယ်မရှိပါ။ လူထုမုန်း ခံရဖွယ်လည်း မမြင်ပါ။ လူထုသည် ဒေါ်စုနှင့်တစ်သားတည်းကျသလို အနုပညာရှင်များအားလည်း လုထုကိုသို့ပင် မြင်ပါ လိမ့်မည်။ ဒါသေ ချာသည်။




သည်သို့ မဲဆွယ်မှုမျိုးအား အိုဘားမား လုပ်ခဲ့သည်။ ဘုရှ် လုပ်ခဲ့သည်။ ကလင်တန်ဇနီးမောင်နှံ လုပ်ခဲ့သည်။ တိုနီဘလဲ လုပ်ခဲ့သည်။   ဒေးဗစ်ကင်မရွန်း လုပ်ခဲ့ သည်။ မဟာသီယာ လုပ်ခဲ့သည်။ ဂျိုးဆက်အက်ဆရာဒါ လုပ်ခဲ့သည်။ နီကိုလာ့ ဆာကိုဇီ လုပ်ခဲ့သည်။ ဘာလူစကိုနီ လုပ်ခဲ့သည်။ အားလုံးလုပ်ခဲ့ကြသည်။ ထပ်မံလုပ်ကြပေဦးမည်။ လွတ်လပ်သည့် ဒီမိုကရေစီနိုင်ငံဆိုလျှင် ဒေါ်အောင်ဆန်းစုကြည် လုပ်သည်၌ ဘာမှားသနည်း။ မမှားပါ။ လုပ်သင့်လုပ်ထိုက်သကဲ့သို့ လုပ်ရန်လည်းဝန်မလေးသင့် ဟုထင်သည်။




တစ်ခုသတိချပ်ကြစေလိုသည်မှာ ဇာနယ်ဇင်းသမား များနှင့်ဖြစ်စေ ၊ ရုပ်ရှင်နှင့်အနုပညာသမားတွေ နှင့်ဖြစ်စေ NLD အနေဖြင့်ဆက်စပ်လုပ် ကိုင်ခြင်းအား အပြစ်တင် မစောရန်ဖြစ်သည်။ ယခုအခင်းအကျင်းသည် လူထုနှင့်တသားတည်းကျ ရန် အလွန်ကောင်းသည့် သမယဖြစ်သည်။



အမြင်မျိုးစုံ ဖြစ်နိုင်သည်။ သို့သော် ဦးတည်ချက် တစ်ခုသာ အာရုံထားသင့်သည်။ ဘေးထွက် ဆိုးကျိုးအား ပြောဆိုပုတ်ခတ်ခြင်းထက် ထိုဆိုးကျိုးအား ဖာထေးပြုပြင်ရန်ပို၍လိုအပ်ပါမည်။

အနုပညာရှင်များသာမက အသိပညာရှင်၊ အတတ် ပညာရှင်များ နှင့် ကျွမ်းကျင်ရာဆိုင်ရာပညာရှင်များ ပါပါဝင်နိုင်ခဲ့လျှင် လူထုကိုယ်စားပြု မည့် တိုင်းပြုပြည်ပြု လုပ်ဆောင်ချက်များ ပို၍မြန်ဆန် လာမည်။ ပွင့်လင်းခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း တို့ ပေါင်းစုလျှက် လှပသည့်အနာဂတ်အား အုတ်တစ်ချပ်သဲတစ်ပွင့်စီဖြင့် တည်ဆောက်ကြရ မည်ဖြစ်သည်။ အတွေးရှင်းလျှင် အလုပ်ရှင်းမည်ဖြစ်သည်။







ဓာတ်ပုံ ဒီမိုဝေယံ။ ဒီမိုဖက်တီး။မြစ်မခ။ voice weekly

Friday 2 December 2011

ဟီလာရီရဲ့ ဂျက်လေယာဉ် ဘယ်လို အစွမ်းထက်သလဲ

by ခင် ရတနာ on Friday, December 2, 2011 at 2:35am

  • ဟီလာရီရဲ့ ဂျက်လေယာဉ် ဘယ်လို အစွမ်းထက်သလဲ
(စိုင်းနေမင်း ပေးပို့သည်)

ဟီလာရီ စီးလေ့ရှိသည့် C-40B အထူးဂျက်လေယာဉ်


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် အသုံးပြုတဲ့ လေယာဉ်တွေအနက် C-40B အမျိုးအစား ဘိုးရင်းဂျက်လေယာဉ်လဲ အပါအ၀င် ဖြစ်ပါတယ်။

C-40B အထူး ဂျက်လေယာဉ်ထဲမှာ အလုပ်လုပ်နေတဲ့ ဟီလာရီ

လက်ရှိအမြင်



  • ပြောင်းလဲဖို့ အစပြုနေတဲ့ကာလမှာ ဟီလာရီရဲ့ လည်ပတ်မှု ခရီး စဉ်ဟာ အကြီးကျယ်ဆုံးဖြစ် ထွန်းမှုဆီ သယ်သွားနိုင်တယ်လို့ လက်ခံရပါတယ်။ အခုလိုဖြစ်လာတဲ့အတွက် မြန်မာပြည်အ တွက် ဂုဏ်ယူပါတယ်။ တကယ်ပြောင်းလဲတော့မယ်လို့ ယူဆပါတယ်။ အတွေးသစ်အမြင်သစ်အလုပ်သစ်တွေနဲ့ ချီတက်နိုင်ခဲ့ရင်  လှပတဲ့ အနာဂတ်နိုင်ငံတော်ကို တည်ဆောက်နိုင်မှာ မလွဲပါဘူး။
  • ပြောင်းလဲမှု အသေးအမွှားလေးတွေကိုတောင် ပြည်သူတွေ လှိုက် လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြတယ်။ လူထုအနေနဲ့ ဘယ်လောက်ထိ  အပြောင်းအလဲကို ငတ်မွတ်တောင့်တနေကြသလဲဆိုတာ သိကြ ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဟာ သမ္မတဖြစ်စေချင်လို့ ၊ဝန်ကြီးချုပ်ဖြစ်စေချင်လို့ တိုင်းပြည်ကို ပြောင်းလဲစေ ချင်တာမဟုတ်ဘူး ဆိုတာလည်း မြင်သာနိုင်ကြပြီ။
  • ဘယ်သူပဲလုပ်လုပ် စစ်မှန်တဲ့ တိုးတက်မှု ဆီသယ်သွားနိုင်တာကိုပဲ လူထုအလိုချင် ဆုံးဖြစ် ပါတယ်။ အမျှော်လင့်ဆုံး ဖြစ်ပါတယ်။
  • ဒီတော့ ဟီလာရီကလင်တန်ရဲ့ ခရီးစဉ်အပေါ်အကောင်မြင်မြင်  ထောက်ခံချင်ကြတယ်။ အပြု သဘောရော လက်တွေကျကျပါ သုံးသပ်ရှုမြင်ရာမှာ အပေါင်းလက္ခ ဏာဆောင်ကြပါတယ်။ဆက်လုပ်ရမှာက ဦးသိန်းစိန် အစိုးရရဲ့ တာဝန်တစ်ရပ်ဖြစ်တယ်။
  • ပြောထားတဲ့အတိုင်း လုပ်ပြဖို့ပဲ လိုအပ်တော့တယ်ဆိုတာ ရှင်းရှင်းလင်းလင်းဖြစ်လာတယ်။ ဒီလိုမှ မပြောင်း ချင်သေး ဘူးဆိုရင်တော့ ပြည်သူလူထုရဲ့ မျှော်လင့်ချက်နဲ့ အနာဂတ်ကို ရက်ရက် စက်စက် ရိုက်ချိုးလိုက်တာနဲ့ တူမယ်။ သေနတ်နဲ့ပစ် သတ်လို့သေရတာထက် ပိုကြေကွဲကြမယ်.နာကျည်းကြမယ်ဆို တာ အစိုးရသတိချပ်ရပါမယ်။
  • ဘာပဲဖြစ်ဖြစ် မြန်မာပြည်ရဲ့ အနာဂတ်သစ်ကို စတင်တွေ့ရှိလိုက် ရပါတယ် ဆိုတာယုံကြည် ပါတယ်။

သည်သို့ဆိုလျှင် လှပသည့် အနာဂတ်နိုင်ငံတော်သည် ဝေးမည်မဟုတ်

by Melven Than on Saturday, December 3, 2011 at 12:25am

လူထုအမျှော်လင့်ဆုံးသည် လက်ရှိအခင်းအကျင်းနှင့် လုံးဝကွဲပြားခြားနားသည့် စစ်မှန်သော ပြောင်းလဲမှုဖြစ်သည်။ အတုအယောင်မဟုတ်။ ရွှေရည်စိမ်မဟုတ်။ ချွေးသိပ်ခြင်းမျိုးမဟုတ်။ ပွင့်လင်းထင်သာသော တိုးတက်ပြောင်းလဲမှုဖြစ်သည်။

အကြီးမားဆုံး ငတ်မွတ်တောင့်တမှု

ယနေ့ တိုင်းပြည်သည် အစစအရာရာ အငတ်ဘေးနှင့်ရင်ဆိုင်နေရသည်။ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး နှင့် ဘက်စုံ အငတ်ဘေးအား ကြံ့ကြံ့ခံနေရသည်။ အကြီးမားဆုံးအငတ်ဘေးမှာ စစ်မှန်သောပြောင်းလဲမှုအား ငတ်မွတ်သည့် အငတ်ဘေးဖြစ်သည်။ တိုးတက်ဖွံ့ဖြိုးခြင်းကို ငတ်မွတ်သည့် အငတ်ဘေးဖြစ်သည်။ ဆာလောင်ငတ်မွတ်လွန်း၍ တစာစာအော်နေကြသည်။ မျှော်မှန်းတမ်းတနေကြသည်။



သည်ငတ်မွတ်မှုကြောင့် တစ်ချို့က ထောင်ကျနေသည်။ တစ်ချို့ကား တားမြစ်ခံနေရသည်။ တစ်ချို့ကား ရက်ရက်စက်စက်အသတ်ခံခဲ့ရသည်။ သည်ငတ်မွတ်မှု ပျောက်မသွား။ ပို၍ပင်ငတ်မွတ်လာကြသည်။ သည်ငတ်မွတ်မှုအား
အစိုးရသာ စစ်မှန်သောပြောင်းလဲခြင်းဖြင့် ရပ်တန့်ပစ်နိုင်မည်ဖြစ်သည်။ လူထုအငတ်ဘေးသည် အစိုးရ၏ အငတ်ဘေးအဖြစ် မခြွင်းမချန် ယူဆထားစေချင်သည်။

ဖိနပ်စုံစီး၊ ထီးအမိုးမချန်





ရေနစ်သောအခါ ကောက်ရိုးတစ်မျှင်သည်ပင် အားကိုးရာအဖြစ် အဖိုးတန်နိုင်သည်။ ဆူးထဲနင်းဖြတ်ကြသောအခါ တစ်ဖက်တည်းသောဖိနပ်စုတ်လေးပင် အရေးထားစရာဖြစ်သည်ဟု မထင်ရဲသော အမြင်အသိတို့ဖြင့် ရတတ်သမျှသာ ကျေနပ်ရန် ဖန်ခဲ့ကြသည်။ ယခု ဤသို့ အသေးအမွှားတို့ဖြင့် ကျေနပ်နှစ်သိမ့်ရသောအဖြစ်အား စွန့်ပစ်မည်။

ကောက်ရိုးတစ်မျှင်အဆင့်အား ထားပစ်ခဲ့တော့မည်။ ဖိနပ်တစ်ဖက်သာ ရနိုင်ခြင်းအားလည်း ချန်လှပ်ပစ်တော့မည်။ အလိုချင်ဆုံး နှင့်အဖြစ်ချင်ဆုံးသည် ဖိနပ်နှစ်ဘက်လုံးရှိချင်သည်။ ရေနစ်သူကို ဆယ်စေချင်သည်။ တိုင်းပြည်နွံထဲကျနေသည်ကို ဆန္ဒရှိရှိ  ဆွဲတင်စေချင်သည်။ ပြည့်ပြည့်ဝဝဖြင့် ချိန်ခွင်လျှာညီညီ သွားချင်သည်။


ပြည်သူလူထုသည် အလွန်တရာမှ သနားစရာကောင်းသည်။ ကျလာမည့် ထမင်းချမ်းခဲလေးအား လက်ဝါးတဖြန့်ဖြန့်ရှိခဲ့သည်။  ကျီးလန့်စာစားရင်း မျက်ရည်ဖြင့် အံကြိတ်ခံစားခဲ့ရသည်။ မျှော်လင့်ချက်တစ်သီတစ်တန်းဖြင့် နွမ်းနွမ်းကြေကြေဖြစ်ခဲ့သည်။
တိုင်းပြည်ကောင်းစားစေချင်သည့် စိတ်တို့ဖြင့် အရာရာအား ငတ်မွတ်မြင်မက်ခဲ့ရသည်။

သို့သော် လက်ရှိ ငတ်မွတ်မှုသည် ထမင်းချမ်းခဲမဟုတ်တော့။ ပြည့်စုံသောထမင်းဝိုင်း။ ဖွဲ့စည်းမှုပြည့်သော အိမ်တစ်အိမ်။ စစ်မှန်သောလွှတ်တော်နှင့် ဖြစ်ထွန်းမှုပြီးသော တိုးတက်သည့်နိုင်ငံတစ်နိုင်ငံဖြစ်သည်။ သည်သို့သာ လိုအပ်ကြတော့မည်။ သည်ထက်လျော့၍မရ။ ပိုသာ ပိုစေမည်ဖြစ်သည်။

လူထုသည် အစိုးရကို မလိမ်ဖူး။ မကောက်ကျစ်ဖူး။ အနိုင်မကျင့်ဖူးခဲ့။ ထိုနည်းတူ အစိုးသည်လည်း လိမ်ရန်၊ ကောက်ရန်၊ အနိုင်ကျင့်ရန် ထပ်မံမကြိုးစားသင့်။ ကြိုးစားရန်လည်း မလိုအပ်တော့ကြောင်း နှစ်ဦးနှစ်ဖက်သိကြသည်။

ကတိတည်တည် ရှေ့အနာဂတ်ဆီ


ယနေ့ လုပ်ပေးနိုင်သည့်အနေအထားတွင်ရှိနေ၍ လုပ်ပေးမည်ဟုလည်း ကတိပေးထားပြီးဖြစ်သည်။ လုပ်ပေးရန်သာလိုတော့သည်။ ထိုကတိအတိုင်း မှန်မှန်ကန်ကန် လုပ်စေချင်သည်။

မိမိအာဏာတည်မြဲရေးထက် တိုင်းပြည်တိုးတက်ဖွံ့ဖြိုးရေးကိုသာ စေတနာရှိရှိ လုပ်ဆောင်ရန်လိုမည်။ လုပ်ဖို့ရာအသည်းအသန် လိုအပ်နေပြီ။ လူထုတောင့်တမှု အထွဋ်အထိပ်ဆီသို့ ရောက်နေပြီ ဖြစ်သည်။ အစိုးရအနေနဲ့ သတိချပ်ရမည်။
ရင်ဝယ်သားကဲ့သို့ ပြုမူရမည်ဖြစ်သည်။ ဤလိုလိုကျွဲလိုလိုလုပ်ရန် မသင့်သကဲ့သို့ ရှေ့တိုးနောက်ဆုတ်လုပ်ရန်လည်း မသင့်။ ရှေ့သိုသာ ဦးတည်မှန်ရမည်။

ဆယ်စုနှစ်အဆက်ဆက် သွေးမြေကျ နာကျင်ခဲ့ရသည်ထက် ယခုလိုသမယမှာ ထပ်မံအလိမ်ခံရလျှင် လူထုခံစားမှုသည် သေနတ်နှင့် တန်းစီပစ်သတ်သည်ထက် ဆိုးဝါးမည်။ အရှင်လတ်လတ်မြှုပ်ပစ်သည်ထက် နာကျည်းစက်ဆုပ်ရပါလိမ့်မည်။

ထို့ကြောင့် ''သွားပါ၊ ရှေ့အနာဂတ်သစ်ဆီ သွားလိုက်စမ်းပါ''။ အုပ်ချုပ်မှုယန္တယားကြီးအား ပြည်သူနှင့်တစ်သားတည်းလည်ပတ်ပြီး ''မောင်းနှင်ပစ်လိုက်စမ်းပါ''ဟု ဆိုချင်သည်။ အားပေးချင်သည်။ အားကိုးချင်သည်။ ဝိုင်းဝန်းတွန်းပေးချင်သည်။ သည်သို့ဆိုလျှင် လှပသည့် အနာဂတ်နိုင်ငံတော်သည် ဝေးမည်မဟုတ်။





(ဒေါ်အောင်ဆန်းစုကြည်၏ လတ်တလောရပ်တည်လုပ်ကိုင်နေမှုအား ထောက်ခံသည်။ ဟီလာရီကလင်တန် ၏ ခရီးစဉ်အား အကောင်းဘက်ကမြင်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတဖြစ်ရန်၊ ဝန်ကြီးဖြစ်ရန်ကြိုးစားနေခြင်း မဟုတ်။ လူထုအကျိုး၊ တိုင်းပြည်အကျိုးအတွက်သာ အသက်၊သွေး၊ချွေး၊ ဂုဏ်သိက္ခာတို့အား ရင်းးနှီးလုပ်ဆောင်နေခြင်းဟု မြင်သာကြပြီဖြစ်သည်။ ဦးသိန်းစိန်အစိုးရလည်း ထိုသို့ရပ်တည်ရန် လိုသည်။
 လမ်းပွင့်နေပြီးဖြစ်သည်။ ထိုလမ်းအား ဦးတည်ချက်မှန်မှန်ဖြင့် လျှောက်သွားရန်သာ လိုတော့သည်)