Thursday 28 July 2011

ရင်ထဲကရှစ်ဆယ့်ရှစ်-အပိုင်း ၂ - (မောင်မောင်ဝမ်း )

by Maung Maung Wann on Thursday, July 28, 2011 at 4:14pm

တကယ်တော့ဗိုလ်ချုပ်ကြီးနေ၀င်း(မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဥက္ကဌကြီးဦးနေ၀င်း)၁၉၆၂ခုနှစ်မှာအာဏာသိမ်းလိုက်ခြင်းဟာ…ဒီမိုကရေစီကိုသင်းကွပ်ပစ်လိုက်တာပဲဖြစ်ပါတယ်….သူအာဏာရချိန်ကစလို့ ပါတီစုံဒီမိုကရေစီဆိုတာလည်းဆိပ်သုဉ်းသွားရရှာတယ်…၁၉၇၄မှာဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုအတည်ပြုပြီး….တိုင်းပြည်ကိုတပါတီအာဏာရှင်စနစ်နဲ့သွားတယ်….စီးပွားရေးပုံစံမှာလည်းဆိုရှယ်လစ်စီးပွားရေးဆို… .ပြည်သူပိုင်အခန်းကဏ္ဍကိုမှေးမှိန်အောင်လုပ်…

Wednesday 27 July 2011

စစ်တပ်၏ဗိုလ်ကျမူ ရခိုင်ပြည်နယ်& အိမ်ထောင်စု၂၀၀၀ခန့် ပြောင်းရွှေ့ခိုင်း&မြေကွက် ဗိုလ်ချုပ်များအပိုင်စီး& နေပြည်တော် ပြည့်တန်ဆာဈေ:

by စူ နာ မီ လှိုင်း on Wednesday, July 27, 2011 at 4:15pm

စစ်တပ်၏ ဗိုလ်ကျမူ ရခိုင်ပြည်နယ် အစိုးရ မတားဆီးနိုင်

အင်္ဂါနေ့၊ ဂျူလိုင်လ 26 ရက် 2011 - နိရဉ္စရာ သတင်းဌာန
ရခိုင်ပြည်နယ်တွင် တပ်စွဲထားသော စစ်တပ် တပ်ရင်း များမှ ရခိုင်ပြည်သူများ အပေါ်နည်းမျိုး စုံဖြင့် ဥပဒေမဲ့ ဗိုလ်ကျ ချယ်လှယ်နေ သော်လည်း ရခိုင်ပြည်နယ် အစိုးရ အနေဖြင့် တစ်စုံတရာ ၀င်ရောက်တားဆီးနိုင်ခြင်း မရှိကြောင်း သိရသည်။
ထိုကဲ့သို့ တားဆီးနိုင်ခြင်း မရှိဘဲ ဖြစ်နေသည်ကို ကျောက်ဖြူမြို့နယ် ပန်းတောပြင် ကျေးရွာမှ လူကြီး တစ်ဦးက ယခုကဲ့သို့ ပြောသည်။


ဇူလိုင်လအတွင်း ကမ္ဘာတ၀ှမ်း လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်များ

by Melven Than on Wednesday, July 27, 2011 at 9:46pm

Tuesday, 26 July 2011
(၂၀၁၁)ခုနှစ် ဇန်န၀ါရီလမှ ဇူလိုင်လထိ ပြင်းအား(၆.၀)မှ (၉.၀)အဆင့်ရှိသည့် ငလျင်ပေါင်း (၁၃၄)ကြိမ် လှုပ်ခတ်ခဲ့ပြီး ဖြစ်သည်။ အကြိမ်အရေအတွက်သည် (၂၀၁၀)တစ်နှစ်လုံး၊ (၁၇၅)ကြိမ် လှုပ်ခတ်မှုနဲ့ နှိုင်းယှဉ်ပြီး အခုနှစ်ရဲ့ နှစ်ဝက်ကျော် ကာလအတွင်း လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်အရေအတွက်ထက် ပိုမိုများပြားနေကြောင်း သိရသည်။

ယူအက်စ် အွန်လိုင်း အသုံးပြုသူများ စိတ်ကျေနပ်မှု လျော့ကျလာသည့် ဖေ့စ်ဘုတ်ခ်

by Melven Than on Wednesday, July 27, 2011 at 9:32pm

 ဆန်ဖရန်ဆစ်စကို ။ ။ လွန်ခဲ့သည့် အင်္ဂါနေ့က ထုတ်ပြန်လိုက်သည့် သုတေသန ရလာဒ်များအရ အမေရိကန် ပြည်ထောင်စု ရှိ အွန်လိုင်းအသုံးပြုသူများ ၏စိတ်ကျေနပ်မှု ကိုတိုင်းတာရာတွင်Facebook မှာ ကျေနပ်မှု အနည်းဆုံး ရရှိခဲ့သည့် ဝက်ဆိုဒ် တစ်ခု ဖြစ်ကြောင်း တွေ့ရှိခဲ့ ရပြီး အဆိုပါသတင်းမှာ အမေရိကန် ရှိ ကုမ္ပဏီပေါင်း ၂၀၀ကို စစ်တမ်း ပြုစုရာမှရရှိလာခြင်းဖြစ်သည်။

ဒေါ်စု အကြောင်းဇာတ်ကား “The Lady” ကို တိုရွန်တို ရုပ်ရှင်ပွဲတွင် ပြမည်

by Melven Than on Wednesday, July 27, 2011 at 9:19pm

 ဒေါ်အောင်ဆန်းစုကြည်အဖြစ် Michelle Yeoh သရုပ်ဆောင်ထားပြီး ဒါရိုက်တာ Luc Besson ရိုက်ကူးသော “The Lady” ဇာတ်ကားသည် စတင်ဘာလတွင် ကျင်းပမည့် တိုရွန်တို နိုင်ငံတကာ ရုပ်ရှင်ပွဲတော်၌ ပြသသွားမည်ဖြစ်ကြောင်း နယူးယောက်တိုင်းမ် သတင်းစာ အရ သိရသည်။

မြန်မာပြည်ကို အကဲခတ်ပုံများ

1:06 PM | Posted by လူဗိုလ်ဟူသည် ......

by Khaing Min on Tuesday, July 26, 2011 at 8:29pm


မြန်မာပြည်နှင့်စပ်လျဉ်း၍ မီဒီယာ ပညာရှင်များ၏ ရေးသားဖော်ပြချက်များမှာ ဖောက်သည်သတင်းပေးများထံမှ ကြားချင်သည်များကို ပြန်ဖော်ပြသလို ခေါက်ရိုးကျိုးနေကြသည်မှာ ကြာလေပီ။ ဘယ်သူ့ဆီက ဘယ်စကားကြားရမည်မှာ နောကျေနေကြပီဖြစ်ရကား အလွှာစုံကို ထိတွေ့အကဲဖြတ်နိုင်သူမှာ ရှာ၍ရှိနိုင်ခဲပါဘိ။ ယခုကူးယူဖော်ပြသည့် မင်းအိုချမ်းသာ၏ အမြင်မှာ အများမီဒီယာတွင် ကြားလေ့မရှိသော အမြင်သစ်များနှင့် လက်ခံနိုင်ဖွယ် သုံးသပ်ချက်များပါရှိနေ၍ ကျယ်ကျယ်ပြန့်ပြန့်ဖတ်ရှုနိုင်ကြရန် မျှဝေပေးရကြောင်း။

အတွေးအခေါ် နှင့် လမ်းစဉ်

by Burma Thwe on Tuesday, July 26, 2011 at 8:09pm

အတွေးအခေါ်နှင့် လမ်းစဉ် (အပိုင်း- ၁)

နိဒါန်း


လူတယောက်၏ ဘ၀လမ်းကြောင်းတွင်ဖြစ်စေ၊ နိုင်ငံရေးလမ်းစဉ်များတွင်ဖြစ်စေ အတွေးအခေါ်က အဓိကကျလေသည်။ အတွေးအခေါ် ရှင်းလင်းမှသာ လုပ်ဆောင်ရမည့် လမ်းကြောင်းကို သတ်မှတ်ရွေးချယ်နိုင်သည်။ တိကျစွာ အကောင်အထည်ဖော်နိုင်သည်။ အတွေးအခေါ် ရှုပ်ထွေးနေလျှင် လမ်းစဉ်များကလည်းေ၀၀ါးနေတတ်သည်။ အကောင်အထည်ဖော်ဆောင်ရာတွင်လဲ တိကျပြတ်သားမှု မရှိဖြစ်တတ်သည်။ ကြံတိုင်းမမြောက်ပဲ လုပ်တိုင်း မအောင် ဖြစ်လေ့ရှိသည်။

အရှေ့ဘက် နှင်းတောင်တန်းတွေကို လွမ်းတဲ့အခါ( အပိုင်း-၂ ) (အောင်မိုးဝင်း)

by Maung Maung Wann on Wednesday, July 27, 2011 at 9:35am

အရှေ့ဘက် နှင်းတောင်တန်းတွေကို လွမ်းတဲ့အခါ (၂)

မကြာသေးမီက နိုင်ငံပေါင်း (၃၀) မှာရောက်ရှိနေတဲ့ တိဘက်လူမျိုးတွေဟာ သူတို့ရဲ့ခေါင်းဆောင်သစ်ကို ရွေးချယ်တင်မြောက်လိုက်ကြတယ်။ ဒေါက်တာ လော့(ဘ)ဆန် ဆန်ဂေး ဟာ တိဘက်ဝန်ကြီးချုပ်သစ်တယောက်ဖြစ်လာတယ်။

ရင်ထဲကရှစ်ဆယ့်ရှစ် -အပိုင်း ၁( မောင်မောင်ဝမ်း )

by Maung Maung Wann on Saturday, July 23, 2011 at 7:36am

                           ရင်ထဲကရှစ်ဆယ့်ရှစ်
အပိုင်း ( ၁ )                                                      ( မောင်မောင်ဝမ်း )
 
သမိုင်းဆိုတာအမြင်ကပ်ရုံသက်သက်နဲ့ဖျောက်လို့မရနိုင်ကောင်းပါဘူး၊လူသားတွေရဲ့အတ္တကိုငွေကြေးအာဏာအကျိုးစီးပွားတွေနဲ့သွန်းလောင်းပေးလို့ယာယီမှေးမှိန်ကောင်းမှေးမှိန်နိုင်ပေမဲ့….အမှန်တရားဆိုတာ….တနေ့မှာ တော့ပေါ်ထွန်းလာစမြဲပါ……..
ရှစ်ဆယ့်ရှစ်ဆိုတာဘာလည်း………….?
ရှစ်ဆယ့်ရှစ်ဆိုတာ…စစ်အာဏာရှင်များအဆက်ဆက်ပြောသွားခဲ့သလို….အရေးအခင်းလား……..
ရှစ်ဆယ့်ရှစ်ဆိုတာ….မင်းမဲ့စရိုက်တွေနဲ့ပြည်သူလူထုကြီးရဲ့အသက်အိုးအိမ်စည်းစိမ်တွေကိုခြောက်လှန့်ခဲ့တဲ့ ပရမ်းပတာ…ရုန်းရင်းဆန်ခတ်မူ့ကြီးလား……..
ရှစ်ဆယ့်ရှစ်ဆိုတာ…အာဏာရှင်စနစ်ကိုတော်လှန်ပြီးဒီမိုကရေစီစနစ်ကိုပြောင်းလည်းအကောင်ထည်ဖော်ဘို့ကိုလိုလားတဲ့ လူထုကြီးရဲ့ လူထုတော်လှန်ရေးကြီးလား………..
ဒီနေ့မျိုးဆက်သစ်တွေအတွက်ကတော့ေ၀၀ါးနေဆဲ ပုံပြင်တပိုဒ်လိုပါပဲ

The Ladyရုပ်ရှင် ရုံတင်ပြသတော့မှာ& ကာတွန်းထဲကဦးသိန်းစိန်& မျောက်တကောင်ဖြစ်သည် & မီးဒုက္ခသည် & မဟာဂန္ဓ၀င် ရှစ်လေးလုံးအရေးတော်ပုံ

by စူ နာ မီ လှိုင်း on Tuesday, July 26, 2011 at 6:32pm

The Lady
...............
၂၀၁၁ အောက်တိုဘာလတွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  သမိုင်းဘ၀ဇာတ်ကြောင်းကို The Lady ရုပ်ရှင်အဖြစ် ကမ္ဘာနဲ့အဝှမ်း ရုံတင်ပြသတော့မှာပါ။

ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်ထားသူကတော့ မလေးရှားနိုင်ငံဖွား နာမည်ကျော် မင်းသမီး မီရှယ်လ်ယိုး (Michelle Yeoh) ပါ။ ဒါရိုက်တာ ပြင်သစ်လူမျိုး Luc Besson က စီစဉ်ရိုက်ကူးပြီး Drama, Romance, ဘဝသရုပ်ဖော်မြောက်များစွာ သုံးထားတာကို တွေ့ ရမှာဖြစ်ပါတယ်။ EuropaCorp, Left Bank Pictures, France 2 Cinema ကုမ္ပဏီတွေက ထုတ်လုပ်ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

ပျာ်ရွှင်ခြင်း..(၁၀)ခု

by Chit Aye on Tuesday, July 26, 2011 at 10:42pm

ပစ္စည်းဥစ္စာ

ငွေကြေးနဲ့ ပျော်ရွှင်ခြင်းကို အတိုင်းအတာတစ်ခုအထိ ဝယ်ယူလို့ရနိုင်သလို ရာထူး၊
နေရာတွေကိုလည်း ဝယ်ယူလို့ရနိုင်ပါတယ်။ ဒါပေမဲ့ စားဝတ်နေရေးဆိုတာကို
ဖြေရှင်းနိုင်ပြီးနောက် သင့်မှာရှိတဲ့ပိုလျှံတဲ့ ငွေတစ်ပြားတစ်ချပ်တိုင်းရဲ့
အရေးပါမှုဟာ သေးသထက်သေးငယ်သွားပါတယ်။

လိုအင်ဆန္ဒ

လိုအင်ဆန္ဒက ပျော်ရွှင်ခြင်းရဲ့ရန်သူဖြစ်တယ်။ ရောင့်ရဲတင့်တိမ်နိုင်သူမှ
ပျော်ရွှင်တယ်။ ဆန်းစစ်ချက်အရ တခြားလူနဲ့ အနိမ့်အမြင့် မနှိုင်းယှဉ်ဘဲရတဲ့
ပျော်ရွှင်မှုဟာ
ဝင်ငွေကောင်းလို့ရတဲ့ ပျော်ရွှင်မှုထက် ငါးဆလို့ဆိုပါတယ်။

အသိဉာဏ်

အသိဉာဏ်ရဲ့ပံ့ပိုးမှုဟာလည်း ပျော်ရွှင်ခြင်းနဲ့ သက်ဆိုင်ပါတယ်။ ဆန်းစစ်ချက်အရ
ပိုထက်မြက်တဲ့လူဟာ အလိုဆန္ဒပိုများကြောင်း တွေ့ရတယ်။ ပိုမြင့်တဲ့
အောင်မြင်မှုကိုမရလေ ဆန္ဒမပြည့်ဝလေ မပျော်ရွှင်လေဖြစ်တယ်။ နောက်ပြီး
အသိဉာဏ်မြင့်တိုင်း လူလူချင်း ပေါင်းသင်းဆက်ဆံရေးကို အဆင်ပြေချောမွတ်အောင်
လုပ်နိုင်စွမ်းရှိတယ်လို့ မဆိုသာပါဘူး။

မျိုးရိုးဗီဇ

ပျော်ရွှင်ခြင်းရဲ့အတိုင်းအတာတစ်

ခုဟာ မွေးရာပါကလာတာဖြစ်တယ်။ ပျော်ရွှင်ခြင်းကို
သိနားလည်၊ ခံစားနိုင်တဲ့ ၉ဝ%အတိုင်းအတာက မျိုးရိုးဗီဇကြောင့်ဖြစ်တယ်။
တစ်ပြိုင်တည်းမှာပဲ
မိဘတွေရဲ့ မှန်ကန်တဲ့ အတွေးအမြင်၊ ဆုံးဖြတ်ချက်နဲ့ ကောင်းမွန်တဲ့
ဆုံးမသွန်သင်မှုတွေနဲ့လည်း တိုက်ရိုက်သက်ဆိုင်ပါတယ်။

အလှအပ

လှပတဲ့လူတွေ ပိုပျော်ရွှင်တယ်ဆိုတဲ့စကားက လူအများအတွက် သတင်းဆိုးဖြစ်နိုင်တယ်။
ဒါပေမဲ့ သင်လှတယ်လို့ သင့်ကိုယ်သင်ယုံကြည်ဖို့ပဲ လိုအပ်ပါတယ်။ မိန်းကလေးတွေလည်း
ကိုယ့်ကိုယ်ကို အရမ်းဝတယ်လို့ အမြဲမထင်ဖို့နဲ့ ယောက်ျားလေးတွေကလည်း
ကိုယ့်ကိုယ်ကို မခန့်ဘူး၊ မတောင့်တင်းဘူးလို့ အမြဲမထင်ဖို့ပဲလိုပါတယ်။

သူငယ်ချင်း

သူငယ်ချင်းဆိုတာ ပျော်ရွှင်ခြင်းရဲ့ ရေသောက်မြစ်ဖြစ်တယ်။ ပညာရှင်တွေရဲ့
ဆန်းစစ်ချက်မှာ ဝင်ငွေနဲ့ ရာထူးအနိမ့်အမြင့် မတူတဲ့လူတွေမှာ တူညီတဲ့ပျော်ရွှင်မှုတွေ
ရနေတာဟာ သူငယ်ချင်းတွေကြောင့်လို့ ဆိုပါတယ်။

အိမ်ထောင်ရေး

အိမ်ထောင်ကျသူဟာ အိမ်ထောင်မကျသူတွေထက် ပိုပျော်ရွှင်တာတွေ့ရတယ်။
ကမ္ဘာ့သိပ္ပံပညာရှင်တွေရဲ့ သဘောတူဆွေးနွေးချက်မှာ အပျော်ရွှင်ဆုံး စိတ်ခံစားချက်ဟာ
အိမ်ထောင်ကျပြီး နောက်တစ်နှစ်အထိ ရှိနိုင်ကြောင်း တွေ့ရတယ်။

ကိုးကွယ်ယုံကြည်မှု

ဒါဟာလည်း ပျော်ရွှင်ခြင်းနဲ့ တနည်းနည်း သက်ဆိုင်နေခဲ့ပါတယ်။ ယုံကြည်ကိုးကွယ်မှုက
ကံမကောင်းခြင်း၊ ဘေးဆိုးကဒ်ဆိုးတွေကို မောင်းထုတ်နိုင်တဲ့ လူလူချင်း
တစ်ယောက်ကိုတစ်ယောက် ကူညီအားပေးနိုင်တဲ့ အကျိုးကိုဖြစ်စေပါတယ်။

ချစ်ခြင်းမေတ္တာ

ချစ်ခြင်းမေတ္တာဟာလည်း ပျော်ရွှင်ခြင်းကိုဖြစ်စေကြောင်း လူအနည်းစုလောက်သာ
သိခဲ့ကြတယ်။ ကောင်းမှုလုပ်တဲ့သူ၊ ချစ်ခြင်းမေတ္တာဖြန့်ဝေသူတွေဟာ
ပိုပျော်ရွှင်တာကိုတွေ့ရတယ်။ ဒါပေမဲ့ ဒီလိုပျော်ရွှင်ခြင်းက ကိုယ်ကျိုးမငဲ့တဲ့၊
စေတနာရှိတဲ့ ပေးဆပ်ခြင်းနဲ့ပဲ သက်ဆိုင်ပါလိမ့်မယ်။

အသက်အရွယ်

အသက်အရွယ်ကြီးသူတွေဟာ ပိုပျော်ရွှင်ကြတယ်။ အသက်အရွယ်
ကြီးရင့်အိုမင်းလာသည့်နည်းတူ အသက်ကြီးသူတွေဟာ ပျော်ရွှင်နိုင်မယ့်အရာတွေကိုပဲ
ဖမ်းဆုပ်တတ်ဖို့ ပိုနားလည်လာခဲ့ကြတယ်။ ပြဿနာဖြစ်စေတဲ့၊ စိတ်ညစ်စေတဲ့အရာကို
အလွယ်တကူ လက်လွတ်တတ်ဖို့ သူတို့နားလည်ခဲ့ကြတယ်။

ကျမနှင့် စာရေးခြင်း အတတ်ပညာ

by Eingyin Ta Khaine on Wednesday, July 27, 2011 at 12:04am

သည်စာလေးကို ခုပဲ ချရေးချင်စိတ်ပေါက်မိပါသည်။ ကျမစိတ်ထဲတွင် မွမ်းကျပ်နေသလိုခံစားရသည်မှာ မကြာခဏပင်ဖြစ်တော့သည်။ ကျမသည် လောဘကြီးသူပီပီ လုပ်ချင်တာတွေ အင်မတန်ကိုများလွန်းသည်။ တကယ်တော့ စာရေးတယ်ဆိုတာ အင်မတန် အာရုံစိုက်တည်ငြိမ်ရသည်။ ကျမကမဟုတ် တခါတလေ ဟိုဟာလုပ်ရမှာပါလား... ဒီစာရေးရအုံးမယ်... ဟိုစာရေးရင် ကောင်းမလား..ဆိုတာမျိုးတွေပင် ရှိနေတတ်သည်။ ဒါကြောင့် ဌားထားသည့် စာအုပ်တွေမှာ ခုထိပင် တအုပ်မှ အဆုံးမသတ်ရသေးပါ။ ပြီးအောင်မဖတ်ရသေးဖြစ်နေသည်။ အခန်းတိုလေးတွေမို့သာ တော်သေးသည်။ ခုလည်း ကျမ သူငယ်ချင်းဆီက ဌားထားသော စာအုပ်ထဲက စာတွေကိုဖတ်ရင်းဖြင့် တယောက်ယောက်ကို ပြန်ပြောပြချင်မိသည်။ ကျမသိပ်သဘောကျသည့် အကြောင်းအရာဆို ကျမက အလွန် ပြောပြချင်တတ်သည်။ ကျမ စာတွေရေးခြင်းမှာလည်း ဒါကြောင့်ပင်ဖြစ်သည်။ တခါတရံ ပြောပြချင်သည့် အကြောင်းအရာတွေမှာ စိတ်ကူးထဲတွင်တပုံတပင်ရှိနေတတ်သည်။ လက်ကလိုက်ချမရေးနိုင်လောက်အောင်ပင်…များစွာရှိနေခဲ့ပါသည်။

တကယ်တော့ စာရေးရသည့်အလုပ်မှာ အတော်ကို မလွယ်ကူတာ ခုမှ လက်တွေ့သိလာရတော့သည်။ စာရေးခြင်းသည်လည်း အတတ်ပညာတခုဖြစ်သည်။ ပညာတတ်တိုင်းစာမရေးတတ်ပါ။ ကျမဆို စာတွေသာသင်နေသည် စာရေးတဲ့ အတတ်ပညာကို သေခြာစွာ မတတ်ပါ။

ကျမသည် စာဖတ်ပျင်းသလို စာရေးတာကလည်း အင်မတန်ကို ညံ့သည်။ အိမ်မှာ မေမေနှင့်ဖေဖေက စာဖတ်သလောက် စာတွေ တကုပ်ကုပ်နှင့်ရေးသလောက် ကျမက သိချင်သည့် အကြောင်းအရာနှင့် ကျောင်းစာလောက်သာ ကြိုးစားပမ်းစားဖတ်သည်။ အမှန်ပြောရရင် ရီးစားစာပင် မရေးဖူးပါ။

ခုတော့ စာတွေရေးရင်းရေးရင်း စိတ်ဖိစီးမူပင်တခါတလေရှိလာသည်။ အစကတော့ စိတ်ဖိစီးမူလျော့ရန် စာတွေရေးသည်။ သို့သော် စာရေးခြင်းသည် ကျမအတွက် ခွန်အားတခုဖြစ်လာခဲ့သည်။

စာရေးတာ လွယ်မယ်လို့ ထင်ပါသလား… လွယ်ပါတယ်လို့ ပြောမယ့်သူများရှိလေမလားပဲ။ ခုတလော ဘလော့(Blog)စာမျက်နှာတွေ ဖေ့စ်ဘွတ်(Facebook)လိုနေရာတွေမှာ လူတိုင်းရေးလို့ရနေတာကိုး..
တော်တော်များများ ရေးနေကြတာကိုလည်း တွေ့ရသည်။
ကျမလို ငပျင်းမှာ ကျောင်းကစာတွေကိုပင် ရေးရတာ အတော်ငိုချင်မိသည်။ စာတမ်းရေးလိုက် အတော်ကို အဆူသန်ကာ တိကျသော ကျမ၏ ပါမောက္ခနှင့် တကျက်ကျက် …ငိုလိုက်ရေးလိုက်နှင့် ဆက်စပ် နိုင်ငံရေးကိုမှ ရေးမိသော ကျမမှာ တလည်လည်ဖြစ်နေရပါသည်။
ခုလို စာတွေရေးဖြစ်တာ ဒါကြောင့်လည်းပါသည်။

သူများဘာသာမပြောနဲ့ မြန်မာစာကိုတောင် ငါရေးတတ်ရဲ့လားလို့ တွေးမိကာ ပြောပြချင်သော အကြောင်းများကို အရင်ဆုံးစစီကာရေးချ ကြည့်မိသည်။ အတော်ကို မလွယ်ပါလား….ဘယ်လိုပုံစံရေးရလဲ။ ဘာအကြောင်းအရာကိုရေးရမလဲ စသည်ဖြင့်…ဒါတွေအပြင် စာလုံးပေါင်းသတ်ပုံတွေက မမှန်..စာအဖြတ်အတောက်က မှား ဘယ်ကစလို့ ဘယ်လိုဆုံးရမလဲမသိ။ စာကြောင်းအဆက်အစပ်ကရော မှန်ပါရဲ့လား…. ကျမစာကို ကိုယ်တိုင်ပြန်ဖတ်ကြည့်ကာ အတော်ပင် စိတ်ဆင်းရဲကာ ငိုချင်မိပါသည်။ သို့သော်လည်း ကိစ္စမရှိပါပေါ့။ သူငယ်ချင်းတွေ သိပြီးရော အဆင်ပြေသလိုသာ ပြင်ဖတ်ကြပေါ့လို့ ခပ်ပေါ့ပေါ့တွေးသေးသည်။ သို့သော် တင်ခါနီးသော် အတော်ရှက်မိသည်။ စိတ်မြန်တော့ သေခြာမစစ်ပဲ အမှားတွေနှင့်တင်မိတတ်သေးသည်။ ခုတော့ ပြန်ဖတ်လေ ရှက်လေဖြစ်ပါသည်။ အမှန်ပြောရလျှင် မဆိုးပါဘူးဟု မှတ်ချက်ချခံရလျှင် အတော်ပင် စိတ်ကသိကအောက်ဖြစ်မိသည်မှာ အကြိမ်ကြိမ်ပင်။ ကျမက အပေါင်းအသင်းလည်းမပေါပါ။ ကျမသူငယ်ချင်းတွေဆိုလျှင် ကျမစာရေးတာကိုပင်မသိကြပါ။ ဖတ်ပြီးဝေဖန်ပါလို့တောင် မနည်းပြောယူရသည်။

ဒါဆို ဘာလို့စာကရေးရတာလည်းလို့ မေးစရာရှိပါသည်။ သိစေချင်လို့ပါလို့ပင် ဖြေရမည်။
အဓိက ခုလို စာတွေရေးဖြစ်တာကတော့ ကျမရဲ့ ဖေဖေကြောင့်ဖြစ်သည်။ ဖေဖေက အမြဲပြောသည် နိုင်ငံခြားမှာနေတယ်ဆိုတာ ကိုယ့်အတွေ့အကြုံတွေကို သူများကို ပြန်လည်ဝေမျှဖို့၊ သည်လိုအချိန်တွေနောက်တခေါက် ပြန်မရနိုင်တော့ကြောင်း၊ ဒိုင်ယာရီရေးမှတ်ဖို့ မှတ်စုထားဖို့ စာရေးဖို့တိုက်တွန်းသည်။ ကျမက ကျောင်းစာတွေနဲ့ ချာလည်ရိုက်နေတာဆိုကာ.. မရေးချင်တာ ကိုယ့်ဖာသာ အကြောင်းပြသည်။ ကျောင်းပိတ်ရက်တွေမှာ အားသော်လည်း အင်တာနက်ထဲမှာသာ ဟိုဟို သည်သည် ၀င်ကြည့်နေသည်။

တကယ်တော့ ကျမတို့တွေ မူလတန်းကထဲက စာတွေသင်ခဲ့ကြသည်။ ရေးတတ်အောင်ဖတ်တတ်အောင် ခုထိရေးကြဖတ်ကြသည်။ သို့သော် တတ်ပါသလား၊ တော်လာပါသလားလို့မေးရင် ....ဟုတ်ကဲ့..လို့ဖြေရအောင် ဘာတွေရေးတတ်တာလည်း။ ဒါဆို ဟင့်အင်းပေါ့။ ကျမကတော့ နဝေတိန်တောင်ပင်ဖြစ်နေမည်။

စာရေးတိုင်း စာရေးဆရာမဟုတ်ပါ။ တချို့က အတော်ပင်ဆွဲဆောင်စွာရေးတတ်သည်။ စိတ်ဝင်စားစရာကောင်းအောင် ရေးနိုင်သူသည် တော်သည်ဟု ကျမကထင်မိသည်။ တချို့စာတွေကတော့ ဗဟုသုတရသည်။ အကျိုးရှိသည့်စာမျိုးတွေ အများကြီးရှိပါသည်။ သို့သော် ကျမ စာကိုပင်ရွေးမဖတ်တတ်သေးပါ။ ဒါကြောင့်ခုထိ ကျမ စာရေး စာဖတ်မတတ်သေးဘူးလို့ထင်ပါသည်။

ကျမ အထက်တန်းလောက်ကထဲက ဘာသာပြန်စာပေတွေ သိပ်ကြိုက်သည်။ ဖတ်ကောင်းလို့ သည်အတိုင်းဖတ်နေလိုက်ခဲ့သည်။ ခုချိန်မှာ ဘာသာပြန်စာတွေကိုကြည့်ရင်း ဘယ်လောက်တော်လိုက်သလဲ ဘယ်လောက်ခက်လိုက်သလဲဆိုတာ သိလာရသည်။ တချို့စာမှာ မူရင်းမပျောက်ပဲ ချောမွေ့စွာ ပြန်တတ်သည်။ တချို့မှာ တိုက်ရိုက်ပြန်ရေးကူးရေးသော်လည်း မူရင်းဆိုလိုချက်က သိပ်မပေါ်တော့ပါ။ ဒါတွေကို သိတာ လွန်ခဲ့တဲ့နှစ်အတန်းတုန်းက ပါမောက္ခကြောင့်ဖြစ်သည်။ စာအုပ်ကို အဂံလိပ်လို မူရင်းတအုပ် ကိုရီးယားလိုဘာသာပြန်ပါ စာကြည့်တိုက်က ဌားကာဖတ်ကြည့်ရသည်။ ကျမမှာ အလုံးစုံနားမလည်သော်လည်း ဆရာက အဲဒါအမှိုက်တွေလို့ ပစ်ချရင်းပြောတော့ ကျမမှာ ကိုယ့်ဘာသာမဟုတ်တော့ သေခြာလည်း နားမလည်တော့ စိတ်တွေရှုပ်ခဲ့ရသည်။ သူက ဘာသာပြန်တွေအကြောင်းပြောပြသည်။

ယခုဆို ဆရာ ကင်နန်းဒိုရဲ့ လူငယ်တွေအတွက် စာအုပ်ကို ပြန်ပြောပြချင်သည်။ ကျမမှာ ဘာသာပြန်ရင်းဆရာကိုအတော် အားနာမိသည် ကျမရေးတာမကောင်းလို့ သာမန်လူတွေလောက်ပင် စိတ်မ၀င်စားကာ နားမလည်ဘူးဆိုလျှင် ကျမကြောင့်စာကောင်းတပုဒ် ပျက်ရမည်လို့ တွေးမိတော့ အကြိမ်ကြိမ်သောကရောက်ရသည်။
ပိုက်ဆံရလို့ရေးခြင်း မဟုတ်သော်လည်း ကျမတို့လို ပညာတတ် တယောက်အနေနှင့် ကိုယ်တတ်သလောက်သော အသိပညာကို မျှဝေသင့်သည်လို့ စဉ်းစားမိခဲ့သည်။ ဒါကြောင့် စာတွေရေးခဲ့ပါသည်။ တကယ်တော့ ကျမမှာ မအားပါ။ လုပ်စရာတွေမှာ အများကြီးပင် ရှိပါသည်။ အချိန်ယူကာ ရေးရသည်ကို ခုတော့ ကျေနပ်မိသလိုဖြစ်ပါသည်။ ကျမကိုယ်တိုင်ရေးရင်း စာရေးခြင်းအတတ်ပညာကို သင်ယူနေသည်ဆိုလျှင်မမှားပါ။

ကျမက စာထိုင်ရေးနေလျှင် အိမ်သာပင် မသွားဖြစ်တော့ပါ။ သည်လောက်တောင် ထိုင်ရေးနေတာပင် ကောင်းသလားလို့ မေးလျှင် တစက်မှ မကောင်းပါ။ သို့သော် ရေးနေပါသည်။ သိစေချင်လို့ ရေးပါသည်။ ခုထိစာကောင်းတွေမရေးနိုင်သေးသော်လည်း နဲနဲလေးဖြစ်ဖြစ် တခုခုရစေချင်ပါသည်။ မကောင်းတဲ့အတွက် ဖတ်တဲ့သူတွေကို အလွန်အားနာမိသော်လည်း ကြိုးစားရေးမိပါသည်။  စာရေးဆရာဖြစ်ချင်စိတ်မှာ ယခုထိမရှိပါ။ စာရေးဆရာဖြစ်ချင်လို့ ရေးခြင်းမဟုတ်ပါ။ ဆရာတွေပြောသလို စာများများရေးပါ ဆိုတာကို ပြန်သတိရရင်း ရေးနေပါသည်။

စာကောင်းတပုဒ်ဖြစ်ဖို့ လုံလစိုက်ရသည်တဲ့။ ဆရာ ကင်နန်းဒို စာထဲမှာ စာဆိုတာ ဒီအတိုင်း ရေးတိုင်းမကောင်းပါ။ ပုံမှန်ဖြည်းဖြည်းချင်း စိတ်ဝင်စားမူနဲ့ လေ့ကျင်မူကတဆင့် စွမ်းရည်ကိုရယူပါတဲ့။ သင်လည်း စာကိုဖတ်ပြီး စာကို ကောင်းစွာရေးတတ်ချင်တယ်ဆိုတဲ့ စိတ်ကူးရှိရင် တခါတရံမှာ အချိန်ကို ပေးပြီး လေ့လာပါ၊ လေ့ကျင့်ပါ၊ မှတ်သားပါ၊ ကျက်မှတ်ပါ၊ ကူးယူ ရေးချလိုက်ပါတဲ့… စာကို ကောင်းစွာရေးမည်ဆိုလျှင် တွေးခေါ်ခြင်း နက်နက်နဲနဲရှိရမယ်၊ ကျိုးကြောင်းဆီလျှော်ရမယ်၊ စာစီခိုင်မာရမယ်လို့ဆိုပါတယ်။ စာရေးခြင်းသည် လူ့အဖွဲ့အစည်းအတွင်းမှာ အလွန်အရေးကြီးတဲ့ လုံလစိုက်ထုတ်မူတခုဆိုလျှင်မမှားပေ။ စာဆိုတာ အမြဲတမ်း ခွန်အားတခုဖြစ်ပါသည်တဲ့…..

ကျမအတွက်လည်း စာဖတ်ဖြင်း၊ စာရေးခြင်းသည် မရှိမဖြစ်သော သူငယ်ချင်းတယောက်ကို အဖော်လုပ်နေရခြင်းနှင့်တူပါသည်။

အင်ကြင်း

1:10 am
27 July 2011

Tuesday 26 July 2011

ဒီမိုကရေစီ ထူထောင်ရေးပြဿနာ

by Padauk Myay on Wednesday, July 27, 2011 at 2:21pm


(၂၀၁၁ခုနှစ်၊ ဇူလိုင်လ (၁၄)ရက်နေ့ထုတ် ပြည်သူ့ခေတ်ဂျာနယ် မှာဖော်ပြထားတဲ့အယ်ဒီတာ့အာဘော်ကို မျှဝေပေးလိုက်ပါတယ်။)
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ၂၀၁၁ ခုနှစ် မတ်လ ၃၁ ရက်နေ့ မိန့်ခွန်းတွင် အစိုးရ၏ လုပ်ငန်းစဉ်များနှင့် စပ်လျှဉ်း၍ ပြောကြား ရာ၌ ဒီမိုကရေစီ ကျင့်စဉ်များ ထွန်းကားရေးဟူသည်ကို တစ်ကဏ္ဍဖော်ပြခဲ့ပါသည်။
ဒီမိုကရေစီစနစ်ကို ကောင်းစွာကျင့်သုံးနိုင်ရန် အတွက်  အစိုးရအဖွဲ့ အတွင်း၌ လည်းကောင်း၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၌ လည်းကောင်း၊ ပြည်သူလူထုအတွင်းမှာ ၄င်းဒီမိုကရေစီကျင့်စဉ်များ ထွန်းကားဖို့လိုကြောင်း ပြောဆိုပြီး၊
ပြည်သူများ အပိုင်းတွင် လွတ်လပ်ခွင့်နှင့် အခွင့်အရေးများကို ကျင့်သုံးရာ၌ ဥပဒေနှင့်အညီ ယဉ်ကျေးမှု ဓလေ့ထုံးစံများ ကျင့်ဝတ် များနှင့် အညီ ကျင့်သုံးရန် လိုအပ်သည်ဟူ၍လည်းကောင်း၊
အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများ အပိုင်းတွင် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရာမှာ ဖြစ်စေ၊ ဥပဒေများ လုပ်ထုံး လုပ်နည်းများကို အကောင်အထည် ဖော်ရာမှာဖြစ်စေ နိုင်ငံသားများ၏ မူလအခွင့်အရေးများကို ဟန့်တားပိတ်ပင်သကဲ့သို့ မဖြစ်စေ ဘဲ အဆိုပါအခွင့်အရေးများကို နည်းမှန်လမ်းမှန်နှင့် ပြည်ထေင်စု၏ အကျိုးစီးပွား၊ လူမှုအဖွဲ့အစည်း၏ အကျိုးစီးပွားများကို မထိခိုက်စေဘဲ ကျင့်သုံးနိုင်အောင် ကူညီထိန်းကျောင်း ပေးဖို့အတွက်သာ ရည်ရွယ်လုပ်ဆောင်ဖို့ လိုအပ်သည်ဟူ၍ လည်းကောင်း၊ ပိုင်းခြား ပြောဆိုခဲ့ပါသည်။
ဤသည်က ဒီမိုကရေစီသို့ ကူးပြောင်းရာ၌ ပြဿနာ အခက်အခဲတွေ ကြုံတွေ့ရနိုင်ကြောင်း တစ်စွန်းတစ်စ လှစ်ဟ ဖော်ပြလိုက် ခြင်း ဖြစ်ပါသည်။ သည်တွင် ပြည်သူတို့အနေနှင့် ဦးစွာပထမ တိကျသေချာစွာ စဉ်စားထားစရာတစ်ခုက ဒီမိုကရေစီသို့ ရောက်မ ရောက်ကို ဘယ်ပေတံတွေနှင့် တိုင်းတာမည်နည်း၊ သို့မဟုတ် ဘယ်လက္ခဏာတွေနှင့် ပြည့်စုံသော် ဒီမိုကရေစီဟု ဆိုနိုင်မည်နည်း ဟူသောအချက် ဖြစ်သည်။
ဒီမိုကရေစီ၏ လက္ခဏာများ အနက်မှ အရေးကြီးသော အချက်တစ်ချို့ကို ချုပ်၍ပြောသော်၊
 ဒီမိုကရေစီဟူသည် အနှစ်သာရ သဘောအရ အများပြည်သူ ဆန္ဒဖြင့် အုပ်ချုပ်ခြင်း ဖြစ်သည်။ ယင်းကို လက်တွေ့ကျင့်သုံး သောအခါ ပုံမှန်ကျင်းပသည့် ရွေးကောက်ပွဲများတွင် ပြည်သူတို့ ရွေးကောက် တင်မြှောက်လိုက်သည့် ကိုယ်စားလှယ်များက ပြည်သူ့ကိုယ်စား တာဝန်ယူအုပ်စိုးကြသော အနေအထား ဖြစ်သွားပါသည်။
(ဤတွင် သတိပြုရန် တစ်ခုက ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းစည်းကမ်းနှင့် လုပ်ကိုင်ပုံအဆင့်ဆင့် တိကျမှန်ကန်မှသာ ပြည်သူ့ ကိုယ်စားလှယ်စစ်များ ရရှိနိုင်မည်ဟူသော အချက်ဖြစ်သည်။)
ဒုတိယအချက်မှာ ပြည်သူ့ရပိုင်ခွင့်များနှင့် ပတ်သက်သည်။ ပြည်သူများသည် ဆန္ဒမဲပေးခြင်းမှသည် ဝင်ရောက်အရွေးခံခြင်း၊ ပါတီ အဖွဲ့အစည်းများ ဖွဲ့စည်းခြင်း၊ စည်းရုံးဆော်သြခြင်း၊ မိမိသဘောဆန္ဒကို လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုခြင်း စသည့် အခွင့်အရေး များ ရရှိရပါမည်။
တတိယအချက်မှာ တရားဥပဒေ စိုးမိုးရေးဖြစ်သည်။ တရားဥပဒေစိုးမိုးမှု ဟူသည်၌ တရားဥပဒေရှေ့မှောက်တွင် လူတိုင်းတန်း တူညီမျှမှုရှိခြင်း၊ အခြေခံဥပဒေပါ ရပိုင်ခွင့်များအား ပြည်သူတို့ ခံစားသုံးစွဲခြင်းကို အင်အားကြီးသူတို့ နှောက်ယှက် ဟန့်တားမှု မပြုနိုင်အောင် သီးခြားလွတ်လပ်သော တရားစီရင်ရေးစနစ်က ကာကွယ်စောင့်ရှောက်ခြင်း စသည်များပါဝင်သည်။
သည့်အပြင် လိုအပ်သည့် ပကတိ အခြေအနေတစ်ချို့ ရှိပါသေးသည်။
သည်အထဲတွင်၊ အစိုးရ၏ မူဝါဒများရော၊ ဦးဆောင် ပုဂ္ဂိုလ်များကိုပါ လွတ်လပ်စွာ ဝေဖန်ထောက်ပြနိုင်သည့် စာနယ်ဇင်းများ တည်ရှိဖို့၊ အစိုးရအာဏာ ရရှိနိုင်ရန်အတွက် လွတ်လပ်စွာ ရပ်တည်ယှဉ်ပြိုင် နေသည့် နိုင်ငံရေးပါတီ များတည်ရှိဖို့၊ ပုံမှန်ကျင်းပ သည့် ရွေးကောက်ပွဲများတွင် ပြည်သူ့ဆန္ဒမဲ အများဆုံးရရှိသူတို့ အာဏာရရှိကာ သိမ်မွေ့ညင်သာသော အစိုးရ အပြောင်းအလဲ များ ဖြစ်ပေါ်ဖို့၊ စသည်စသည်များ ဖြစ်ပါသည်။ သည်ဟာတွေ ပီသပြည့်စုံစွာ ဖြစ်ပေါ်လာသော်နိုင်ငံ၌ ဒီမိုကရေးစီ စနစ်ဖြစ်ထွန်းပြီ ဟု  ဆိုနိုင်ပါသည်။  ၄င်းအတိုင်း မဖြစ်သေးမီကာလကိုကား အကူးအပြောင်းကာလ သို့မဟုတ် မပီမသ ကာလဟု ဆိုရပါမည်။
မပီမသမှ ပီသလာအောင်၊ သို့မဟုတ် မပီမသမှ ပို၍မှေးမှန်သော အနေအထား ရောက်ရှိမသွားအောင် ဘာတွေလိုပါမည်နည်း။
လောလောဆယ် မိမိအနေအထားကို ပြန်စဉ်းစားကြည့်ပါ။
ကျွန်တော်တို့ ရောက်ရှိနေသည်က ယခင်အာဏာပိုင်စနစ်နှင့် ကာလရှည်ကြာ အုပ်ချုပ်လာခဲ့ရာမှ ပြည်သူလူထု၏ နှစ်ပေါင်း၂၀ ကျော် တောင်းဆိုမှုများအရ ဒီမိုကရေစီသို့ ကူပြောင်းရန် အစပြုသည့်အနေအထားဖြစ်သည်။
ထို့ကြောင့် အကူအပြောင်းကိစ္စတွင် ပါဝင်လုပ်ဆောင်ပေးရမည့် သူများထဲ၌ စိတ်အားထက်သန်သူများရော၊ မလိုလား မထက်သန် သူများပါ ရောနှောပါရှိ နေနိုင်သည်။ ဒီမိုကရေစီ လိုလားသော ပြည်သူများနှင့် ပြုပြင်ပြောင်းလဲရေး စိတ်ဓာတ် ထက်သန်သော ပြည်သူ့ကိုယ်စားလှယ်များ အားထုတ် ကြိုးပမ်းမှသာလျှင် ဒီမိုကရေစီ ပီပြင်အောင် တဖြည်းဖြည်း တွန်းရွှေ့သွားနိုင်လိမ့်မည်။
သည်တွင် သမ္မတပြောခဲ့သော စကားတစ်ချို့ကို ပြန်ကောက်ချင်သည်။
သမ္မတက ပြည်သူများအနေနှင့် မိမိတို့၏ လွတ်လပ်ခွင့်နှင့် အခွင့်အရေးများကို ကျင့်သုံးရာတွင် ဥပဒေနှင့်အညီ ယဉ်ကျေးမှု ဓလေ့ ထုံးစံများ ကျင့်ဝတ်များနှင့်အညီ ကျင့်သုံးဖို့လိုအပ်ကြောင်း၊ ပြောဆိုပြီး၊ ယင်းအတွက်၊ အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများက “ထိန်းကျောင်းပေးရန်” လည်း လမ်းညွှန်သွားခဲ့ရာ အဓိပ္ပါယ်သဘောအရမူ၊
ပြည်သူများသည် မူလအခွင့်အရေးများကို ခံစားရာ၌ စည်းမျဉ်းစည်းကမ်းများနှင့် မညီညွတ်ခဲ့သော် ဟန့်တားခြင်း ပိတ်ပင်ခြင်း အရေးယူခြင်း ခံရလိမ့်မည်၊ ဟူ၍ သက်ရောက်သည်။
သို့သော်၊ ဒါလည်း နည်းလမ်းကျသည် ဟုဆိုရပါမည်။
တစ်ဖက်တွင်၊ အုပ်ချုပ်ရးပိုင်းဆိုင်ရာတို့၏ ဆောင်ရွက်ခြင်းများသည် နိုင်ငံသားတို့၏ မူလအခွင့်အရေးများကို ဟန့်တားပိတ်ပင် သကဲ့သို့ မဖြစ်အောင် သတိပြုဖို့ လမ်းညွှန်ထားတာလည်း ရှိပါသည်။ ဒါသည်လည်း တန်ဖိုးရှိပါသည်။ ခေတ်ဟောင်း စနစ်ဟောင်း က စိတ်ဓာတ်ဟောင်းတွေကြောင့် ဒီမိုကရေစီ အခွင့်အရေးများကို မကြည်ဖြူနိုင်သူများ ရှိနေနိုင်သည့်အတွက် ၎င်းတို့အား သတိပေး လမ်းညွှန်သော သဘောဟု မြင်ပါသည်။ သို့သော် သည်အပိုင်းတွင် မှန်မှန်ကန်ကန် ဖြစ်ရန်အတွက် ပြည်သူတို့ဘက်က စောင်ကြပ် ကြည့်ရှုမှု ၊ နည်းလမ်းမကျဟု ယူဆသော် စောဒကတက်မှု ၊ ဝေဖန်ထောက်ပြမှုများ ပြုဖို့လည်း လိုပါလိမ့်မည်။
သည်အတွက်ပြည်သူတို့ အားကိုးပြုရမည့် သူများသည် ပြည်သူ့ကိုယ်စားလှယ်များဖြစ်သည်။
ထို့ကြောင့်၊ ပြန်စဉ်းစားသော်၊ ပြည်သူတို့အနေနှင့် အားကိုးလောက်သော ပြည်သူ့ကိုယ်စားလှယ်စ စ်စစ်များ ရရှိရေးသည်အထူး အရေးကြီးပြန်သည်။ လာမည့် ကြားဖြတ် ရွေးကောက်ပွဲတွင်ကော ဘယ်နှစ်ယောက် မျှော်လင့်နိုင်ပါမည်နည်း။
ပြည်သူကို အမှန်တကယ် ကိုယ်စားပြုသူတွေ များလာမှသာ ဒီမိုကရေစီစနစ် ပေါ်ထွန်းဖို့ အလားအလာရှိပေမည်။
သည်အတွက် ထပ်စဉ်းစားစရာက  ပြည်သူ့ကိုယ်စားလှယ်များ ထွက်ပေါ်ရာ နိုင်ငံရေးပါတီများ ဖြစ်သည်။
နိုင်ငံရေးပါတီတို့ မည်သည် အများပြည်သူကြားက နိုင်ငံရေးစိတ် ထက်သန်သူတွေ၊ ယင်းအနက်မှ အယူအဆချင်း နီးစပ်တူညီ သူတွေ စုစည်းတည်ထောင်ကာ၊ ပါတီဝင်ထုက သတ်မှတ်ကာလအလျှောက် ရွေးကောက်တင်မြှောက်သည့် ပုဂ္ဂိုလ်တို့ ဦးဆောင် လှုပ်ရှားသည့် အဖွဲ့အစည်းများ ဖြစ်ဖို့လိုသည်။ အဲဒါမှသာ စစ်မှန်သည်၊ သဘာဝ ကျသည်။ အဲဒါမှသာ သည်အထဲက ထွက်ပေါ် လာသည့် ပြည်သူ့ကိုယ်စားလှယ်လောင်းများသည် ဒီမိုကရေစီစိတ်ဓာတ်ပြည့်ဝသူ၊ ဒီမိုကရေစီ အလေ့အကျင့်ကို တန်ဖိုးထားသူ များ ဖြစ်လိမ့်မည်။
ထိုနည်းတူ အဲသည့်ပါတီတို့သည် ပြည်သူကို ကိုယ်စားပြုသော ပါတီများ ဒီမိုကရေစီ စနစ်ကို အမှန်တကယ် ထူထောင်မည့် ပါတီ များ ဖြစ်လိမ့်မည်။
စဉ်းစားကြည့်လျှင်၊ ချို့ယွင်းချက်တွေ၊ အားနည်းချက်တွေ၊ ပြုပြင်ပြောင်းလဲရန် လိုအပ်ချက်တွေက များပြားလှပါသည်။
သို့သော် မိမိတို့ထက်ပင် ဖြစ်နိုင်ခြေ နည်းသေးသည်ဟု ထင်ရသည့် တိုင်းပြည်များတွင် ဒီမိုကရေစီစနစ် ဖြစ်ထွန်းပေါ်ပေါက်ခဲ့သော သာဓကတွေ ကမ္ဘာ၌ များစွာရှိရာ စိတ်အားထက်သန်သော ပြည်သူတို့ အားထုတ်ကြိုးပမ်းလျှင် တစ်နေ့သောအခါ ဒီမိုကရေစီ ပန်းတိုင်သို့ မုချရောက်ရလိမ့်မည်ဟု မမှိတ်မသုံ ယုံကြည်ပါသည်။
ပြည်သူ့ခေတ်အယ်ဒီတာ၊ ၆-၇-၂၀၁၁

ပို့ပြီးသား အီးမေးလ်ကို ဘယ်လိုပြန်ပြင်မလဲ

by Melven Than on Saturday, July 2, 2011 at 4:34am

ကျွန်တော်တို့ ကြားဖူးနေကျ မြန်မာစကားပုံတစ်ခုရှိတယ်။ ‘ကြမ်းကျွံရင် နုတ်လို့ရတယ်၊ စကားကျွံရင် နုတ်လို့မရဘူး’ဆိုတဲ့ စကားပုံပါ။ ဒီလိုပါပဲ အီးမေးလ်တွေကို သုံးကြတဲ့အခါ ကိုယ့်ဆီကထွက်ပြီးသား အီးမေးလ်ကို ပြန်ယူပြီး စိတ်ကြိုက်ပြန်ယူပြီ မရပါဘူး။
ဒါပေမယ့် တစ်ခုခုမှားယွင်းသွားတဲ့ သင့်အီးမေးကို ပြန်ခေါ်ပြီး ပြင်ဆင်နိုင်မယ့် လုပ်ဆောင်ချက်တစ်ခုကို ဂူးဂဲလ်က ဖန်းတီးပေးထားပါတယ်။ ဒါကတော့ ဂျီးမေးလ်ကနေ သင်ပို့လိုက်တဲ့အီးမေးလ်ကို ငါးစက္ကန့်အတွင်းမှာ Undo လုပ်ပြီး ပြန်ပြင်နိုင်မယ့် လုပ်ဆောင်ချက်ပါ။

သင့်ဂျီးမေးလ်မှာ ဒီလုပ်ဆောင်ချက်ကိုအသုံးပြုနိုင်ဖို့အတွက် သင့်ဂျီးမေးလ်လိပ်စာရဲ့ ညာဘက်အခြမ်း အပေါ်ဘက်မှာရှိတဲ့ Setting ထဲက Lab ဆိုတာကို ကလစ်နှိပ်ပြီးရွေးလိုက်ပါ။ Lab ထဲကမှ Undo send option ဆိုတာကိုရွေးပြီး Enable ရွေးလိုက်ပါ။ ပြီးရင် ကိုယ်ပြောင်းထားတဲ့ Setting ကို save လုပ်ပြီးတာနဲ့ ဒီလုပ်ဆောင်ချက်ကို စသုံးလို့ရပါပြီ။

ဒီလုပ်ဆောင်ချက်ရဲ့ အလုပ်လုပ်ပုံက သင်အီးမေးလ်တစ်စောင်ပို့လိုက်ပြီဆိုတာနဲ့ သင့်ကိုအသိပေးတဲ့ Your message has been sent ဆိုတဲ့ စာသားလေးပေါ်လာပါတယ်။ ဒီစာသားလေးရဲ့ဘေးမှာ Undo ဆို့တဲ့လင့်ခ်လေးတစ်ခုပါပါတယ်။ သင့်အနေနဲ့ခုနက ပို့လိုက်တဲ့ အီးမေလ်ကိုပြန်ခေါ်ချင်တယ်ဆိုရင် အဲဒီ Undo လင့်ခ်ကို နှိပ်လိုက်ရုံပါပဲ။ တစ်ခုရှိတာက သင်ပို့လိုက်တဲ့ အီးမေးလ်ပြန်ပြင်၊ မပြင် ဆုံးဖြတ်ဖို့အတွက် ငါးစက္ကန့်ပဲ အချိန်ရတယ်ဆိုတာပါပဲ။ တကယ်လို့ ကိုယ့်မှာပြန်ပြင်စရာတွေရှိတယ်ဆိုရင် အီးမေးလ်ပို့ပြီး ငါးစက္ကန့်အတွင်း Undo ပြန်နှိပ်လို့ ပြန်ပြင်လိုက်ပါ။
ကျော်ဇင်ထွန်း

အမျိုးသားကြိုက် 3D ရုပ်ရှင်အား စင်္ကာပူတွင် ဆင်ဆာ ဖြတ်တောက်မှု မရှိဘဲ ပြသမည်

by Melven Than on Wednesday, June 29, 2011 at 7:03am

 စင်္ကာပူ။ ။ ဟောင်ကောင် လူကြီးကြိုက် 3D ရုပ်ရှင် တစ်ကားဖြစ်သည့် 3D Sex and Zen ဇာတ်ကားကို နိုင်ငံတကာ တင်ဆက်မှု ပုံစံဖြင့် စင်္ကာပူနိုင်ငံတွင် ဆင်ဆာ ဖြတ်တောက်မှု မပြုလုပ်ဘဲ ပြသသွားမည် ဖြစ်ကာ စင်္ကာပူ ရုပ်ရှင်ဆင်ဆာ ဘုတ်အဖွဲ့ (BFC) ၏ သတ်မှတ်ချက် ဖြစ်သည့် အသက် ၂၁ နှစ်အောက် မကြည့်ရ ဆိုသည့် သတ်မှတ်ချက်မှအပ ကျန်သည့် အချက်များကို ဖြတ်တောက်ခြင်း မရှိဘဲ လာမည့် ဇူလိုင် ၂၁ ရက်နေ့တွင် ရုံတင် ပြသခွင့် ပြုလိုက်ပြီ ဖြစ်သည်။

ယခုဇာတ်ကားမှာ အမျိုးသားကြိုက် ရုပ်ရှင် ဇာတ်ကားများထဲတွင် ပထမဆုံး 3D ဇာတ်ကား လည်းဖြစ်ပြီး စုစုပေါင်း ပြသချိန် ၁၀၂ မိနစ် ကြာမြင့်သည့် ကားတစ်ကားဖြစ်ကာ ဟောင်ကောင်တွင် ပြသခဲ့သည့် မူရင်း ဇာတ်ကားထက် ၂၇ မိနစ်စာ ဖြတ်တောက်ပြီး နိုင်ငံတကာ တင်ဆက်မှု ပုံစံဖြင့် ထုတ်လွှင့် လိုက်ခြင်းပင် ဖြစ်သည်။

3D Sex and Zen ဇာတ်ကားမှာ ၁၉၉၁ ခုနှစ်တွင် ဟောင်ကောင်၌ ထုတ်လုပ်ခဲ့သည့် နံပါတ် ၃ အဆင့် လူကြီးကြိုက် ဇာတ်ကားကို ပြန်လည် အသက်သွင်း ထားခြင်းဖြစ်ပြီး တရုတ် ဂန္တဝင် ရာဂ စာပေ ဖြစ်သည့် The Carnal Prayer Mat ကို အခြေခံပြီး ရိုက်ကူးထားခြင်း ဖြစ်သည်။

ယခုလို ဆင်ဆာပေး ပြသခဲ့သည့်အတွက် စင်္ကာပူ ရုပ်ရှင် ဖြန့်ချိရေး ဖြစ်သည့် Golden Village Pictures မှပြောရာ၌ ရုပ်ရှင် ဇာတ်လမ်း အမျိုးအစား အသစ်တစ်မျိုးကို ဖော်ထုတ် လိုက်နိုင်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယခုဇာတ်ကားကို ဟောင်ကောင်တွင် လွန်ခဲ့သည့် ဧပြီလက စတင် ပြသခဲ့ခြင်း ဖြစ်ပြီး စတင် ပြသသည့် နေ့တွင် စုစုပေါင်းဝင်ငွေ ဟောင်ကောင် ဒေါ်လာ ၂.၈ သန်းရရှိခဲ့ပြီး အောင်မြင်ခဲ့သည့် Avatar ဇာတ်ကား ဝင်ငွေဖြစ်သည့် ၂.၆ သန်းထက်ပင် ပိုမိုများပြားခဲ့သည်။


source : channelnewsasia/mrtv-4

ကမ္ဘာ့  အရှည်လျားဆုံးတံတား တရုတ် ဖွင့်လှစ်

by Melven Than on Sunday, July 3, 2011 at 10:54am

ဇွန်လ ၃ဝ ရက်နေ့ တွင် ကမ္ဘာ့  အရှည်လျားဆုံးတံတား တရုတ် ဖွင့်လှစ်လိုက်ပါပြီ။

ဒီတံတား အရှည် ၄၂.၅ ကီလိုမီတာ ၂၆.၄ မိုင်၊ အကျယ် ၃၃.၅ မီတာ ၆လမ်းသွား၊ ဒီဇိုင်း - တရုတ် အင်ဂျင်နီယာ၊ အလုပ်သမားပေါင်း - ၁ဝ,ဝဝဝကျော်၊ ပုံစံ - v ပုံစံဖြင့်၊ တံတားတိုင်ပေါင်း - ၅၂၀၀ တိုင်
ဆောက်လုပ်ချိန် - ၄နှစ် ၊ နေရာ - Jiaozhou ပင်လယ်အော်၊ ကုန်ကျစရိတ် - ကန် ဒေါ်လာ ၂.၂ဘီလျန်၊ ငလျင်ဒဏ် ခံနိုင်မှူ - ၈ magnitude.











lengtong.net

အောင်မြင်ခြင်းဆိုသည်မှာ

by Melven Than on Friday, July 8, 2011 at 4:18pm

 ပထမဆုံးအကြိမ် လကမ္ဘာပေါ် ခြေချသူနှစ်ဦးရှိခဲ့တယ်။ အားလုံးသိကြတဲ့ Neil Armstrong‎ အပြင် နောက်တစ်ယောက်က Buzz Aldrin ဖြစ်တယ်။ အဲဒီတုန်းက Neil Armstrong‎ စကားတစ်ခွန်းပြောခဲ့တယ်။ အဲဒီစကားကို ဒီနေ့ချိန်ထိ ဆိုရိုးစကားအဖြစ်သုံးခဲ့ကြတယ်။

"ကျွန်တော်ရဲ့ခြေလှမ်းငယ်တစ်လှမ်းက ကမ္ဘာပေါ်က လူတွေအတွက် ခြေလှမ်းကြီးတစ်လှမ်း ဖြစ်ခဲ့တယ်"
လကမ္ဘာရောက်သူတွေရဲ့ အောင်မြင်မှုဂုဏ်ပြုတဲ့ပွဲမှာ သတင်းထောက်တစ်ဦးက Buzz Aldrin ကို အဖြေရကျပ်တဲ့ မေးခွန်းတစ်ခု မေးလိုက်တယ်။

"Armstrong‎ လကမ္ဘာပေါ် အရင်ခြေချခဲ့လို့ လကမ္ဘာရောက် ပထမဆုံးလူသားအဖြစ် သတ်မှတ်ခံခဲ့ရတယ်။ ဒီအတွက် ခင်ဗျာဝမ်းမနည်းဘူးလား"
ပရိသတ်တွေရဲ့ သိလိုတဲ့အကြည့်အောက်မှာ Buzz Aldrin က တည်တည်ငြိမ်ငြိမ် ပြန်ဖြေခဲ့ပါတယ်။

"ကမ္ဘာမြေပေါ်ပြန်ရောက်တဲ့အချိန် အာကာသယာဉ်ကနေ ကျွန်တော်အရင်ဆုံးထွက်ခဲ့တယ်။ ဒါကြောင့် ကျွန်တော်က တခြားကမ္ဘာကနေ ကမ္ဘာမြေပြင်ပေါ်ပထမဆုံးခြေချခဲ့သူဖြစ်တယ် ဆိုတာကိုလည်း မမေ့နဲ့ပေါ့ဗျာ..."
ပရိသတ်ရဲ့ ရယ်မောသံနဲ့အတူ အားရကျေနပ်တဲ့ လက်ခုပ်သံတွေ ဟိန်းထွက်လာခဲ့တယ်။

လုပ်ဖော်ကိုင်ဖက်ရဲ့ အောင်မြင်မှုကို သင်လေးစား၊ တန်ဖိုးထားခဲ့ဖူးပါသလား?
သူ့အတွက် ကိုယ့်လက်ခုပ်သံကို ပေးခဲ့ဖူးပါသလား?
အောင်မြင်မှုမှာ သူ့ကြောင့်၊ ကိုယ့်ကြောင့်ဆိုတဲ့ အတ္တတွေနဲ့ ခွဲခြားသတ်မှတ်စရာ မလိုပါဘူး။ အဖွဲ့ရဲ့အောင်မြင်မှုက ကိုယ့်အောင်မြင်မှုပဲဖြစ်တယ်။

နိုင်းနိုင်းစနေ

Posted by ကျောက်ခေတ်....လမ်းသစ်

နေ့လည်ခင်း တစ်ရေးအိပ်သူများ

by Melven Than on Friday, July 8, 2011 at 4:45pm

 နေ့လည်ခင်း တစ်ရေးတမော မှေးစက်ခြင်းသည် လူတစ်ဦး၏ ဖြတ်ထိုးဥာဏ်နှင့် အကွက်မြင်မှု အရည်အသွေးကို တိုးတက်လာစေကြောင်း လေ့လာမှု အသစ်တစ်ခုတွင် ဖော်ထုတ်နိုင်ခဲ့သည်။ နေ့လယ်ပိုင်းတွင် ခဏတာလေးမျှ အနားယူခြင်းသည် အိပ်မက်မက်ရန် လှုံ့ဆော်မှု အများဆုံးဖြစ်သလို ပြဿနာများ ဖြေရှင်းနိုင်သည့် ဖန်တီးမှု အတွေးအခေါ်ကိုလည်း (၄၀)ရာခိုင်နှုန်း ၀န်းကျင်မျှ မြင့်တက်လာစေကြောင်း သိရသည်။ လူတစ်ဦးသည် မျက်စိကိုမှိတ်ပြီး ခေတ္တမျှ သက်တောင့်သက်သာ မှိန်းနေချိန်တွင် ခန္ဓာကိုယ်မှာ အနားရနေပြီး ပတ်ဝန်းကျင်ကို တုန့်ပြန်သောနေ့လယ်ခင်း တစ်ရေးတမော မှေးစက်ခြင်းသည် လူတစ်ဦး၏ ဖြတ်ထိုးဥာဏ်နှင့် အကွက်မြင်မှု အရည်အသွေးကို တိုးတက်လာစေကြောင်း လေ့လာမှု အသစ်တစ်ခုတွင် ဖော်ထုတ်နိုင်ခဲ့သည်။ နေ့လယ်ပိုင်းတွင် ခဏတာလေးမျှ အနားယူခြင်းသည် အိပ်မက်မက်ရန် လှုံ့ဆော်မှု အများဆုံးဖြစ်သလို ပြဿနာများ ဖြေရှင်းနိုင်သည့် ဖန်တီးမှု အတွေးအခေါ်ကိုလည်း (၄၀)ရာခိုင်နှုန်း ၀န်းကျင်မျှ မြင့်တက်လာစေကြောင်း သိရသည်။ လူတစ်ဦးသည် မျက်စိကိုမှိတ်ပြီး ခေတ္တမျှ သက်တောင့်သက်သာ မှိန်းနေချိန်တွင် ခန္ဓာကိုယ်မှာ အနားရနေပြီး ပတ်ဝန်းကျင်ကို တုန့်ပြန်သော ကိုယ်တွင်းစနစ်များမှာလည်း ခေတ္တရပ်ဆိုင်းနေမည်ဖြစ်သည်။ ထို့ကြောင့် ပြန်လည်နိုးထလာရာတွင် လန်းဆန်းပြီး ဖန်တီးမှုစွမ်းရည် မြင့်တက်နေသည်ကို ပညာရှင်များက တွေ့ရှိခဲ့သည်။ ဆန်ဒီယေးဂိုးမှ သုတေသီအဖွဲကခေါင်းဆောင် ဒေါက်တာဆာရာမက်ဒ်နစ်က “ပြဿနာတစ်ခု ကြုံတဲ့အခါ ရုတ်တရတ် အကြံပေါ်လာပြီး ချက်ချင်းဖြေရှင်းနိုင်တဲ့ အနေအထားမျိုး ဘယ်အခါမှာ ပေါ်လာတတ်သလဲ ကျွန်မတို့ လေ့လာခဲ့ပါတယ်။ ဒါဟာ နေ့လယ်နေ့ခင်းအချိန်မှာ ခဏတဖြုတ် နားနားနေနေ မှိန်းနေခွင့်ရတာနဲ့ အများကြီး ဆက်နွယ်နေပါတယ်”ဟု ရှင်းပြခဲ့သည်။ “ဒါပေမယ့် ပြဿနာက ဖန်တီးမှုစွမ်းရည် အကောင်းဆုံး ဖြစ်စေနိုင်ဖို့ အချိန်ဘယ်လောက်ကြာအောင် အနားယူရမလဲဆိုတာ ကျွန်မတို့ မသိသေးတာပါပဲ”ဟုလည်း ဒေါက်တာ ဆာရာကဆိုသည်။ သုတေသီများသည် စိတ်ရှုပ်ထွေးစေမည့် ပြဿနာများကို မည်သည့်အချိန်တွင် အကောင်းဆုံး ဖြေရှင်းနိုင်မည်ကို သိရှိစေရန် အခြေအနေ အမျိုးမျိုးဖြင့် လေ့လာစမ်းသပ်ခဲ့ရာ နေ့ခင်းဘက် ခဏတာ အနားယူထားသူများသည် အခြားသူများထက် ပိုမိုလျင်မြန်စွာ အဖြေရှာနိုင်သည်ကို တွေ့ရှိခဲ့ကြသည်။ လက်တွေ့စမ်းသပ်မှုများကို အဖွဲ့များခွဲပြီး ပြဿနာအမျိုးမျိုးကို ချဉ်းကပ် အဖြေရှာစေခဲ့ရာ နေ့လယ်ပိုင်း ခဏတာ အနားယူခွင့်ရရှိသူများက အခြားသော စမ်းသပ်မှု အမျိုးမျိုးကို ခံယူထားသူများထက် ပျမ်းမျှအားဖြင့် ရာခိုင်နှုန်း (၄၀)မျှ ဖြေရှင်းနိုင်စွမ်း မြင့်တက်နေကြောင်း သိရသည်။ ထိုစမ်းသပ်မှု အဆင့်ဆင့်ကို အမျိုးသား သိပ္ပံအကယ်ဒမီမှ ထုတ်ဝေသော ပညာရပ်ဆိုင်ရာ ဂျာနယ်အတွင်း ထည့်သွင်းဖော်ပြထားကြောင်း သတင်းရရှိသည်။

Source : Planet

Posted by ကျောက်ခေတ်.
လမ်းသစ်

Computer ဆက်တိုက်သုံးနေသူများ မျက်စိကိုဘယ်လိုကာကွယ် ထိန်းသိမ်းကြမလဲ

by Melven Than on Friday, July 8, 2011 at 4:53pm


ယနေ့ အိုင်တီခေတ်ကြီးမှာ လူကြီးရော လူငယ်ပါ ကွန်ပျူတာဖြင့် နေစဉ်ရက်ဆက် အလုပ်လုပ်ကိုင် နေကျရခြင်းကြောင့် မျက်စိ ချွတ်ယွင်း၊ အားနည်းခြင်း တို.ဖြစ်ပေါ်လာတာ ထူးဆန်းတဲ့ အရာတော့မဟုတ်ပါဘူး။ ဒီလို မချွတ်ယွင်း၊ အားမနည်းအောင် ကျွန်မတို.ဘယ်လိုကာကွယ်ကြမလဲ။
အောက်ပါနည်းလမ်းလေးတွေ ကိုလိုက်နာပေးလိုက်ပါ။

နေရာ မှန်ပါစေ
သင့်ရဲ့ကွန်ပျူတာ၊ keyboard၊ mouse တို. ကို နေရာမှန်ထားတက်ဖို. အရေးကြီးပါတယ်။ သင့်ရဲ့ ကွန်ပျူတာ screen ဟာ သင့်မျက်လုံးကနေ သင့်ရဲ့လက်တဆန့်စာ အကွာနဲ့ မျက်လုံးရဲ့ ၂၀ ဒီဂရီအောက်နိမ့်နေရပါမယ်။

အလင်းရောင်
သင့် အခန်းတွင်း အလင်းရောင်ပျံ့နှံ့နေပါစေ။ ဒါမှ ကွန်ပျူတာ screen မှလာသော reflection တွေကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ ကွန်ပျူတာ screen အား သင့်မျက်စိ နှင့် သင့်တော်ရာ အလင်း၊အမှောင် setting လုပ်ထားပါ။

မျက်မှန်
Anti-reflective Lenses ပါသော မျက်မှန် ကို တပ်ပေးခြင်းဖြင့် တောက်ပသော အရာမှလာသော reflection တွေကို ကာကွယ်နိုင်ပါတယ်။ သင့်ရဲ.မျက်စိဆရာဝန်က သင့် အား ကွန်ပျူတာ နှင့် ထိတွေ.နေသူမှန်းသိရင် ထို Anti-reflective Lenses ထည့်ထားတဲ့ မျက်မှန်ကို ညွန်းပါလိမ့်မယ်။


မိနစ် ၂၀၊ ပေ ၂၀၊ အခါ ၂၀၊ ခြေလှမ်း ၂၀
ကွန်ပျူတာ နှင့် အလုပ်လုပ်သူများ မိနစ် ၂၀ လောက် ကြာတိုင်း ခေါင်းကို ခဏဘေးကိုလှည့်ပြီး ပေ၂၀လောက်ဝေးတဲ့အရာတခုခုကို ကြည့်ကြည့်ပေးပါ။ ဒီနည်းလမ်း ဟာသင့်ရဲ့ ပင်ပန်းနေတဲ့ မျက်လုံးအား သက်သာရာ ရစေပါတယ်။ နောက်ပြီး အခါ ၂၀ လောက် မျက်စိအား ပိတ်လိုက်ဖွင့် လိုက်လုပ်ခြင်းဖြင့် မျက်လုံး စိုစွတ်ခြင်းကို ရယူပါ။ ပြီးရင် ခဏ ထိုင်ခုံမှထပြီး ခြေလှမ်း ၂၀ လောက်လမ်းလျှောက်ခြင်းဖြင့် သွေးလှည့်ပတ်ပါစေ။

မျက်စဉ်း ခတ်ပေးပါ
လူတစ်ယောက်ဟာ ၁ မိနစ်အတွင်း ပုံမှန် ၁၂ ခါ မျက်တောင်ခတ် ကျပါတယ်။ ဒါပေမယ့် ကွန်ပျူတာနဲ. အလုပ်လုပ်နေရရင် ၅ ခါ လောက်သာ မျက်တောင်ခတ် တာကို သင်သတိထားမိပါသလား။ အကျိုးဆက်အနေဖြင့် မျက်စိအား ခြောက်ကပ်နေစေပါတယ်။ ထိုသို့ ခြောက်ကပ်မနေအောင် မျက်စဉ်း ခတ်ပေးနိုင်ပါတယ်။

လက်ဖဝါးအုပ်ခြင်း
ထိုင်ခုံပေါ်တွင် မတ်မတ်ထိုင်ပြီး သင့်ရဲ့လက်ဖဝါး နှစ်ခုအား နွေးလာသည်အထိ ပွတ်ပေးပါ။ ထိုနွေးနေသော လက်ဖဝါးနဲ့ သင့်မျက်စိနှစ်ဖက်ကို ၁မိနစ်လောက်ဖုံးအုပ်ပေးလိုက်ပါ။ သင့်မျက်စိညောင်းကိုက်၊ ပင်ပန်းလာတိုင်း ၂ကြိမ်၊ ၃ကြိမ်လောက်လုပ်ပေးပါ။ ထို လက်ဖဝါးမှ လာသော နွေးထွေးမူသည် သင့်ရဲ့ ပင်ပန်းနေသော မျက်စိအား သက်သာစေပါတယ်။

မျက်နှာသစ်ခြင်း
အားတဲ့အချိန်မှာ မျက်စိမှိတ်ပြီး ရေအေးဖြင့် မျက်နှာသစ်ပေးပါ။ အင်မတန် လန်းဆန်းခြင်းကို ခံစားရပါလိမ့်မယ်။

လက်ဖက်ခြောက် အထုပ်
သောက်ပြီး သား လက်ဖက်ခြောက် အထုပ်ကလေး များကို လွင့်မပစ်ပဲ ရေခဲသေတ္တာထဲထည့်ထားပြီး အားတဲ့အချိန်ကျရင် ထို လက်ဖတ်ခြောက်အထုပ် ၂ထုပ်အား သင့်မျက်စိ တဖတ်စီိတွင် တင်ပြီး အနားယူပါ။ မျက်စိအားအေးမြ စေပါသည်။

အစားအသောက်
ဗီတာမင် A, C, E ပါသော အစားအစာများ ပိုစားပါ။ သံပရာရည်၊ အသီးအရွက်၊ ခရမ်းချဉ်သီး၊ ဥ နှင့် နို့ထွက်ပစ္စည်းများ လဲ ပိုစားပေးပါ။
မျက်စိရောဂါ ကင်းဝေကြပါစေ။

ကျမတို့လိုနေ့စဉ်နေ့တိုင်း ကွန်ပျူတာအသုံးပြုနေရတဲ့သူတွေကို ကိုယ်ချင်းစာသောအားဖြင့် ဝေမျှပေးလိုက်ပါ။

အားလုံးကျန်းမာပျော်ရွင်နိုင်ကြပါစေ။
လမင်းငယ်

Posted by ကျောက်ခေတ်
လမ်းသစ်
42-17073549 Eye on Flat Panel Monitor --- Image by © Royalty-Free/Corbis © Corbis. All Rights Reserved.

သန်းချီတန်တဲ့ တောက်တဲ့

by Melven Than on Friday, July 8, 2011 at 5:24pm


တောက်တဲ့ကို ဖွတ်ပုတက်ကြီးများလို့ လူအများကသိထားကြတယ်။ သူတို့တွေဟာ မျိုးစိတ်တူများဖြစ်ကြပြီး ပူနွေးတဲ့အရပ်ဒေသတွေမှာ အများဆုံးတွေ့ရှိနိုင်ပါတယ်။
ဂျာဗားလူမျိုးများက အက်ရှ်တန်း လို့ခေါ်ကြပြီး (အိုး)လို့အဓိပ္ပါယ်ရပါတယ်။ ဆူဒန်လူမျိုးများက ဂတ်ကို (Gecko) လို့ခေါ်ကြပြီး အင်္ဂလိပ်လိုတော့ The Tokay Gecko (သို့) Tucktoo လို့ခေါ်ဝေါ်ကြပါတယ်။
တောက်တဲ့များဟာ ရှည်လျားတဲ့ခန္ဓာကိုယ်၊ အမြီး၊ ခြေလေးခြောင်း၊ မျက်ခွံ၊ ကြမ်းတမ်းသောအရေခွံများနဲ့ ကြီးမားသောခေါင်းပါရှိတဲ့ သတ္တဝါဖြစ်ပါတယ်။ ၃၃၀ မီလီမီတာ (၁၂.၉၉ လက်မ) အထိ အရှည်လျားဆုံးရှိကြပြီး အများအားဖြင့် အမြီးကအကောင်ရဲ့တစ်ဝက်နီးပါးရှိ
တတ်ကြပါတယ်။ တောက်တဲ့များကို ကျေးလက်ဒေသများရှိ သစ်ပင်များ၊ အိမ်ခြံဝန်းများနှင့် တောအစွန်အဖျားများမှာ အများဆုံးတွေ့ရှိနိုင်ပါတယ်။ တောက်တဲ့များဟာ "တောက်တဲ့... တောက်တဲ့..." လို့ ကျယ်လောင်ပီသသောအသံပြုတတ်ကြပါတယ်။

တောက်တဲ့ကိုဖမ်းပြီးရောင်းစားဖို့ အဖွဲအစည်းများရှိကြပြီး အကောင်ကြီးကြီးနဲ့ ဈေးကောင်းကောင်းရဖို့မျှော်လင့်နေကြပါတယ်။ ဒါပေမဲ့ အများစုဟာ တောက်တဲ့များကို ရောင်ဝယ်ဖောက်ကားကြပြီး တောက်တဲ့များရဲ့ အကျိုးကျေးဇူးအမှန်တရားကိုမသိရှိကြသေးပါဘူး။ ကမ္ဘာ့ဆေးပညာသိပ္ပံနည်းကျ စစ်ဆေးတွေ့ရှိမှုအရ တောက်တဲ့များတွင် ထိရောက်စွာရောဂါပျောက်ကင်းနိုင်သော ဓါတ်တစ်မျိုးပါရှိတယ်လို့သိရပါတယ်။ ၎င်းပါဝင်သောဓါတ်တစ်မျိုးဖြင့် ဆေးခန်းတွင်းစမ်းသပ်ကုသမှုအရ ကောင်းမွန်သောအဖြေကိုရရှိခဲ့ပါတယ်။ ထိုဓါတ်တစ်မျိုးကို ဓါတ်ခွဲစမ်းသပ်နိုင်ဖို့အတွက် နိုင်ငံတကာဓါတုပေဒသုသေသနအဖွဲ့သို့လွှဲပြောင်းပေးခဲ့ရာ ကင်ဆာဆဲလ်များပြန့်ပွားမှုနှုန်းကို ထိန်းချုပ်နိုင်ခြင်းနှင့် သက်သာပျောက်ကင်းလာနိုင်စေခြင်း၊ H1N1 ဗိုင်းရပ်စ်နှင့် HIV ကိုခုခံနိုင်ခြင်း စတဲ့ ကုသနိုင်စွမ်းများကိုရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ကုသရန်ခက်ခဲလှတဲ့ ရောဂါဝေဒနာများပျောက်ကင်းစေနိုင်ခြင်းကို ရှာဖွေတွေ့ရှိခဲ့ခြင်းကြောင့် လူသားမျိုးနွယ်စုများအတွက် မျှော်လင့်ချက်ရောင်ခြည်သန်းလာခဲ့ပါပြီ။

၂၀၁၀ အောက်တိုဘာလတုန်းက ဈေးကွက်တွင်းတောက်တဲ့ပေါက်ဈေးေ
တွကတော့....
၄၂၀ ဂရမ် - ၄၉၉ ဂရမ် = ရင်းဂစ် ၁ သန်း
၅၀၀ ဂရမ် - ၅၉၉ ဂရမ် = ရင်းဂစ် ၃ သန်း
၆၀၀ ဂရမ် - ၆၉၉ ဂရမ် = ရင်းဂစ် ၅ သန်း
၇၀၀ ဂရမ် - ၇၉၉ ဂရမ် = ရင်းဂစ် ၇ သန်း
၈၀၀ ဂရမ် - ၈၉၉ ဂရမ် = ရင်းဂစ် ၉ သန်း
၉၀၀ ဂရမ် - ၁ ကီလို    = ရင်းဂစ် ၁၂ သန်း


 Stone Gecko (ကျောက်တောက်တဲ့)


၁ ကီလိုဂရမ် = ရင်းဂစ် ၃ သိန်း
၂ ကီလိုဂရမ် = ရင်းဂစ် ၆ သိန်း
၃ ကီလိုဂရမ် = ရင်းဂစ် ၁ သန်း

 source : himira
(၆၄ ကီလိုဂရမ်ရှိ တောက်တဲ့ကြီးတစ်ကောင်အားတွေ့ ရစဉ်) ဓါတ်ပုံ - speedytown


Posted by ကျောက်ခေတ်
လမ်းသစ်

ကမ္ဘာ့နိုင်ငံများရဲ့ အနာဂတ် ပညာရေး ပြဿနာများ

by Melven Than on Friday, July 8, 2011 at 5:45pm




  ဂလိုဘယ်လိုက်ဇေးရှင်းစနစ်က ပညာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုတွေအပြိုင် ပုံအော လုပ်ဆောင်ဖို့ အခွင့် အလမ်းတွေ ဖန်တီးပေးသည်။ အထူးသဖြင့် ဈေးကွက် ထွန်းသစ်စ တိုင်းပြည်များတွင် မျိုးဆက်သစ် ကျောင်းသား များအတွက် အင်ဖော်မေးရှင်းနှင့် ပညာရပ်ဆိုင်ရာရင်းမြစ် တွေ အများအပြား ရရှိအောင် လုပ်ဆောင်လာကြသည်။
    သို့နှင့်တိုင် ဂလိုဘယ်လိုက်ဇေးရှင်းနှင့် ဆက်စပ်နေ သော အရာရာတိုင်းတွင် အဆိုးဘက်ခြမ်းလည်းရှိနေ သည်။ မတည်ငြိမ်သော ဖွံ့ဖြိုးဆဲနိုင်ငံများမှ ပညာတတ် လူငယ်များက အနောက်ဈေးကွက်များရှိ မျိုးမျိုးမြတ်မြတ် ရတဲ့ အလုပ်များဆီပြောင်းရွှေ့ဖို့ ကြိုးစားလာကြသည်။ ထိုဖွံဖြိုးဆဲနိုင်ငံများမှ ဦးနှောက်ယိုစီးမှု နာတာရှည်ပြဿနာက သက်ဆိုင်ရာ အစိုးများရဲ့ ပညာရေးရင်းနှီးမြှုပ်နှံမှုကို စိတ်ပျက် အားလျော့စေသည်။ သမင်မွေးရင်း ကျားစားရင်းဆိုသလို အနောက်နိုင်ငံကုမ္ပဏီကြီးများမှ ဦးနှောက်ကောင်းတွေကို လွယ် လွယ်ကူကူ သိမ်းယူသွားတတ်ကြသည်။
    တစ်ဘက်တွင်လည်း ဖွံ့ဖြိုးဆဲတိုင်းပြည် အချို့ရဲ့ အစိုးရတွေက ရေရှည် လူထုအကျိုးအတွက် ဆုပ်ဆုပ်ကိုင်ကိုင် ရင်းနှီးမြှုပ်နှံမှု မရှိ။ ပညာရေးလုပ်ငန်း တခွင်တပြင်လုံးအတွက် ရင်းနှီးမြှုပ်နှံဖို့ ပျက်ကွက်ခြင်းမှာ တိုင်းပြည်ဖွံ့ဖြိုးမှုကို ဆွဲချထားခြင်း၊ အမျိုးသား အကျိုးစီးပွားနှင့် လုံခြုံရေးကို လျစ်လျူရှုခြင်း ဖြစ်သည်။ ပညာရေးသည် တိုင်းပြည်စီးပွားရေး ပုံမှန်တိုးတက်ဖို့နှင့် ရေရှည်နိုင်ငံရေး တည်ငြိမ်ဖို့အတွက် အဓိကအသက်ဖြစ်သည်။ ယခုကမ္ဘာ့နိုင်ငံအချို့ရဲ့ အနာဂတ်ပညာရေး ပြဿနာ အချို့ကို သုံးသပ်ကြည့်ပါမည်။

ပါရှန်ပင်လယ်ကွေ့နိုင်ငံများ

    မကြာမီနှစ်များအတွင်း ထိုဒေသရှိ အစိုးရများသည် ငွေကြေး၊ အချိန်၊ ရင်းမြစ်တို့ကို ပညာရေးအတွက် ပုံအော သုံးစွဲလာကြသည်။ အထူးသဖြင့် ဆော်ဒီအာရေဗီယ၊ ဒူဘိုင်း၊ အဘူဒါဘီ တို့တွင် အခြေခံအဆောက်အုံများ (infrastructure) တည်ဆောက်ခြင်း၊ ပင်ကိုယ်ဇ ရှိသူများကို မက်လောက် အောင်ပေးပြီး ခေါ်ယူခြင်း၊ နိုင်ငံတကာ အကယ်ဒမစ် အင်စတီကျူးရှင်းများနှင့် ပါတနာဖွဲ့ခြင်းများ လုပ်ဆောင်လာကြသည်။
    သို့သော် ထိုဒေသအတွက် တကယ့်အရေးပါသော အပြောင်းအလဲက ငယ်ရွယ်တဲ့ အမျိုးသမီးထုထံမှ လာမည် ဖြစ်သည်။ အမျိုးသမီးငယ်များမှာ မတူးမဖော်ရသေးသော ရင်းမြစ်ကြီးဖြစ်သည်။ အမျိုးသမီးများ အတွက် ရင်းနှီးမြှုပ်ခြင်းက တိုင်းပြည်အတွက် အခွင့်အလမ်း ဖြစ်လာမည်။
   တစ်ချိန်ထဲတွင် ချမ်းသာသော အာရပ်စော်ဘွားများနိုင်ငံ UAE နှင့် ဖွံ့ဖြိုးမှုနိမ့် အဂျမန်၊ ရှာဂျာ၊ ရက်စ်အယ်လ်ခိုင်မာ စော်ဘွားနိုင်ငံများအကြား ကွာဟချက်မှာ ကြီးမားလွန်းနေသည်။ လူ့မလိုင် စော်ဘွားများက လူမှု့လစ်ဘရယ်လိုက်ဇေးရှင်း ပေါ်ထွန်းဖို့နှင့် ပညာရေးအဆင့်အတန်းတိုးတက်ဖို့ကို အကြောက်အကန် ငြင်းဆန် ထားတုန်းပင် ဖြစ်သည်။

မြောက်အာဖရိက

    မြောက်အာဖရိက အစိုးရမူဝါဒတွေကို ကြည့်ရင် မျိုးဆက်ဟောင်းကြီးတွေရဲ့ အစွဲအလမ်းများနှင့် အယူဝါဒများကို ရောင်ပြန်ဟပ်ထားတာ တွေ့ရမည်။ မျိုးဆက်ဟောင်းကြီးများက သင်ရိုးညွှန်းတမ်းကို အမြဲပုံသွင်း ချုပ်ကိုင်ထားချင်သည်။ အမျိုးသားရေး ဇာတိမာန်နှင့် ဆိုရှယ်လစ်မူများကို အကြောင်းပြပြီး အနောက်စတိုင် သင်ကြားမှုမှန်သမျှ ငြင်းပယ်ကြသည်။ ပညာရေးအတွက် ဘတ်ဂျက်ချပေးဖို့မှာ ဆွေးနွေးရ အခက်ဆုံးပြဿနာ ဖြစ်နေတတ်သည်။
    ဥပမာ အီဂျစ်ကို ကြည့်နိုင်သည်။ အီဂျစ်တွင် မြို့ပြနေ ဆင်းရဲသားလူငယ်များနှင့် လူလတ်တန်စားများမှာ အစိုးရကျောင်းများရဲ့ အရည်အသွေး ညံ့ဖျင်းမှုအပေါ် တစ်နေ့တခြား စိတ်ပျက်လာကြသည်။ ပင်ကိုယ် ဇရှိသူ လူငယ်များ နိုင်ငံခြားထွက်ခွာမှုများပြားလာခြင်းက မခိုင်မာသော တိုင်းပြည်စီးပွားရေး၊ နိုင်ငံရေး အတွက် ရင်လေးစရာဖြစ်သည်။

ဆဘ်ဆာဟာရ အာဖရိက

    ဆဘ်ဆာဟာရ အာဖရိကဒေသတွင် အစဉ်လာအားဖြင့် တော်သောကျောင်းသားများမှာ အစိုးရ ဘော်ဒါများတွင် တက်ရောက်သူများ ဖြစ်သည်။ နောက်ပိုင်း အာဖရိကစီးပွားရေးတိုးတက်လာမှု နဲ့အတူ ပညာရေးအဆင့်အတန်း ကောင်းမွန်ဖို့ တောင်းဆိုလာကြသည်။ သို့သော် အစိုးရတွေဘက်က ဖြည့်ဆည်း ပေးနိုင်စွမ်းမရှိသေး။
    ထိုကွက်လပ်ကို ဖြည့်ဖို့အတွက် အခွင့်ရေးချောင်းနေတဲ့ ပုဂ္ဂလိကကျောင်းများက နေရာဝင် ယူလာကြသည်။ အစိုးရဘော်ဒါများတွင် ငွေကြေး၊ လူမျိုးစု ခွဲခြားဆက်ဆံမှုများမရှိ အားလုံးကို ရောနှောထား သော်လည်း၊ ပုဂ္ဂလိကကျောင်းတွေက လူ့မလိုင်ဘ၀င်စိတ်နှင့် မျိုးနွယ်စုစိတ်ဓာတ် ပြင်းထန်လွန်းတဲ့ အာဖရိကမျိုးဆက်သစ်များ မွေးထုတ်ပေးနေသည်။ ထိုအခြေအနေများက တိုင်းရင်း သားပြဿနာနှင့် မျိုးနွယ်စုပဋိပက္ခများ မြင့်မားလာဖို့ လက်ယက်ခေါ်နေသလိုဖြစ်သည်။



အိန္ဒိယနှင့် ဘရာဇီး

    ထိုနိုင်ငံကြီး နှစ်နိုင်ငံတွင် တူညီသော စိန်ခေါ်ချက်များရှိနေသည်။ ပြည်နယ်ဒေသများတွင် ပညာရေး အသုံးစရိတ် ညံ့ဖျင်အားနည်းမှုကို ကျော်လွှားဖို့အတွက် ပုဂ္ဂလိက ပညာရေးကဏ္ဍတွင် နိုင်ငံခြားမှ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများကို လုပ်ဆောင်ခွင့် ပေးလာကြသည်။
    ထိုမဟာဗျူဟာတွင် ဘရာဇီးက ပိုအောင်မြင်ဖို့ ရှိနေသည်။ အကြောင်းမှာ ဘရာဇီးက အန္ဒိယလို ယဉ်ကျေးမှုထွေပြားမှု မရှိ။ နိုင်ငံရေးစနစ်က ပြည်နယ်များအကြား တစ်ကျောင်းတစ်ဂါထာ မဟုတ်ဘဲ ဗဟိုမှ ဩဇာသက်ရောက်သည်။
    အိန္ဒိယမှာက ဘာသာစကား နှစ်ဒါဇင်ကျော် ပြောသူကပင် တစ်သန်းခန့် ရှိသည်။ ဘရာဇီးတွင် လေယဉ်တည်ဆောက်သူ Embraer ကိုယ်တိုင် တည်ထောင်ထားတဲ့ အဆင့်မြင့် သိပ္ပံနှင့် နည်းပညာ ကျောင်းများလို နောက်ထပ်ကျောင်းများ ဒေသတစ်ခုလုံးမှာ မှိုလိုပေါက်လာဖို့ ရှိနေသည်။
    အိန္ဒိယတွင် ချာတာကျောင်းများက အထူးစီးပွားရေးဇုံကြီးသဖွယ် ဖြစ်လာနေသည်။ တစ်စုံတရာ ထိရောက်မှု ရှိပေမဲ့၊ ဘာသာစကားအမျိုးမျိုး ယဉ်ကျေုးမှုအဖုံဖုံရှိနေတဲ့ ပြည်နယ်တွေအထိ အောင်မြင် ပြန့်နှံသွားဖို့က မလွယ်လှသေးပါ။

ရုရှား

    ရုရှားအစိုးရက ကျောင်းပညာရေးစနစ်ကို အကြီးအကျယ် ၀င်ရောက်ဆောင်ရွက်နေသည်။ သမိုင်းနှင့် လူမှုသိပ္ပံ ဘာသာရပ် ပြဌာန်းစာအုပ်များထဲ ၀င်ရောက်စွက်ဖက်လာသည်။
    ကျောင်းသားတွေကို အဆင့်မြင့် စစ်ရေး ထရိန်နင်များ ပေးဖို့ ကြိုးစားသည်။ ယဉ်ကျေးမှုနှင့် အခြေခံ သိပ္ပံကဏ္ဍအတွက် သုံးစွဲမှုက ယခင်အတိုင်း ညံ့ဖျင်း နေတုန်းပင်။ လူဦးရေနှင့် မွေးဖွားနှုန်းမှာ ပြဿနာတွေ အများကြီး ရှိနေသည်။ နှစ်စဉ် လူဦးရေတိုးတက်မှုနှုန်းမှာ ၀.၅ ရာခိုင်နှုန်းသာရှိပြီး၊ စစ်ပွဲနှင့် ငတ်မွတ် ခေါင်းပါးမှုလည်း မရှိသောကြောင့် သက်ကြီးပြဿနာက ရေရှည်အတွက် စိုးရိမ်စရာ ဖြစ်နေသည်။

တရုတ်

    တရုတ်တွင် လူမှုဖွံ့ဖြိုးရေးပြဿနာ အများကြီးရှိသည်။ တရုတ် ပညာရေးစနစ်က ပြည်တွင်းတွင် ပြိုင်ဆိုင်မှု လူမှုဖိအားတွေ ပိုဖြစ်လာနေသည်။ အစိုးရက စာမတတ်တဲ့ ကျေးလက် လူဦးရေများစွာ အတွက် ရင်းနှီးမြှုပ်နှံမှု ကျယ်ကျယ်ပြန့်ပြန့် လုပ်လာပြီး အောင်မြင်မှုများ ရှိလာသည်။ ဘွဲ့ရလူငယ်အရေအတွက် များပြားလာသည်။
   ပြဿနာက လူမှုတည်ငြိမ်မှုကို ဆက်ထိန်းထားဖို့အတွက် ၄င်းဘွဲ့ရများကို အလုပ်အကိုင်သစ် ရှာဖွေပေးဖို့ လိုအပ်နေသည်။ စက်မှု လုပ်ငန်းတွေကလည်း လုပ်အားကိုသာ အဓိက အားပြုထားသောကြောင့်၊ ဘွဲ့ရ ၂၀ ရာခိုင်နှုန်းကျော်မှာ အလုပ်လက်မဲ့များ ဖြစ်နေသည်။
    တရုတ်ပညာရေးစနစ်တွင် အလွတ်ကျက်နှင့် အထက်အောက်ပုံစံ သင်ကြားမှုကို မစွန့်ရက်နိုင် ဖြစ်နေကြသည်။ တရုတ်တက္ကသိုလ်များတွင် အမျိုးသားရေးဝါဒ ရိုက်သွင်းဖို့ ကွန်မြူနစ်ခေါင်းဆောင်များက မဟာဗျူဟာကျကျ ဆောင်ရွက်နေသည်။ ရှိရှိသမျှ အင်စတီကျူးရှင်းများကိုလည်း ပါတီအပေါ် သစ္စာခံဖို့ အတင်းလုပ်နေသည်။
    သို့သော် ဟောင်ကောင်၊ ရှန်ဟိုင်း စတဲ့ မြို့ကြီးတို့မှ ကျောင်းသားများနှင့် ပြည်တော်ပြန် ကျောင်းသား များက ရှေ့လာမယ့်နှစ်များတွင် ပြည်မအစိုးရကို စိန်ခေါ်မည့် ပဋိပက္ခမီးစများ ဖြစ်မည်။

အနောက်ဥရောပ

   ပြီးခဲ့တဲ့ နှစ်များအတွင်း အနောက်ဥရောပ နိုင်ငံများမှ ကျောင်းများတွင် အမျိုးသားရေးဝါဒနှင့် အမျိုးသား တန်ဖိုးများ အလေးပေးသင်ကြားမှုကို သိသိသာသာ လျော့ချလာကြသည်။ သို့သော် အရှေ့ဥရောပနှင့် မူဆလင်ကမ္ဘာမှ လူအများရွှေ့ပြောင်းစီးဝင်လာမှု၊ စီးပွားရေးထိုးကျမှုတို့ကြောင့်၊ လူမျိုးရေး ဘာသာရေး ပြဿနာပေါင်းစုံနှင့် လုံးခြာလိုက်လာသည်။ အကျိုးဆက်အဖြစ် အချို့သော ကွန်ဆာဗေးတစ် ဆန် သည့် အစိုးရများက အမျိုးသားရေးဝိသသများ ရှေ့တန်းပြန်တင်လာမှုကြောင့် ပြည်တွင်း လူမှုရေးတင်းမာမှုများ ရှိလာနိုင်သည်။ အစိုးရများရဲ့ ပညာရေး အသုံးစရိတ် လျော့ချမှုများကြောင့် သုတေသနနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများ အရှိန်ကျသွားမှာ စိုးရမ်ရသည်။


ရည်ညွှန်း။ Education and forecasting the future by Ian Bremmer

ဝင့်ထန်း(အလင်းရောင်)



လောကမှာငွေရှိရင် ဘာမဆိုဖြစ်နိုင်မလား

by Melven Than on Saturday, July 9, 2011 at 2:27pm

လောကမှာငွေရှိရင် ဘာမဆိုဖြစ်တယ်လို့ ထင်နေကြသူတွေအတွက်…
အောက်ပါအချက်(၂၀)ကို ဖတ်ကြည့်ပေးပါ…………။

၁။ ပိုက်ဆံပေးပြီး အစားအသောက်တွေ (Food) ကို မင်းဝယ်လို့ရလိမ့်မယ်၊ စားချင်စိတ် (Appetite) ကို ဝယ်လို့မရဘူး။
၂။ ပိုက်ဆံပေးပြီး ဟာသတွေ (Fun) ကို မင်း ဝယ်လို့ရလိမ့်မယ်၊ ပျော်ရွှင်ခြင်း (Joy) ကို ဝယ်လို့မရဘူး။
၃။ ပိုက်ဆံပေးပြီး အပေါစားမိန်းမတွေ အများကြီး ကို မင်း ဝယ်နိုင်လိမ့်မယ်၊ မေတ္တာတရား (Love) ကိုဝယ်လို့မရဘူး။
၎။ ပိုက်ဆံပေးပြီး ဆေးဝါးပစ္စည်းတွေ (Medicine) ကို မင်းဝယ်လို့ရလိမ့်မယ်၊ ကျန်းမာခြင်း (Health) ကိုဝယ်လို့မရဘူး။
၅။ ပိုက်ဆံပေးပြီး စာအုပ်တွေ အများကြီး (Books) ကို မင်းဝယ်လို့ရလိမ့်မယ်၊ အသိပညာ (Knowledge) ကိုဝယ်လို့မရဘူး။
၆။ ပိုက်ဆံပေးပြီး အိမ် ဆိုတဲ့ အဆောက်အဦး (House) ကို မင်းဝယ်လို့ရလိမ့်မယ်၊ ကိုယ့်မြေ ကိုယ့်ရေနဲ့ ရှင်သန်ရာ ဘဝ အိမ် (Home) ကို ဝယ်လို့မရဘူး။
၇။ ပိုက်ဆံပေးပြီး အိပ်ယာ အကောင်းစားတွေ (Bed) ကို မင်းဝယ်နိုင်လိမ့်မယ်၊ ချိုမြိန်စွာ အိပ်စက်ခြင်း (Sleep) ကို ဝယ်လို့မရဘူး။
၈။ ပိုက်ဆံပေးပြီး အရေးပါတဲ့ နေရာတစ်နေရာ (Position) ကို မင်းဝယ်လို့ရလိမ့်မယ်၊ လေးစားမှု (Respect) ကို ဝယ်လို့မရဘူး။
၉။ ပိုက်ဆံပေးပြီး ဖိတ်ဖိတ်တောက်နေတဲ့ အဖိုးတန် ပစ္စည်းတွေ (Glitter) ကို မင်းဝယ်လို့ရလိမ့်မယ်၊ လှပ တင့်တယ်မှု (Beauty) ကို ဝယ်လို့မရဘူး။
၁၀။ ပိုက်ဆံပေးပြီး နာရီ (Clock) ကို မင်း ဝယ်လို့ရလိမ့်မယ်၊ အချိန် (Time) ကို ဝယ်လို့မရဘူး။
၁၁။ ပိုက်ဆံပေးပြီး ဂြိုဟ်တုတစ်လုံး (Satellite) ကို မင်း ဝယ်လို့ရလိမ့်မယ်၊ နည်းပညာ (Technique) ကို ဝယ်လို့မရဘူး။
၁၂။ ငွေကြောင့် အသိအကျွမ်းတွေ အများကြီး (Acquaintances) မင်း ဖန်တီးနိုင်လိမ့်မယ်၊ မိတ်ဆွေစစ်တွေ (Friends) ကို ဝယ်လို့မရဘူး။

၁၃။ ငွေကြောင့် အချွေအရံတွေ အများကြီး (Servant) မင်း ထားနိုင်လိမ့်မယ်။ သစ္စာရှိမှု (Faithfulness) ကို
ဝယ်လို့မရဘူး။

၁၄။ အနားယူချိန်တွေ၊ အားလပ်ချိန်တွေ (Leisure) ကို မင်း ဝယ်လို့ရချင် ရလိမ့်မယ်။ ငြိမ်းချမ်းခြင်း (Peace) ကို
ဝယ်လို့မရဘူး။

၁၅။ အဖြစ်ပျက် ဟောင်းတွေကိုသတိမရအောင် ခေတ်သစ် တစ်ခု (New Age) ကို မင်း ဝယ်နိုင်လိမ့်မယ်၊ လုံးဝ မေ့ပျောက်ခြင်း (forgets) ကို ဝယ်လို့မရဘူး။

၁၆။ ငွေပုံပေးပြီး လူသတ်ခိုင်းလို့ရတယ်၊ အသက်တစ်ချောင်းကို ငွေပုံပေးပြီး ပြန်ရှင်အောင်လုပ်လို့မရဘူး။

၁၇။ ငွေပုံပေးပြီး အရှက်ကွဲအောင် လုပ်လို့ရတယ်၊ အရှက်တကွဲ အကျိုးနည်း ဖြစ်သွားပြီးရင်တော့ ငွေပုံပေးပြီး
သိက္ခာဆည်လို့မရဘူး။

၁၈။ ငွေပုံပေးပြီး မလုပ်ဖြစ်အောင် မင်း တားနိုင်လိမ့်မယ်၊ လုပ်ပြီးသွားရင်တော့ ပကတိအတိုင်းဖြစ်အောင်
ပြန်ကာလို့မရဘူး။

၁၉။ ငွေပုံပေးပြီး အကောင်းပြောခိုင်းလို့ ရလိမ့်မယ်၊ အကောင်းမြင်ခိုင်းလို့မရဘူး။

၂၀။ လောကတွင် ငွေရလျှင် ဘာမဆိုလုပ်မည်၊ အရာအားလုံး ရင်းနိုင်သည်ဟူသောသူ နှစ်မျိုးသာရှိတယ်။

(၁) တစ်မျိုးမှာ မွေးကတည်းက သူများသုံးသလို မသုံးရပဲ သူများသုံးသလို
သုံးချင်သူ။
(၂) အသိပညာ နှင့် အတတ်ပညာ နည်းပါးပြီး ပေါ့ပေါ့နေ ပေါ့ပေါ့စားချင်သူ။

Credit : http://www.meepyatite.info/2010/06/will-money-really-make-everything-right.html

http://www.meepyatite.info/2010/06/will-money-really-make-everything-right.html

Geckos: False AIDS treatment in Asia

by Melven Than on Saturday, July 16, 2011 at 1:23pm

July 15, 2011
Geckos won't cure AIDS, Philippines officials warn

 A moulting gecko clings to a twig as it is released into the sprawling compound of the Parks and Wildlife office at suburban Quezon city east of Manila, Philippines Friday July 15, 2011.
(Credit: AP) (CBS/AP) Are geckos grimy, gross creatures to avoid?
No, say plenty of folks in Asia, who use geckos as medicine based on folklore that the reptiles can treat diseases such as AIDS and impotence. But the Philippines warned Friday that this custom may put patients at risk.
In folkloric practice, geckos are dried and pulverized to use as traditional medicine for asthma, AIDS, cancer, tuberculosis and impotence - and also as aphrodisiacs. Philippines wildlife official Mundita Lim says there are also anecdotal accounts of the saliva or internal organs being collected.

PICTURES - Geckos: False AIDS treatment in Asia
But using geckos as medical treatment has no scientific basis and could be dangerous because patients might not seek proper treatment for their diseases, a health department statement said. "This is likely to aggravate their overall health and put them at greater risk," it added. Treatments for asthma are easily available and affordable, and there are antiviral drugs to control the progress of HIV.
Still, people are using the wall-climbing lizards as medicine all over Malaysia, China and South Korea, where geckos are exported from the Philippines.
Environmental officials are also alarmed by the growing trade of geckos in the Philippines. An 11-ounce (300-gram) gecko reportedly sells for at least 50,000 pesos ($1,160). Lim said her office has asked law enforcers to look into the possibility that scammers may have infiltrated the trade because of the exorbitant prices being quoted online by buyers demanding geckos weighing at least 400 grams (14 ounces). She said geckos in the wild grow up to 200 grams (7 ounces), and those fattened in captivity can grow only up to 300 grams (10 ounces).
Environment Secretary Ramon Paje earlier warned that collecting and trading geckos without permit can be punishable by up to four years in jail and a fine of up to 300,000 pesos ($6,900).
Geckos feed on insects and worms, and larger species hunt small birds and rodents. A healthy population of geckos is needed to regulate pests and maintain the fragile ecosystem, said Paje.

http://www.cbsnews.com/8301-504763_162-20079869-10391704.html




Ayman al-Zawahiri ကို ခေါင်းဆောင်သစ်ဖြစ်ကြောင်း အယ်လ်ကိုင်းဒါ ဝက်ဘ်ဆိုင်များက ကြေငြာ

By Melven Than· Saturday, July 16, 2011
Tuesday, 14 June 2011
အိုစမာဘင်လာဒင် သေဆုံးပြီးနောက်တွင် အယ်လ်ကိုင်းဒါ ခေါင်းဆောင်သစ်အတွက် Ayman al-Zawahiri ဖြစ်လာကြောင်း jihadist ဝက်ဘ်ဆိုဒ်အများအပြားတွင် ထွက်ပေါ်လာသည်။
 15:22 Zogam Post News

လူဦးရေ သန်း (၇)ထောင် ရောက်ရှိလာတော့မည့် ကျွန်ုပ်တို့၏ကမ္ဘာ

by Melven Than on Saturday, July 16, 2011 at 1:45pm

 ကမ္ဘာ့လူဦးရေနေ့ကို နှစ်စဉ်နှစ်တိုင်း ယနေ့ဇူလိုင်လ (၁၁)ရက်မှာ ကျင်းပလာခဲ့တာ အခုဆိုရင် နှစ်ပေါင်း (၂၂)နှစ်တိုင်တိုင် ရှိခဲ့ပြီဖြစ်ပါတယ်။ ကမ္ဘာ့လူဦးရေ ငါးဘီလီယံ အရေအတွက်ကို ရောက်ရှိခဲ့တဲ့ (၁၉၈၇)ခုနှစ် ဇူလိုင်လ (၁၁)ရက်နေ့မှာ ကမ္ဘာပေါ်ရှိ လူဦးရေ တိုးတက်မှုနှုန်းအပေါ် အာရုံစိုက်မှု နိုးကြားလာခဲ့တဲ့အတွက် အဲဒီနေ့ကို ကမ္ဘာ့လူဦးရေနေ့အဖြစ် (၁၉၈၉)ခုနှစ်မှာ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ လက်အောက်ခံ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ “ဂါးဗာနင်းကောင်စီ”က သတ်မှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒီလိုသတ်မှတ်ပေးရတဲ့ ရည်ရွယ်ချက်ကတော့ ကမ္ဘာ့လူဦးရေ တိုးပွားလာတဲ့အတွက် တွေ့ကြုံရမယ့် အကြောင်းအကျိုး အဆိုးအပြစ်တွေကို ဆင်ခြင်သတိ ရှိစေချင်လို့ပဲ ဖြစ်ပါတယ်။ (၂၀၀၉)ခုနှစ်မှာ ထုတ်ပြန်တဲ့ World Fact Books ရဲ့ စာရင်းမှာ တစ်နေ့ကို လူဦးရေ (၂၂၀၉၈၀) တိုးပွားနေတယ်လို့ ဖော်ပြထားပါတယ်။ ဒီကိန်းဂဏန်းအရဆိုရင် လက်ရှိ ကမ္ဘာ့လူဦးရေ (၆.၉၃) ဘီလီယံကျော်ဟာ ယခုနှစ်အတွင်းမှာပဲ (၇)ဘီလီယံကို ကျော်လွန်သွားတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် (၂၀၁၀)ခုနှစ်ကနေ (၂၀၅၀)ခုနှစ်အတွင်း တိုးပွားလာမယ့် လူဦးရေဟာ သန်းနှစ်ထောင်ခန့်ရှိပြီး အဲဒီ အရေအတွက်ရဲ့ (၉၇)ရာခိုင်နှုန်းဟာ အာရှ၊ အာဖရိက၊ လက်တင်အမေရိကနဲ့ ကာရေဘီယံ စတဲ့နေရာတွေက ဖြစ်နိုင်တယ်လို့ (၂၀၀၉)ခုနှစ်ရဲ့ ကမ္ဘာ့လူဦးရေ စစ်တမ်းမှာ ဖော်ပြထားပါတယ်။ ဒီလိုလူဦးရေ တိုးပွားလာတဲ့အတွက် ပထမဆုံး ရင်ဆိုင်ရတဲ့ အခက်အခဲကတော့ နေထိုင်ရေး ပြဿနာ ဖြစ်ပါတယ်။ လူတွေနေထိုင်ဖို့ မြေတွေလိုအပ်လာတဲ့အတွက် မြေဈေးတွေကြီးပြီး ရေရှည်မှာ အိုးအိမ်မဲ့တွေ၊ အဆင့်မမီတဲ့ အိမ်ယာအဆောက်အဦးတွေ များပြားလာနိုင်ပါတယ်။ ဒုတိယ အကြပ်အတည်းကတော့ စားနပ်ရိက္ခာနဲ့ သန့်ရှင်းတဲ့ သောက်သုံးရေ ပြဿနာပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတောင် စားနပ်ရိက္ခာ မလုံလောက်မှု၊ ၀င်ငွေနည်းပါးမှုတွေကြောင့် အဟာရချို့တဲ့သူ သန်းတစ်ထောင်ကနေ သန်းနှစ်ထောင် အထိရှိနေတယ်လို့ ကမ္ဘာ့ဘဏ်နဲ့ ကုလသမဂ္ဂတို့က ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှု၊ မြစ်ချောင်းများ ခမ်းခြောက်လာမှုနဲ့ မြေအောက်ရေ အလွန်အကျွံ ထုတ်ယူသုံးစွဲမှု တွေကြောင့် ရေချိုရှားပါး ပြတ်လပ်မှုကို ရင်ဆိုင်နေရပြီး ဆင်းရဲတဲ့ နိုင်ငံတွေမှာ မသန့်ရှင်းတဲ့ ရေတွေကို သုံးစွဲနေရတဲ့အတွက် နှစ်စဉ်ရောဂါစွဲကပ်ပြီး သေဆုံးသူ (၆)သန်းခန့်ရှိနေပါတယ်။ မြို့ပြနေ လူဦးရေကလည်း အဆမတန် တိုးပွားလာနေတဲ့အတွက် အလုပ်လက်မဲ့ပြဿနာ၊ စွန့်ပစ်ပစ္စည်း ထိန်းချုပ်မှုပြဿနာ၊ လောင်စာစွမ်းအင်ပြဿနာနဲ့ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုပြဿနာတွေကလည်း မြင့်မားလို့ လာနေပါတယ်။ ဒါကြောင့် လူဦးရေ အလွန်အမင်း တိုးပွားလာမှုက လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အကြပ်အတည်း ပေါင်းများစွာကို ဖြစ်ပေါ်စေတဲ့ အကြောင်းတစ်ရပ် ဖြစ်တယ်ဆိုတာကို ကမ္ဘာသူကမ္ဘာသားတွေ အာရုံစိုက် သတိမူမိစေဖို့ ကမ္ဘာလူဦးရေ ရန်ပုံငွေအဖွဲ့က ကြီးမှူးပြီး နိုင်ငံအများအပြားမှာ ကမ္ဘာ့လူဦးရေနေ့ကို အလေးအနက်ထား ကျင်းပပြုလုပ်နေတာ ဖြစ်ပါတယ်။ ယခုနှစ်ရဲ့ ကမ္ဘာ့လူဦးရေနေ့က The World at 7 Billion လို့ခေါ်တွင်ပြီး ဒီနေ့မှာ အခမ်းအနားများ၊ ပညာပေး ဆွေးနွေးပွဲများ၊ ပိုစတာနဲ့ စာစီစာကုံး ပြိုင်ပွဲများ၊ အားကစား လှုပ်ရှားမှုများ၊ စင်တင်ဂီတပွဲများနဲ့ အခြား လူမှုရေး လုပ်ရှားမှုများကို လုပ်ဆောင်ကာ လူဦးရေ တိုးပွားမှုပြဿနာကို ထိန်းချုပ် ကန့်သတ်နိုင်ဖို့ စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ် ကြောင်း သိရပါတယ်။ - mrtv-4

သင့်ကွန်ပြူတာကျန်းမာရေးအတွက် - ၄ ( Laptop Washing )

by Aung Lat on Monday, July 18, 2011 at 11:22pm

    Laptop Washing
         ကဲခေါင်းစဉ်ကြည့်တာနဲ့သိလောက်ပါတယ် ကျွန်တော့်ကို Comment ပေးခဲ့တဲ့ သူတွေထဲက Laptop အတွက် လေး ရေးပေးပါဆိုလို့ ရေးပေးတာပါ။ ကဲဧဒင်သယ်ရင်းတွေထဲက Laptop ပိုင်ရှင်လေးတွေ စိတ်ချမ်းသာဖို့ ရာ ကျွန်တော်တို့ Laptop လျှော်ကြရအောင်။ ပထမဆုံးပဲ ကျွန်တော်မေ့တတ်လွန်း လို့ပြောမယ်နော် မလျှော်ခင်မှာ Power Off ထားကြမယ် တစ်ခြား Power ပေးတဲ့ ကြိုးတွေကိုလည်း ဖြုတ်ထားမယ် တစ်ခုမှမကျန်စေနဲ့နော် ပြီးရင် ၅ မိနစ်လောက် Laptop လေးကိုအနားပေးထားလိုက်ပါ ပိုပြီးစိတ်ချရတာပေါ့။ အားလုံးစိတ်ချရပြီဆိုတော့မှ ကျွန်တော်တို့ စလျှော်ဖွတ်ကြရအောင်။